Thursday, October 7, 2010
နယ်ကြမ်းမှာ ပွဲကြမ်းခြင်း ( ဇာတ်သိမ်းပိုင်း)
ဒီလိုနဲ့ မိုးလင်းတော့ ….နန်းက ထပြီး ထမင်းအိုးတည်နေတယ်ဂျ။သူတို့ ဆီမှာ လေးနာရီလောက်ဆို..ထပြီလေ။
ငါးနာရီလောက်ဆို..အလုပ်ဂွင်ထဲ ရောက်ကုန်ပြီ။အဲဒီလို။ကျွန်တော်နဲ့ …ဇောင်းကြီးလည်း…လေးခွဲလောက်ကျ ထပြီးတော့ 
သူတို့ အိမ်မှာပဲ မနက်စာတွေဘာတွေ…စားလိုက်ရတယ်။ပြီးတော့ …ခြံထဲသွားခါနီး…နန်းက လှမ်းပြောတယ်။
“ကိုဇူး…သတိ၊၀ိရိယနဲ့ အလုပ်လုပ်နော်”
“ဟမ်” သူ မှာလိုက်မှ ပဲဂျာ။လူက ခြံထဲကို မသွားရဲတော့ ဘူးဖြစ်သွားတယ်။သူကတော့ …ဘာရယ်ညာရယ်မဟုတ်ပါဘူး။
ဒီလိုပဲ ပြောလိုက်တာ။ဒါပေ့ မယ် ကျွန်တော်က ကြောက်နေတာဂျ။ဒါပေ့ မယ်..အင်းလို့ ပြောခဲ့ လိုက်တယ်။
သူက ဘာဆက်ပြောသတုန်း ဆိုတော့ ….“အပြန် မိုးမချုပ်စေနဲ့ ဝေ့ …အိမ်မှာ ထမင်းကြိုချက်ထားမယ်” ဆိုပြီးလေ။
အဲဒီတော့ မှ အနော်လည်း စဉ်းစားမိတာ။ ဟ…ဒီခလေးမကလည်း..ကိုယ်ခြံထဲကိုယ်ပြန်တာကို သူက အိမ်ပြန်လာအိပ်လို့ ပြောနေတော့ ။မသိရင်ပဲ…သူအိမ်က အနော်အိမ်လိုလို ဘာလိုလိုနဲ့ ။ဇောင်းကြီးတောင် ပြုံးစိပြုံးစိ လုပ်နေသေးတာ။
အမှန်တကယ်လည်း…ကျွန်တော်တို့ ညအိပ်လို့ ရမယ်မထင်။ အဲဒီအကြောင်းကြီးခေါင်းထဲ ၀င်လာရင်ဗျာ။လူက အော်တို လေးနေတာ။စိတ်တွေလည်း တတ်တတ်ကြွကြွကို မရှိတော့ ဘူး။
အဲဒါသူငယ်ချင်းနှစ်ယောက် ဆိုင်ကယ်လေးနှစ်စီးနဲ့ ရွာထဲ ပတ်ပြီးတော့ ….အလုပ်သမားတွေကို လိုက်ခေါ်ရတယ်။
အလုပ်သမားတွေ ၇ွာထဲကနေ ခြံထဲကို လမ်းလျှောက်မှာလေ။လေးမိုင်ဆိုတော့ တစ်နာရီလောက်လျှောက်။သူတို့ 
ရောက်တဲ့ အချိန် ရောင်နီလာပြီ။အနော်တို့ က ဆိုင်ကယ်နဲ့ ဆိုတော့ ..ဖလွတ်ဆိုပြီးရောက်သွားမှာ။အဲဒီအချိန်က
မှောင်မည်းနေတုန်း။ အဟီး :D။ အဲဒါကြောင့် အလုပ်မရှိအလုပ်ရှာပြီး ရွာထဲ ပတ်နေတာ။နောက်တော့ ..တစ်စီးမှာ
အလုပ်သမားနှစ်ယောက်လောက်စီ တင်ပြီးတော့ …ခြံဆီကို ထွက်လာလိုက်တယ်။ အဲဒီလို သွားနေရင်းဗျာ..သိလား။
ကျွန်တော်တော် ခြံ အတတ်နားက ညောင်ပင်ရော။
အဲဒီမှာ…လူတစ်ယောက်ထိုင်နေတယ်ဂျ။ကျွန်တော်သေသေချာချာမြင်တယ်။ ဆိုင်ကယ်မီးနဲ့ ဆိုတော့ ။
အဲဒါ..ကျွန်တော် အနောက်မှာ ပါတဲ့ လူနှစ်ယောက်ကို
“ဒီလူကွာ..မကြောက်ဖူးလား မသိဘူး။ရောင်နီတောင်မလာသေးဘူး။ဒီမှာလာထိုင်နေတယ်” ဆိုပြီးလေ။
ကျွန်တော်ထင်တာက အလုပ်သမားတစ်ယောက်ယောက်…ခြံထဲ..မ၀င်ရဲ လို့ .ဒီကနေလူစောင့်နေတယ်ပေါ့။
အနောက်ကနှစ်ယောက်က ဘာပြန်ပြောလဲသိလား။
“ဟမ် ဘယ်သူလဲတဲ့ …တွေ့ ပါဖူး” တဲ့ ။
ကျွန်တော်ကလည်း..ဆက်ပြောမနေတော့ ဘူး။ ခြံထဲကို ဆိုင်ကယ်ရောက်တော့ …သူတို့ တွေကို ချပေးပြီ။
ဇောင်းကြီးနဲ့ ထားခဲ့ လိုက်တယ်။ ပြီးတော့ ပြန်ထွက်ခဲ့ တယ်။ အဲဒီညောင်ပင်ဆီကိုလေ။ ခုနလူရှိသေးသဗျှ။
အဲဒါအနော်လည်း ဘယ်သူလည်း သိရအောင် ဆိုင်ကယ်ကို ကွပ်ပျစ်ဆီကို ဦးတည်ပြီးတော့ …ရှေ့ မီးနဲ့ မျက်နှာကို
ပိတ်ထိုးလိုက်တာ။လန့် သွားတာပဲဂျာ။ ဘယ်သူလဲ သိလား?
ဟိုကုန်းဘောင်ခေတ်က လူဂျ။စောစောစီးစီး။ကျက်သရေမရှိလိုက်တာဂျာ။သူ ပုံစံမြင်ရတာ။အင်္ကျီလည်း မ၀တ်ထားဘူး။
အရင်အတိုင်းပဲ။လေကတိုက်နေတာဂျာ။အနော်တို့ တောင်..အနွေးထည်တွေဘာတွေ ၀တ်ပြီးတော့ ..လာရတာ။သူက
မချမ်းသလိုလို ဘာလိုလိုနဲ့ ။
အဲဒီအချိန်မှာ..သူက အနော်ကို အော်တယ်ဂျ။
“ဟေ့ ကောင်…မီးပိတ်ဟ။ ဘယ်နှယ့် …အခွက်တည့် တည့် ကို လာထိုးသတုန်း” သူစကားပြောတာကြီးက
တစ်မျိုးကြီးနော်။ဟီး အထာတော့ ကျထှာ။အနော်က ဘာဖြစ်လဲမသိပါဘူး။သူ့ ကို ခင်တယ်ဂျ။
ခင်တယ်ဆိုတာထက်ဗျာ…စိတ်ဝင်စားတာ ပိုတယ်။ဘယ်လိုလူလဲမသိဘူးဆိုပြီးလေ။
အဲဒါနဲ့ …မီးပိတ်ပြီး..သူနဲ့ စကားသွားပြောနေတယ်ဆိုပါတော့ ဂျာ။
“ခင်ဗျားနဲ့ တွေ့ ရတာဂျာ…စောစောစီးစီးကျက်သရေမရှိလိုက်တာ။မချမ်းဘူးလားဂျ။ဘယ်နှယ့် …ပုံတုန်းကြီး :D”
ဒီလိုနဲ့ …ဒီလူနားမှာ ကျွန်တော် သွားထိုင်တယ်ဆိုပါတော့ ။နွေးတယ်ဂျ။ ဒီလူကိုယ်က တော်တော်လေးနွေးတယ်။
သူက ခပ်တည်တည်နဲ့ ဂျ။အနော်ကို… ဆေးလိပ်ပါလားတဲ့ ။
လေသံက။လေသံက အရင်အတိုင်းပဲ။ အထက်စီးက။ကျွန်တော်ကလည်း..သောက်မြင်ကပ်တာနဲ့ ။
“ပါဝူးဂျာ။ ဘယ်နှယ့် …လူကိုတွေ့ တိုင်း ကွမ်းယာတောင်းလိုက်…ဆေးလိပ်တောင်းလိုက်နဲ့ …တောင်းရင်လည်း ပေးချင်အောင်ပြော..အထက်စီးက လာလာမပြောနဲ့ ” ပြောပလိုက်တယ်။ ဒီဘဲက ရီတာဗျာ။အဟုတ်။
ပြီးတော့  ဘာပြောသလဲဆိုရင်..
“နင့် အိတ်ကပ်ထဲမှာ..ဖက်ကြမ်းပါပါတယ်ကွယ်။ တို့ များ သိသပေါ့” ဆိုပဲ။
ဟိုက်! ဟုတ်တယ်ဂျ။အနော် ဆီမှာပါတယ်။ဒီဘဲဘယ်လို သိလဲမသိဘူး။အဲဒါနဲ့ ကျွန်တော်လည်း..ဖက်ကြမ်းထုတ်ပေးပြီးတော့ …မီးညှိပေးလိုက်တယ်။သူတစ်လိပ်ကိုယ်တစ်လိပ်ပေါ့။
သူနဲ့ က ခဏလေးနဲ့ တော်တော်ခင်သွားတယ်ဂျ။အနော်က သူကို စချင်တာနဲ့ ..ကျွန်တော် ဂျာကင်ကို ချွတ်ပြီးတော့ ..
“၀တ်ထားပါဂျာ။ ခင်ဗျား…ဗလက ခပ်ကြီးကြီးရယ်။ အဆုတ်တွေ ဘာတွေ အေးသွားပါအုံးမယ်။ဟားဟ” ဆိုပြီး
အတင်းဝတ်ပေးတာ။သူက ယားတယ်ဆိုပြီး အ၀င်မခံဘူးဂျ။အဲဒါ…သူနဲ့ ဆော့ သလိုဖြစ်နေတာပေါ့ဂျာ။
အဲဒါနဲ့ …တော်တော်လေးကြာပြီးတော့ …သူလည်း ပြုံးလိုက်ရယ်လိုက်ဖြစ်လာတယ်။
အံ့ သြဖို့ ကောင်းတာက..သူနဲ့ ကျွန်တော်နဲ့ အချိန်တိုလေးအတွင်းမှာ တော်တော်လေးရင်းနှီးသွားတယ်ဗျ။သိလား။
သူနဲ့ ဆော့ နေတုန်းဂျာ။ သရဲ ကိစ္စ နဲ့ ခြံကိစ္စတွေ ဘာတွေ ကျွန်တော်မေ့ နေတာ။ အဟုတ်။ သူကို စချင်တာပဲသိတယ်။
သူ ဆီက ထွက်လာတဲ့ အသံကြီးတွေက ဘယ်လိုကြီးတွေလဲသိဝူးဂျ။
သူကိုယ် သူဆို “တို့ များ” ဆိုပြီးပြောတယ်။ “ဘာတုန်း” ဆိုရင် “ဘာသတုန်း” ဒီလိုကြီးတွေ။ခွိ …ဂွကျထှာ :D အထာနော်။
အထာ။
အဲဒါသူကို…ကျွန်တော်က….
“ခင်ဗျားနော်..စကားပြောရင်… တို့ များ တို့ များ လို့ မပြောနဲ့ ဂျ။”
“ဘာဖြစ်လို့ သတုန်း” တဲ့ သူက။
“အဲဒါ အခြောက်တွေ မှ ပြောတာဂျ။တို့ ညားလေ တို့ ညားလေ ဟားဟ” ဆိုပြီး ကျွန်တော် ဟားတာ။
“အခြောက်ဆိုတာ ဘာတုန်း”
“တိန်” အနော် ကြောင်သွားတယ်။ ဟားနေတဲ့ အရသာလေးတောင် ဘယ်ပျောက်သွားမှန်းမသိဘူး။
အခြောက်ကို မသိတဲ့ လူတော့ မရှိလောက်ပါဝူးနော်။ခင်ဗျားတို့ လည်း စဉ်းစားကြည့် ပါ။ ကျွန်တော် တောင်ရှမ်းရော၊မြောက်ရှမ်းဘက်ကရော..ချောင်ကျပါပေ့  ဆိုတဲ့ ရွာတွေကို ရောက်ဖူးတယ်။
“အခြောက်” ဆိုတဲ့ စကားလုံးကို မသိတဲ့  လူတစ်ယောက်မှ မတွေ့ ဘူးဖူး။ ဒီလူက ဘယ်လိုလူမှန်း မသိဘူး။ ကြောင်တောင်တောင်နဲ့ …အခြောက်တောင် သိဘူး။အဲဒါအနော်က နည်းနည်းလေး ချဉ်လာတာနဲ့ ။
“ဒါလေးတောင် သိဝူးလာဂျာ။အဲဒါ…ယောင်္ကျားကနေ မိန်းမစိတ်ပေါက်နေတဲ့ သူကို ခေါ်တယ်။အခြောက်ဆိုပြီး” လို့ လည်းပြောရော…လိုက်ထုတော့ တာပါပဲဗျို့ ။ တကယ်လိုက်ထုတာနော်။ အဟုတ်ထုတာ။သူလက်သီးကြီးနဲ့ နည်းတာမဟုတ်ဘူး။လက်သီးတစ်လုံးတစ်လုံးကို။သူက ဗလလည်းခပ်တောင့်တောင့်။လူကောင်ကလည်း.အနော်တို့ ထက်
ခေါင်းတစ်လုံးလောက်မြင့်တာ။မတ်တပ်ရပ်တော့ မှ သိတယ်။ :D
သူကကျွန်တော်ကို ဒီလိုမေးပြီးလိုက်တာဂျ။
“နင့်က ငါ့ကို ဘာထင်တုန်း/ဘာထင်တုန်း” ဆိုပြီးလေ။
အနော်က သူကို
“အေး…အခြောက်ပဲ ထင်တယ်။အခြောက်ပဲ ထင်တယ်” ဆိုပြီး ပြေးတာ ဟီး :D။
အနော်က သူကို စပြီး ဆိုင်ကယ်ကို ပတ်ပြေးနေတာ။ ပါးစပ်ကလည်း…စနေသေးတယ်။
“အခြောက်ကြီး ။ ဗလကြီးနဲ့ အခြောက်ကြီး ” ဆိုပြီးလေ။
ပေါက်တာဂျာ။အဲဒီလူ တော်တော်လေးကို တင်းနေတာအနော်ကို။
အဲဒီအချိန်မှာဂျာ။ ဇောင်းကြီးက ဆိုင်ကယ်နဲ့ …ဆင်းလာပြီး ကျွန်တော်ကိုလာခေါ်တယ်။သူက ကျွန်တော် အော်ပြီးရီနေသံကြားလို့ …ထွက်လာကြည့် တာ
“တစ်ယောက်တည်း…ဘာတွေ အော်ကြီ ဟစ်ကျယ်လုပ်နေတာတုန်းဟ။ ရီလှချည်လား” ဆိုပြီး
အနားရောက်လာတယ်။ကျွန်တော်က ဇောင်းကြီးကို ခုန လူထူးလူဆန်းကို ပြမလို့ …ဒီဘက်လှည့် လိုက်တော့ ။
ပိတ်နေတဲ့ ပါးစပ်က ဟ သွားတယ်။ဟမ် ဆိုပြီးလေ။
အဲဒီမတာကြီး မရှိတော့ ဘူး။ ဘယ်ပျောက်သွားလဲ မသိဘူး။အဲဒါနဲ့ …ညောင်ပင်တစ်ပတ်ပတ်လိုက်တာလည်းမရှိတော့ ဘူး။သောက်ရမ်းမြန်တယ်။ ဘယ်ကို ဒိုးသွားလိုက်လဲ ကို မသိတာ။
ဇောင်းကြီးက ကျွန်တော်ကြည့် တဲ့ ဘက်ကို လိုက်ကြည့် လိုက်။ ကျွန်တော်ကိုကြည့် လိုက်နဲ့ ..ဖြစ်နေတယ်။
ကျွန်တော်ကလည်း..နည်းနည်းလေးတော့  အူကြောင်ကြောင်ဖြစ်တွားတယ်။ခုနပဲ ဆော့ နေသေးတယ်ဂျာ။အခုမရှိတော့ ဘူးဆိုတော့ L ။
“ညက သေသေချာချာရော အိပ်ရဲ့ လား” အဲဒါ ခြံထဲပြန်သွားတော့ ..လမ်းမှာ..မေးနေတာဇောင်းကြီးက အနော်ကိုလေ။
ကျွန်တော်က “ဟ..မအိပ်လို့ …ငါက ဘာလုပ်နေရမှာလဲ…မင်းကတစ်မျီုး” ဆိုပြီး ပိတ်ဟောက်လိုက်တယ်။ဟုတ်တယ်။
ဒီမှာ လူက…ခုန ဘဲကြီးက ဘယ်ပျောက်သွားမှန်းမသိလို့ ဘူနေရတဲ့ အထဲ…သူက မအိပ်လို့ ဂေါက်နေသလိုလို ဘာလိုလိုနဲ့ လာပြောနေတယ်။
ဒီလိုနဲ့  ရောင်နီလာတော့ …အလုပ်သမားတွေလည်း..စုံနေပြီလေ။အဲဒါ အားလုံးကို ခြံထဲမှာ ပေါင်းမြတ်တွေလိုက်ရှင်းခိုင်းထားပြီး။ ကျွန်တော်က…ကျွန်တော့ တို့ အလယ်တဲ ကို ရေမြောင်းဖေါက်ကို လမ်းကြောင်းလိုက်ကြည့် နေတယ်။ဟုတ်တယ်ဂျ။အလယ်တဲမှာရေမရှိဘူး။ချိုးချင်ရင်...ရေကသစ်ပင်ကြီးအောက်မှာ
သွားသွား..ချိုးရတယ်။ အဲဒီမှာ ရေထွက်လေးရှိတယ်လေ။ရေထွက်ဆိုတာ သိလားမသိဘူး။ဒီလိုပဲဂျာ….သဘာဝ အရ
ကျောက်သားတွေကနေ…ရေတွေ ထွက်နေတာ။ ရေပူနဲ့ ရေအေးဆိုပြီးနှစ်မျိုးရှိတယ်။ရေပူကတော့ ….ရောဂါသည်တွေ
စိမ်ရင် ရောဂါပျောက်တယ်။ရေအေးကတော့ သာမန်လိုပါပဲ။
အဲဒီရေထွက်မှာ…ယောင်္ကျားလေးတွေလည်း သွားသွားချိုးနေတာ ဆိုတော့ …မိန်းခလေး(အလုပ်သမလေး)တွေ ချိုးရင်
အဆင်မပြေဘူး။ ပြီးတော့ ….ကျွဲတွေနွားတွေက အဲဒီရေထွက်မှာ သွားသောက်မဲ့ အစား ဒီဘက်ကို မြောင်းလေးသွယ်ပြီး
ကန့် လိုက်ရင် အဆင်ပြေမယ်ထင်လို့ ။ကျွန်တော်က ရေကို ဘယ်လို သယ်ရမလဲဆိုတာလိုက်ကြည့် နေတာ။
အဲဒါတွေကို စီစဉ်ပြီးသွားတော့ ….ခြံစောင့်တွေကို တူးထားလို့ …ပြောလိုက်တယ်။အချိန်ကလည်း ၁၂ လောက်ဖြစ်နေပြီဆိုတော့  နေ့ လည်စာတွေဘာတွေစားပြီး…နှပ်နေတာပေါ့နော်။နေကလည်း…နေ့ လည်ကျတော့ ပူတယ်ဂျ။ တစ်ခုထူးဆန်းတာ ဒီနေ့ ခလေးတွေ အသံမကြားရတာ။တစ်မျိုးကြီးပဲ။အရင်ကဆို ကြက်တွေရော။ဝက်တွေရော။ခွေးတွေရော။ ခလေးတွေရော ဆူညံနေတာလေ။ ဒီနေ့ မှ အားလုံးက တိတ်ဆိတ်နေတယ်။
အဲဒါနဲ့ ကျွန်တော်က ခြံစောင့်တွေကို
“တိတ်ဆိတ်လှချည်လား ဦးလေး။ ခလေးတွေ အသံမကြားရတော့ တစ်မျိုးပဲနော်” လို့ စကားစလိုက်တာ။
“အင်း ဟုတ်တယ်။ အိုက်ဇူး။ ဒီခြံကို ဖြတ်ပြီးတော့ မှ တောထဲ ၀င်ရမှာဆိုတော့ ကွယ်။သူတို့ တွေ ကြောက်ပြီးမလာတာလည်းဖြစ်နိုင်တယ်။အဲဒီတော့ ခလေးတွေကိုလည်း မလွှတ်တော့ ဘူးပေါ့”
“အော်!” ဆိုပြီး ကျွန်တော်လည်း…တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ဟုတ်တယ်ဗျာ။
ရွာထဲက တစ်ချို့ လူတွေက ဒီတော ဒီတောင်ကို အမှီသဟဲ ပြုပြီး အသက်မွေးဝမ်းကြောင်းပြုနေရတာဂျ။
အခုလိုချည်း ဖြစ်နေတယ်ဆိုတော့ …တော်တော်လေး သူတို့ အဆင်မပြေဖြစ်မှာ။ အဲဒါ ဒီသရဲ စုတ်ကြောင့်။
သေပြီးနေ သွားပါလား။လွတ်လွတ်ကျွတ်ကျွတ် မသွားဘူး။ လူတွေကို ဒုက္ခလိုက်ပေးနေတယ်။တွေးရင်းနဲ့ 
ဒေါသက တော်တော်လေးထွက်လာတာ။ စိတ်ထဲမှာလည်း…ဆုံးဖြတ်ချက်ချထားတယ်။တွေ့ မယ်လို့ ..။
အမြစ်ပြတ်အောင် လုပ်ပစ်မယ်ဆိုပြီးလေ။
ပြောမဲ့ သာ ပြောတာပါ။ဘယ်လိုရှင်းထုတ်ရမလဲဆိုတာ နည်းလမ်းကို မတွေ့ သေးဘူး။ခဏနေတော့ ..အလုပ်သမားတွေအားလုံးက ကျွန်တော်ကို လာပြောတယ်။
ဒီနေ့ …သုံးနာရီ ခွဲလောက် အလုပ်သိမ်းခွင့်ပြုပါဆိုပြီးလေ…ဟုတ်ပါတယ်။ လေးနာရီလောက်ဆို မှောင်လာပြီလေ။
တော၇ိပ်တောင်ရိပ်နဲ့ ..မြူဆိုင်းပြီးတော့ ။ကျွန်တော်လည်း…ခွင့်ပြုလိုက်တယ်။ဇောင်းကြီးကလည်း..စောစောပြန်ချင်တယ်။
မှောင်အောင်မနေချင်ဘူး။
လှဲပြီးနေနေရတာ ပျင်းလာတာနဲ့ …ကျွန်တော် ခြံအစပ်နားကို လမ်းလျှောက်လာတယ်။ဘာရယ်တော့ မဟုတ်ဘူး။စိတ်ပြေလက်ပျောက်ပါ။ ဘာလုပ်ရမလဲ ဆိုတောတွေ တွေးရင်းလျှောက်လာတာ။ ခြံအစပ်ရောက်တော့ ..
ဟိုးအဝေးကြီးက တောင်တန်းကြီးတွေကို ကြည့် နေရင်း…ညောင်ပင်ဆီကို မျက်စိကစားလိုက်တာ။
အယ်…မတာကြီး ရောက်နေတယ်ဂျ။ သူရောက်နေတယ်။ညောင်ပင်ရှေ့ မှာ မတ်တပ်ကြီး ရပ်ပြီး ကျွန်တော်ကို ကြည့် နေတာ။
ကျွန်တော်ကလည်း…သူကို တွေ့ တော့ …ပျော်သွားတယ်။သွား စ မလို့ လေ။ :D သူနဲ့ က ခပ်တည်တည်နေစရာမလိုဘူးဂျ။မိုက်တယ်။ ဟုတ်တယ် အနော်ဒီရွာကို စရောက်ကတည်းက ရုပ်တည်နဲံနေတာများတယ်။အဲဒီတော့ ဟာသတွေဘာတွေ သိပ်မပြောဖြစ်ဘူး။ကျွန်တော်ကလည်း..ဘယ်သူကမှ ရီစရာလာမပြောဘူး။တည်လွန်းအားကြီးတော့  ရှိန်တာလည်း ပါပါတယ်။အဲဒီတော့ ပျင်းတယ်ဗျ။
ဒီလူနဲ့ ကျတော့ ..ပျော်ရတယ်လေ။အဲဒါနဲ့ ….တဲ ထဲဝင်ပြီး ချောကလက် တစ်ထုပ်ယူတယ်။ပြီးတော့ 
ဆိုင်ကယ်ပေါ်တတ်ပြီးတော့ …သူဆီထွက်လာလိုက်တယ်။
ချောကလက်ယူတာက သူကို စချင်လို့ ဂျ။အခြောက်ဆိုတာတောင် ဘာမှန်းမသိတာ။ချောကလက်ဆို ဘယ်လိုနေမလဲ မသိလို့ ။ သူက ကျွန်တော်လာတာ မြင်တော့ …ပြုံးပြတယ်ဂျ။သူအပြုံးကတော်တော်ချိုတယ်နော်။အခုမှ တွေ့ ဖူးတာ။
အသက်လည်း…၂၅ ပတ်ဝန်းကျင်လောက်ရှိမယ်ဗျ။အရင်လိုပဲ ဒီပုဆိုး ခါးတောင်းကျိုက်နဲ့  အပေါ်ဗလာနဲ့  :D ။
အဲဒါ ညောင်ပင်နားရောက်တော့ ….ဆိုင်ကယ်ရပ်ပြီး သူဆီသွားတယ်။
“မနက်က ဘယ်ပျောက်သွားတာတုန်း။ခင်ဗျားဗျာ…သွားရင်လည်း ပြောသွား မယဉ်ကျေးလိုက်တာ”
အဲဒီလို ပြောတော့ …သူက ရီနေတာဗျ။ အနော်က သူကို ကွမ်းကျွေးမို့ ပဲ။ဒါပေ့ မယ် ကွမ်းယာထုတ်ကို ဖြေပြီး။
တစ်ယာကို နတ်စင်က နတ်ရုပ်ကို တင်လိုက်တယ်။ ပါးစပ်ကလည်း သိတယ်မလား…ပြောနေကြအတိုင်း။
“ဝေ့ ..နတ်ရေ…ကွမ်းယာပဲ ပါတယ်။ကြိုက်ကြိုက်မကြိုက် ဒါပဲ စားဟာ” ဆိုပြီးလေ။
အဲဒီမှာ သူက ခွက်ထိုးခွက်လန် ရီတော့ တာပါပဲဂျာ။ ဘာအဓိပ္ပါယ်နဲ့ ရီလဲတော့ ..မသိဘူး။ကျွန်တော်ကို ရွဲ့ တာတော့ 
သေချာတယ်။ဘယ်နဲ့ ကြည့် ရဆိုးတယ်ဂျာ။လူကောင်ကြီးက အကြီးကြီးရယ်။ ခလေးလို လာရီနေတယ်။ :D
သောက်မြင်ကို ကပ်ရော။
“ဟေ့ လူ။မရီနဲ့ ဂျာ..ဒါနောက် စရာမလိုဘူးဂျ။နတ်ဆိုတာလေးစားရတယ်။” ဟုတ်မဟုတ်တော့ မသိပါဘူး။သူကြောက်မလားလို့ ဖြဲခြောက်ကြည့် တာ။ မတာကြီးက ကြောက်ဝူးဂျ။ပိုတောင်ကျယ်သွားတယ်။
သူရီသံကလေ။ အနော်ဘာလုပ်လဲ ဆိုတော့ …ချောကလက်တစ်ခုကို ဖြေပြီးတော့ …သူပါးစပ်ထဲကို ပြေးပြီး
ထိုးထည့် ပေးလိုက်တယ်။
“ရီ အုံး ရီအုံး” ဆိုပြီးလေ။ ဟီး :D
အဲဒါ ဒီဘဲ ချက်ခြင်းပဲနော်။ “ဖလူး ဖလွတ်” လုပ်ပြီးတော့ ထွေးထုတ်ပစ်တာ။
ပြီးတော့ ..ဘာတွေတုန်း တဲ့ အဲဒါ။ အနော်က ချောကလက် ဆိုတော့ …သူက ဘာပြောလဲ သိလား?။
“ချိုတော်မူတယ်” တဲ့ ..ဟားဟ :D ။
“ဘာချိုတော်မူတာတုန်း…ခင်ဗျားက ပြောလိုက်ရင် သောက်ဆန်း..နန်းတွင်းစကားတွေ ဘာတွေနဲ့ လာသေးတယ်။
သာအေးက” ဆိုပြီး အနော်က ပြောရော။
“သာအေးက ဘယ်သူတုန်း” တဲ့ သူက။သူမေးတာချည်း ဖြေနေရတော့ ..အမြင်ကပ်တာနဲ့ ။
“ခင်ဗျား အမေလင့်လေ” ဆိုပြီး ပြောထည့် လိုက်တာ။ လိုက်ထုပြန်ရောဗျို့ ။ ဒီတစ်ခေါက်တော့ …အနော်မိသွားပါတယ်။
မိလည်း မိရော ကျောကုန်းကို ထုတာ “တစ်ဖုန်းဖုန်း” ပဲ။ ဘာဖြစ်လို့ လဲတော့ သိဝူးဂျ။ နာဝူး။
အဲဒါနှစ်ယောက်လုံး ဖုန်တွေထဲ လူးနေတာနော်။ :D နပန်းလုံးပြီးလေ။အဲဒါနဲ့ ..အနော်က မောလာတော့ ။
“တော်တော့ ဂျာ။အနော် မောနေပြီ” ဆိုပြီး ပြောမှ ရပ်တယ်။ ပြီးတော့ ရေအိုးစင်က ရေသောက်ပြီးတော့ ။
ကွပ်ပျစ်ပေါ်မှာ…သွားထိုင်ကြတယ်ဂျ။သူက ပြောတယ်။
“နင် မနောဖြူ တယ်။ကွပ်ပျစ်တည်တယ်။ရေအိုးတည်တယ်” တဲ့ ။
ဟမ်! ဘာကြီးတုန်းလို့ …သူစကားက အဆန်း။ :D အမှန်တော့ …စိတ်ဓါတ်ကောင်းတယ်။ကွပ်ပျစ်ဆောက်တယ်။ရေအိုးစင်လည်းလုပ်ပေးတယ်ပြောတာပါ။ဒီလူ စကားပြောပုံကဘယ်လိုမှန်းတိဝူး။
ပြီးတော့ သူက သူ့ ဘ၀ကို ကျေနပ်နဲ့ ရုပ်နဲ့ ….လေကြီးကို တစ်ဝရှူပြီးတော့ …
“တို့ များ…ဒီလိုမနေရတာကြာပေါ့” ဆိုပဲ။အနော်ကလည်း….
“ဟုတ်တယ်ဂျ။အနော်လည်း..ဒီရောက်ကတည်းက စလိုက်နောက်လိုက် နေတာဆိုလို့ ခင်ဗျားပဲရှိတယ်” ဆိုပြီးပြောလိုက်တယ်။
အဲဓီလို ပြောတော့ သူက ပြုံးပြီးကြည့် တယ်ဗျ။ပြီးတော့ ကွမ်းတောင်းစားတယ်။ကျွန်တော်က အထုတ်လိုက်ပေးထားလိုက်တယ်။ဆေးလိပ်လည်း လိုရင်ယူထားဆိုပြီးလေ။ ပြီးတော့ 
“ခြံထဲသွားလိုက် အုံးမယ်ဂျာ..အလုပ်သမားတွေ ဒီနေ့ စောစောပြန်မယ်ပြောတယ်…ငွေပေးရအုံးမယ်” လို့ ဆိုပြီး ဆိုင်ကယ်ပေါ်တတ်အခွ။သူပြောလိုက်တဲ့ စကားကြောင့် ပြန်ဆင်းလာရတယ်။
“နင် ခြံ အဆင်မပြေဘူးဟုတ်။အဆင်ပြေချင်လား?”
ဒီစကားဗျ။ အနော်အတွတ်တော့ ရွှေပဲ။ အဟုတ်။ အဲဒါနဲ့ 
“ဘယ်လို၊ဘယ်လို..ခင်ဗျား ဘာပြောတာ။အဆင်ပြေချင်လားဟုတ်လား?” လို့ မေးပြီး သူ့ အနားပြန်ရောက်သွားတယ်။
သူက
“အေး…ဟုတ်တယ်။နင် တို့ များကို ကူညီတာ များလို့ …ပြန်ပြီးကူညီပေးမယ်။ယုံတယ်ဆိုရင်ပေါ့” တဲ့ ။
အမှန်ဆိုရင်တော့ …သူကို မယုံသင့်ဘူးခင်ဗျ။ဒါပေ့ မယ်…တစ်မျိုးကြီးပဲဂျာ။သူစကားကို ယုံသင့်တယ်လို့ ။ကျွန်တော်နှလုံးသားက ပြောနေတာ။အဲဒီလိုကြီး ခံစားနေရတယ်။ပြီးတော့ …ဒီလူပြောတဲ့ အချိန်မှာ သူမျက်ဝန်းတွေက
အရောင်တစ်လက်လက်နဲ့ …ဟို နတ်ဝင်သည် ကြီး နတ်ဝင်နေသလိုလို ဖြစ်နေတာ။အဲဒါကြောင့်။
“ဟုတ်….ယုံတယ်။ ကျွန်တော်ဘာလုပ်၇မလဲ ဒီအခက်အခဲတွေ လွတ်မြောက်အောင်”လို့ မေးတော့ …သူက စပြောတော့ တာပဲ။
“နင်လုပ်ရမှာက နှစ်ချက်ရှိတယ်။ဒီနေ့  ညနေနည်းနည်းမှောင်စပျိုးလာတာနဲ့ …နွားရိုင်းသွင်းချိန်အမှီ..ခြံထဲက ရေကသစ်ပင်ကိုသွား…အဲဒီကနေ ၀ဲဘက်…သုံးပေအကွာလောက်ကို တောက်လျှောက်တူးသွား။
ထွက်လာတဲ့ ဟာတွေကို  အကုန်မီးရှို့ ပစ်လိုက်။တူးတဲ့ အခါမှာ အလျား လေးပေလောက်ထိပဲ တူး။
အဲဒီထက်မပိုစေနဲ့ ။မီးရှို့ တဲ့ အခါမှာလည်း..နွားရိုင်းသွင်းချိန်မကျော်စေနဲ့ နော်။အန္တရာယ်ကြီးတော်မူမယ်” တဲ့ ။
ထူးထူးဆန်းဆန်း။သူပြောတဲ့ အထဲမှာ… ၀ဲ ဘက်တွေရော ဘာတွေရော အလျားတွေရော။ ရှုပ်နေတာ။ဒါပေ့ မယ် သေသေချာချာလေးတော့ သိတယ်။မှတ်မိတယ်ပေါ့နော်။ဒီလူက ဗီန္ဒောဆရာလား ဘာလားတော့ မသိဘူး။ဒါပေ့ မယ် ကျွန်တော်သူကို ယုံတယ်။
“နံပါတ် (၂ ) အချက်ကရော ဘာလဲဂျ” ဆိုပြီးတစ်ခါတည်းမေးလိုက်တာ။ သူက အဲဒီအချိန်မှာ…နတ်စင်ကို လှမ်းကြည့် 
တယ်ဗျ။ပြီးတော့  လက်ညိုးထိုးပြီး။
“အဲဒီနတ်ရုပ် နင့်ကို ကယ်လိမ့် မယ်။သူ့ အပေါ် နင်ကျေးဇူးရှိတယ်။အဲဒါကြောင့် သူကူညီလိမ့် မယ်။
နင် အခုပြန်တာနဲ့ ယူသွား။ ပြီးရင်…နင်ရဲ့  ခြံ အလယ်ဗဟိုချက်မမှာ….သူကို ထောင်ထားလိုက်။မနက်သူမျက်နှာမူတဲ့ နေရာတွေကို တူးတော့ …တွေ့ ရှိတဲ့ အရာမှန် သမျှမီးရှို့ ပစ်ပါ။ တစ်ခုရှိတာက ရှို့ နေတဲ့ အချိန်မှာ အဲဒါကို အဲဒီနေရာကို
ပရိတ်ကြိုးတွေ တားထား။ပြီးရင် ပတ်ပတ်လည်က ရှိသမျှလူတွေကို သံဗုဒ္ဓေ ရွတ်ခိုင်းထားပါ”
အဲဒီစကားတွေကို ပြောနေတဲ့ အချိန်မှာ အဲဒီလူရဲ့ …မျက်လုံးတွေဟာ ဘယ်လို လက်နေမှန်းမသိဘူးဂျာ။
အဟုတ်။ကျွန်တော်လည်း သူစကား ဆုံးတာနဲ့ …
“ခင်ဗျားပြောတဲ့ အတိုင်း လုပ်လို့ အဆင်ပြေရင် ခင်ဗျား ဖြစ်ချင်တာ ဖြစ်စေရမယ်။အိုခေ။ ကျွန်တော်လုပ်ပေးမယ်ဗျာ
ဘာပဲ ပြောပြော ကျေးဇူးတင်ပါတယ်”
လို့ ပြောပြီးတာနဲ့ …နတ်ရုပ်ကို သွားယူတယ်။တော်တော်လေးနေတာဂျ။ရွေ့ တောင်မရွေ့ ဘူး။
နတ်ရုပ်က ကြည့် တော့ သာ သေးသေးလေးလိုလို
ဘာလိုလိုနဲ့ …အရင်ကလည်း မ ပါတယ်။မလေးပါဘူး။ အခုမှ တနင့်တပိုးကြီးကို ဖြစ်နေတာ။ အဲဒါနဲ့ အဲဒီလူပါဝိုင်းမပေးပြီးတော့ ။ ဆိုင်ကယ်ပေါ်တင်ပေးတယ်။ ပြီးတော့ ကျွန်တော် ဆိုင်ကယ်ကို ခွပြီး နတ်ရုပ်ကို အရှေ့ မှာထားလိုက်တယ်။ ပြီးတော့ …မောင်းထွက်ခါနီးမှာ....အဲဒီလူက ကျွန်တော်လက်မောင်းကို ဆုပ်ပြီးတော့ …
“သတိတော့ ထား၊မှား သွားရင်…နင့် အသက်  အန္တရာယ်ရှိတယ်။ နင်ငယ်သေးတယ်”
ဆိုပြီးတော့ …မှာနေတာ။ ကျွန်တော်လည်း…အင်း ဆိုပြီး ခေါင်းငြိမ့် ပြလိုက်ပြီးတော့ …ခြံဆီကို မောင်းသွားလိုက်တယ်။
ခြံထဲရောက်တော့ ….ဇောင်းကြီး အပါအ၀င် အလုပ်သမားတွေရော။ ခြံစောင့်တွေရောက ကျွန်တော်ကိုကြည့် နေတာ။
ဝိုင်းပြီးတော့ လေ။ ပြီးတော့ …နတ်ရုပ်ကြီးလည်း..မလာတယ်ဆိုတော့ …။ ဇောင်းကြီးက တစ်ခုခုပြော ဖို့ ဟန်ပြင်တယ်။
ဒါပေ့ မယ်…အနော်က ….စကားဖြတ်ပြီးတော့ …။
“နာရီ ဘယ်နှစ်နာရီ ရှိနေပြီလဲ”  ဆိုတော့ …
“သုံးခွဲနေပြီ” တဲ့ …။ပြီးတော့ …သူစကား ဆက်ပြောမို့ လုပ်နေတာ။
ကျွန်တော်က သုံးခွဲဗျာ။ဒီနေ့ အပြီးလုပ်ရမှာဆိုတော့  အချိန်ကမရတာနဲ့ ။
“ကဲ …အားလုံး အရေးကြီးတယ်။ ဒီ အရုပ်ကို ၀ိုင်းမပြီတော့ …. ခြံ အလယ်ကွက်တိလောက်မှာ သွားချကြမယ်။ပြီးရင် ဆက်လုပ်စရာတွေရှိသေးတယ်…မြန်မြန်လုပ်ကြမယ်” ဆိုပြီးပြောလိုက်တယ်။အားလုံးက ကျွန်တော် ပုံစံရေးကြီးသုတ်ဖြာဆိုတော့ …သူတို့ လည်း လှုပ်လှုပ်ရွရွဖြစ်သွားတယ်။
ဇောင်းကြီးက…
“ဟ နင့်အရုပ်သေးသေးလေးကို အားလုံးဝိုင်းမရမတဲ့ လား” ဆိုပြီး လာပြောနေတယ်။ဟုတ်ပါတယ် အရုပ်ကလည်း တစ်တောင်လောက်ပဲရှိတာပါ။ကျွန်တော်..
“အေး..လာ “မ” ကြည့် ” ဆိုပြီးတော့ …သူကို ပေး မ လိုက်တာ။လှုပ်တောင်မလှုပ်ဖူး။အဲဒီတော့ မှ အလုပ်သမားတွေလည်း။
“အာ…ထူးဆန်းတယ်နော်..ကိုဇူး” ဆိုပြီး အရုပ်ကို ၀ိုင်းမပေးတာ။ဘယ်နှစ်ယောက်တောင် မ ရတယ်ထင်တုန်းခင်ဗျ။
ယောင်္ကျား အားကောင်းမောင်းသန်…ဆယ်ယောက်ကျော်တယ်။ အနော်တော့ ပါဝူး :D ။
အဲဒီအရုပ်ကို ကြိုးတွေနဲ့ သိုင်း တုတ်နစ်ခုနဲ့ …ခြံလယ်ကို ယူသွားရတာ။ အဟုတ်။ အံ့ ရော။ မကြုံဖူးတာ။တော်တော်များများလည်း…အံ့ သြနေတယ်။ အဲဒါနဲ့  ခြံအလယ်ရောက်တော့ …အရုပ်ကို သေသေချာချာ
နေရာချပေါ့ဂျာ။ ပြီးတာနဲ့ …လူတွေစုပြီးတော့ ….ေ၇ကသစ်ပင်ကို သွားတယ်။ ၀ဲဘက်သုံးပေအကွာကနေ လေးပေကို
ရေတွတ်ပြီးတော့ …တူးခိုင်းတာ။ အားလုံးကလည်း..ပြန်မေးချင်ပေ့ မယ် ကျွန်တော်က လောကြီးနေတာကြောင့် မမေးပဲ
ခိုင်းသမျှချည်းပဲ လှိမ့် လုပ်နေတာ။ တော်တော်လေးနက်နက်ရောက်တော့ ..ဘာတွေ ထွက်လာလဲသိလား။
ဆံပင်တွေ။ မှန်တွေ။ မိန်းမ၀တ် အ၀တ်အစားတွေ။ ယောင်္ကျားဝတ် တောင်ရှည်ပုဆိုးတွေ။ တစ်ချို့ ဟာတွေဆိုရင်
အထဲမှာ အရိုးတွေ။ ဒီလိုဂျာ။ တောင်ရှည်ပုဆိုး ပိုးပုဆိုးနော်။ ပတ်ထားတာ အဲဒါက လူအရိုးကို။ အဲဒီလိုတွေ နည်းတာမဟုတ်ဘူး။ထွက်လာတာ။ အဲဒီအချိန်မှာ ငွေရောင် မှန်လေးတစ်ချပ်ထွက်လာတယ်ဗျ။ အဲဒါကို
ဇောင်းကြီးက “ငါခဏကြည့် ပါရစေ” ဆိုတာနဲ့ ပေးထားမိလိုက်တယ်။ အားလုံးပေါ့နော်။ တူးပြီးတာနဲ့ …
ထင်းတွေ စီပြီး ရရှိသမျှ ပစ္စည်းအားလုံးကို အဲဒီအပေါ် ပစ်တင်ပြီး မီးရှို့ တာ။ အလုပ်သမားတွေကလည်း မီးရှို့ တာကို
သေသေချာချာလေး ကြည့် နေတယ်။ ကျွန်တော်တို့ လည်း ကြည့် နေတယ်။ အငွေ့ တွေက တစ်မျိုးပဲ မီးလောင်ရာကနေတတ်လာတဲ့ အငွေ့ တွေလေ။ လူပုံလိုလို ။ မျက်နှာလိုလို တွေဘာတွေဖြစ်ပြီး လေထဲမှာ အငွေ့ ပျံကုန်တာ။ မှောင်တာကလည်း..မှောင်စပြုလာပြီလေ။ အားလုံး ပြီးတော့ ..ဝေ့ ဘယ်နှစ်နာရီလောက်ရှိလဲ ဆိုတော့ ။
ငါးနာရီထိုးနေပြီတဲ့ ။ မီးတောက်ကလည်း…အရှိန်တော်တော်လေး။ ကောင်းနေတာ။ ပြာဖစ်နေတဲ့ အထိတော့ စောင့်စရာမလိုပါဘူး။ အမှီဆိုတော့ လေ။ အလုပ်သမာတွေ အားလုံးကို ပြန်တော့ လို့  ပြောလိုက်တယ်။
ပိုက်ဆံကို လာယူလို့  နန်းတို့ အိမ်မှာ။ အဲဒီလိုတွေ မှာခဲ့ လိုက်တယ်။ အလုပ်သမာတွေက ပြာဖြစ်တဲ့ အထိကြည့် ချင်သေးတယ်။ ဒါပေ့ မယ်…မှောင်လာရင် သူတို့ အန္တရာယ်ဖြစ်မှာဆိုးလို့ ကျွန်တော် အမြန်ပြန်လွှတ်လိုက်တာ။
ခြံစောင့်တွေကိုလည်း အကုန်ပြန်ခိုင်းတာ ဒီည တစ်ယောက်မှ ဒီမှာမနေနဲ့ လို့။ သူတို့ က အရေးကြီးမှန်းတော့ သိတယ်။
ဒါပေ့ မယ် ကျွန်တော်ဘာတွေလုပ်နေလဲ သူတို့ နားမလည်ဘူးလေ။ အားလုံးပြန်ပြီဆိုတာနဲ့ နောက်ဆုံးမှာ ကျွန်တော်ရယ်။
ဇောင်းကြီးရယ် ပြန်လာတာ။ ပြန်လာရင်ဗျာ လမ်းတစ်ဝက်မှာ စိတ်က တစ်မျိုးဖြစ်နေတာနဲ့  ဇောင်းကြီး နင်ဟို ငွေရောင်မှန်လေး ထည့် လိုက်လားလို့ မေးလိုက်မိတယ်။ အဲဒီတော့ မှ မသာက
“အာ မထည့် ရသေးဘူးဟ အဲဒီမှန် ငါအိတ်ထဲ ပါလာတယ်။ ငါ့ အိတ်ထဲ ပါလာတယ်” ။
အဲဒါနဲ့ ကျွန်တော်လည်း သူကို ဘာမှပြောမနေတော့ ဘူး။ အချိန်လှမ်းမေးလိုက်တာ။ ဘယ်နှစ်နာရီလဲဆိုတော့ 
“၅:၁၅” တဲ့ ။
“မှီလောက်သေးတယ်။ ငါကိုပေး အဲဒီမှန် မီးပုံထဲ သွားထည့် မလို့ ” ။ သူ မှန်ထုတ်ပေးတာနဲ့ ။ သူ့ မျက်နှာကို
လေးချက်လောက် ဆင့်ထိုးပလိုက်တယ်။ပါးစပ်ကလည်း အသေဆဲပေါ့ဂျာ။သောက်သုံးမကျတာ ဘာညာပေါ့။
ဟုတ်တယ်စိတ်တိုလာလို့ ပါ။ တိတိကျကျလုပ်ရမဲ့ ဟာကို။ သူက သူ့ အမှားဆိုတော့  ဘာမှမပြောဘူးဂျ။
ထိုးပြီးမှ စိတ်မကောင်းဘူးတော့ ဖြစ်ပါတယ်။ ဒါပေ့ မယ် အချိန်က အရေးကြီးနေတာကြောင့်…ချက်ခြင်းဆိုင်ကယ်ကို
ပြန်လှည့် ရတယ်။ သူကိုလည်း..အော်ပြောခဲ့ တယ်။
“နန်းဆီရောက်အောင်သွား။ ငါပြန်လာခဲ့ မယ်။ ပြန်မလာလည်း မလိုက်လာကြနဲ့ နော်။ မနက်မှလာခဲ့ ”
ဆိုပြီးလေ။ ပြီးတာနဲ့ ခြံထဲကို ယူတာ တစ်မုန်း။ဆိုင်ကယ်က ဖုန်တွေ ကြားထဲမှာ မြားတစ်စင်းလို ၀ှီ ခေါ်နေတယ်။
ခြံထဲရောက်တော့ …တော်တော်လေးမှောင်နေပြီခင်ဗျ။ မီးတောက်ကို တော့ မြင်ရသေးတယ်။ဒါပေ့ မယ် ငါးနာရီက ခွဲတော မှာ။ အဲဒီတော့ ..မီးပုံမြင်တဲ့ နေရာထိ ဆိုင်ကယ်ကို တရကြမ်းမောင်းချသွားတာ။ အနားလည်းရောက်ရော မီးပုံထဲကို အဲဒီမှန်ကို ပစ်ထည့် လိုက်တဲ့ အချိန်မှာ…ရေကသစ်ပင်ကြီး ရှိတဲ့ ဘက်ကနေပြီးတော့ … “၀ူး” ဆိုပြီးတော့ အသံတွေနဲ့ အတူတူ။ အမည်းလို အ၇ိပ်လိုလို အရာတွေ အများကြီး စုပြုံထွက်လာတာ။ ကျွန်တော်လည်း စဉ်းစားမနေတော့ ဘူး။
လုပ်စရာရှိတာက လုပ်ပြီးပြီးလေ။ ဆိုင်ကယ်ကို တစ်ခါတည်း ယူတာ တစ်မုန်း။ ခြံထိပ်က စည်းရိုးကို ဘယ်လိုဘယ်လို
ဆိုင်ကယ်နဲ့ ခုန်သွားလဲဆိုတာတော့ ကျွန်တော်လည်းမပြောတတ်တော့ ဘူး။ ၀င်တုန်းကလည်း ခုန်ပြီး ၀င်သွားတယ်ထင်တယ်။ ကျွန်တော်ဆိုင်ကယ်က ထရက်ကာလေ။ အဲဒီတော့  အခုန်အတွတ်အသားပေးတာများတာကိုး။
ခြံစည်းရိုးကို ကျော်လွန်သွားပြီးတဲ့ နောက်မှာ ခြံစည်းရိုးကို လာဆောင့်တဲ့ အသံကြီးတစ်ခုကိုကြားလိုက်ရတယ်။
အကျယ်ကြီးပဲဂျာ။ ဒိန်း ကနဲ နေတာပဲ။ ပြီးတော့ .. “မ ကျေ နပ် ဘူး။ နင် x x x x ” ဒီလို အသံတွေ လိုက်လာတာ။
သေသေချာချာတော့ မသဲကွဲဘူး။အသံတွေက လုံးနေတာ။
ကျွန်တော် အဲဒါနဲ့  တောင်ကုန်းကို ဆိုင်ကယ်နဲ့ ပြေးဆင်းတာ။ အသိသာကြီးဗျာ မှောင်နေတာကတော့  နက်နေတာပဲ။
ဘာမှကို မမြင်ရတာ။ ဒါပေ့ မယ် ဆိုင်ကယ်ရှေ့ မီးက အားကောင်းတယ်။ လမ်းကို မြင်နေရတယ်။အဲဒါကို ခဲ တစ်လုံးဗျာ။
တော်တော်ကို ကြီးတယ်။ အလွတ်ကြီး လမ်းဘေးမှ သူဘာသာသူ နေနေတာ။ ကျွန်တော် ဆိုင်ကယ်က သူနားလည်း
ရောက်ရော…ခြေထိုးခံလိုက်သလိုမျိုးလေ။ ရှေ့ ဘီး တည့် တည့် ကို လှိမ့် ဝင်လာတာဗျာ။ ကျွန်တော် အဲဒါကို အရှင်းကြီး မြင်လိုက်တာ။ ဘယ်သူမှလည်း မတွန်းလိုက်ဘူးနော်။ သူဘာသာကို လှိမ့် ဝင်လာတာ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဟာကြီး။
အဲဒါနဲ့ ..ရှောင်ဖို့  လက်ကိုင်ကို ဘေးကို ယိမ်းလိုက်တဲ့ အချိန်နဲ့  အဲဒီခဲလုံးဝင်လာတဲ့ အချိန်နဲ့ ကွက်တိကျသွားတယ်။
ထိမထိတော့ မသိလိုက်ဘူး။ ကျွန်တော် ဆိုင်ကယ် ဘရိတ်ကို ညှစ်ချလိုက်တာ။ ဘီးစောင်းချိန်မှာ…ခဲလုံးကြီးကြီးက
ခံလိုက်တာ ဆိုတော့  ဆိုင်ကယ်က လေပေါ်မှာတင် ဘယ်နှစ်ပတ်လည်ထွက်သွားလဲ ဆိုတာတော့ ကျွန်တော်လည်းမသိဘူး။ မြေပေါ်ပြန်ကျတဲ့ အချိန်မှာ ဆိုင်ကယ်က တစ်နေရာ ကျွန်တော်က တစ်နေရာပဲ။
အောင့်တာဗျာ။ ဘယ်ဘက်နံရိုးတွေဘက်က ပြီးတော့  လက်တစ်ချောင်းကလည်း ဘယ်လိုမှ လှုပ်လို့ ကို မရဘူး။
သေချင်တယ်။ အဲဒါကျန်တဲ့ လက်တစ်ဖက်နဲ့  ခေါင်းကို စမ်းတော့  ခေါင်းတော့ မထိဘူး။ လူက မျက်လုံးတွေ ပြာလာပြီးတော့  သတိက လစ်တစ်ချက် မလစ်တစ်ချက်ဖြစ်နေတာ။ အဲဒီအချိန်မှာ တောင်ကုန်းပေါ်က လူတစ်ယောက်ဆင်းလာတယ်။ ခြံထဲကနေ ထွက်လာတာနော်။ တစ်ဖြည်းဖြည်းနဲ့ အနားလောက်လာတော့ 
ဟို ကုန်းဘောင်ခေတ်ကလူ။ သူက ကျွန်တော်ကို ပြုံးပြပြီးတော့  မျက်နှာကို လက်နဲ့ အုပ်လိုက်တယ်။
မှောင်အတိကျသွားတာပဲ။
ကျွန်တော် သတိရလာတော့  နန်းတို့ အိမ်ထဲရောက်နေပြီဗျ။ ကျွန်တော်လည်း သတိရရခြင်း နန်းမျက်နှာနဲ့ ဇောင်းကြီးမျက်နှာကို မြင်ရတာပဲ။ ဘယ်အချိနှ်ရှိပြီလဲ လို့ မေးလိုက်တယ်။ ဇောင်းကြီးက  “ရှစ်ခွဲ” တဲ့ ။ကျွန်တော်က
နန်းကို
“နန်း….နင် အပြင်ခဏသွားဟာ ငါဇောင်းကြီးကို ပြောစရာရှိတယ်။ အဘ(နန်းတို့ အဖေ) ကို ငါဆီလွှတ်လိုက်”
နန်းက ငိုနေတာဂျ။ အဲဒါ မျက်ရည်သုတ်ပြီး လစ်သွားတယ်။ ခဏနေတော့ အဘေ၇ာက်လာတာနဲ့ ကျွန်တော်က။
“အဘ။ အခု ဇောင်းကြီးနဲ့ ရွာသွားတစ်ချို့  ခေါ်ပြီး ခြံထဲသွား။ အဲဒီမှာ အရုပ်မျက်နှာမူနေတဲ့ ဘက် ခြံထောင့်စွန်းကို
တူး။ ပေါ်လာတဲ့ အရာမှန် သမျှကို မီးရှို့ ပါ။ မီးရှို့ တဲ့ အခါမှာ ပရိတ်ကြိုးတွေကို အဲဒီမီးပုံကို တား။ ပြီးရင်လူတွေအကုန်လုံးကို သံဗုဒ္ဓေ ရွှတ်ခိုင်းပါ။ အားလုံး ပြီးမြောက်အောင် တစ်ချက်လောက် လုပ်ပေးစေချင်ပါတယ် အဘ။ အဲဒါတွေ ပြီးရင်တော့  ပွဲသိမ်းပါပြီ” ဆိုပြီး မှာလိုက်ရတယ်။
အဖိုးကြီးကလည်း “အေးပါ။ လူလေးရယ်” ဆိုပြီး ဇောင်းကြီးနဲ့ ခြံထဲကို ထွက်သွားသဗျ။ အိမ်ထဲမှာ နန်းရယ် ကျွန်တော်ရယ်ပဲကျန်ခဲ့ တာ။ နန်းက သက်သာလားမေးနေတာ ကျွန်တော်ကိုလေ။ ကျွန်တော်ရှင်းရှင်းပြောရရင်
တော်တော်ကို မသက်သာဘူး။ ဘယ်ဘက်နံရိုးက လုပ်တိုင်းအောင့်နေတာ။ ဒီဘက်လက်ကလည်း..ပခုံးနဲ့ လက်မောင်းနဲ့ 
ချိတ်ထားတဲ့ နေရာက အရိုးက ဂေါထွက်သွားတယ်။ အားပြင်းတယ်ထင်တယ်။ဆိုင်ကယ်မှောက်တော့..မြေပေါ်မှာ
လိမ့် သွားသေးတာလေ။အဲဒီဘက်လက်က လှုပ်လို့ ကို မရဘူး။ ကောင်းတဲ့ လက်နဲ့ လည်း နံရိုးတွေလိုက်စမ်းတော့ ညီတဲ့ နေရာ ညီတယ်။မညီတဲ့ နေရာ မညီဘူး။ အောင့်အောင့်နေတာ။
ဒါပေ့ မယ် နန်းမေးတော့  အဆင်ပြေပါတယ်ပဲ ပြောလိုက်တယ်။ ပါးရိုးတွေလည်း နာနေတယ်။ဆန်ပြုသောက်ဖို့ ဟ တိုင်းနာတာ။ ဒီလိုနဲ့ ကျွန်တော် အိပ်ယာပေါ်မှာမှေးနေရင်းနဲ့ အိပ်ပျော်သွားတယ်ဗျ။
အဲဒီအချိန်မှာ ကျွန်တော်ရောက်သွားတာ ခြံရှေ့ က ညောင်ပင်ကြီး။ အဲဒီအပင်အောင်မှာ ဟိုကုန်းဘောင်ခေတ်က လူကရပ်နေတယ်။ပြီးတော့ သူကမေးတယ်ဗျ။
“နင် သက်သာလား”  တဲ့ ။
“ဘယ်လို လုပ်သက်သာ မတုန်းခင်ဗျား။ မမြင်ဘူးလား။ ဒီမှာ အထဲကဟာတွေ ဘာဖြစ်ကုန်မှန်းမသိဘူး။လက်တွေဘာတွေသုံးလို့ မရရင်တော့ သောက်ကျိုးနည်းမှာဂျ သိလား ဟင့်”
အနော်လည်း အဲဒီလိုပဲ ပြောပစ်လိုက်တယ်။ဟုတ်တယ်ဂျ။ လူကတော်တော်လေးဖြစ်ထားတာဆိုတော့ လေ။
“နင်ပျောက်ချင်လား အဲဒီ ဒဏ်ရာတွေ”  သူကမေးတာ။ရုပ်က ပြူံးဖြီးဖြီးနဲ့ မတာကြီးကလေ။မသိရင်ပဲ သူမှ  မကူညီပေးရင်
မပျောက်တော့ မယ် ပုံနဲ့ ။
“ပျောက်ချင်တာပေါ့ဂျာ။ ခင်ဗျားကလည်း ဘယ်လိုပြောလိုက်တာလဲဂျ။ ရှယ်ပျောက်ချင်တာပေါ့။”
“ ကောင်းပီ။ အဲဒါဆို ည သန်းခေါင်ယံလောက် ဒီညောင်ပင်ရှေ့ လာခဲ့ ။ ရေခွက်ထဲမှာ ရှိတဲ့ ဟာကို ယူသွား။နောက်ပြန်လှည့် မကြည့် နဲ့ ။တစ်ယောက်တည်းလာနော်။အိမ်ရောက်ရင် သွေးသာလိမ်းတော့ ” တဲ့ ။
သောက်ရေးမပါတာက အဲဒီလိုလာပြောတာ။လူက ဒီလောက် စုတ်ပြတ်နေတာကို ဘယ်လိုလုပ်ထနိုင်မှာလဲဂျာ။အဲဒီလူ
အတည်ပေါက်နဲ့ လာနောက်နေတယ်။အဲဒါနဲ့ 
“ခင်ဗျား မတွေ့ ဘူးလား။ ဒီမှာ လူက ထတောင် မနိုင်ဘူး။ ဘာတွေလာပြောနေတာလဲ ဒီညောင်ပင်ရှေ့ လာဖို့ ။ချီးပဲ ခင်ဗျားကို ဟင့်” ဆိုပြီး အနော် စိတ်ပေါက်ပေါက်နဲ့ အော်ပလိုက်တယ်။သူကလည်း စိတ်ကြီးတယ်ဗျ။ချက်ခြင်းကြီး မျက်နှာတည်သွားတယ်။
“ပျောက်ချင် လာယူ မပျောက်ချင်ရင် လာမယူနဲ့ ” ဆိုပြီး ပြန်ဟောက်တယ်။ ကိုယ့် မှာဗျာ မျက်နှာငယ်လိုက်တာ။အဟုတ်။
အဲဒါနဲ့  စကားလမ်းကြောင်း လွှဲချင်တာနဲ့ ။
“ခြံက ဘယ်လိုလဲ အဆင်ပြေသွားပြီလား။ တော်တော်ဆိုးတယ်နော်။ အနော်နောက်က လိုက်တဲ့ ဟာတွေ ဘာတွေမှန်းတိဝူးဂျ။ မိ၇င်တော့ မလွယ်ဘူး။ ဒါနဲ့ နေပါအုံး ခင်ဗျားက ဘာလို့ တောင်ကုန်းပေါ်က ဆင်းလာရတာလဲ။
အဲဒါပြော။ အဲဒီခြံကို နှောက်ယှက်နေတာ ခင်ဗျားလား။ ခင်ဗျား ဆင်းလာလို့ မေးတာ”
ကျွန်တော်ကလည်း အခုမှ သေသေချာချာမေးရတာဂျ။ ဒီဘဲက အမြဲတမ်း မလည်ရှုပ်လာလုပ်နေတာဆိုတော့ လေ။
အဲဒီလိုလည်းမေးလိုက်ရော မျက်ထောင့်နီကြီးနဲ ကျွန်တော်ကို လှမ်းကြည့် ပါလေရော။
“တယ် … ဒီ ငမိုက်သား ငါလုပ်ထဲ့ လိုက်ရ” ဆိုပြီး လက်ကြီး မြောက်လိုက်တာ လှံကြီးပါလာတယ်ဗျ။လက်ထဲမှာလေ။
အနော်တောင် လန့် သွားတယ်။အဲဒါနဲ့  ချက်ခြင်း ထအော်ရတာ။
“အာ မလုပ်နဲ့ မလုပ်နဲ့ အကောင်းမေးတာ။ ခင်ဗျားဆင်းလာတာကိုးဂျ။ ခင်ဗျား ဆင်းလာလို့ မေးမိတာပါ။မဟုတ်တာသိပါတယ်။ ခင်ဗျားကို စိုးရိမ်လို့ မေးနေတာ မလုပ်ပါနဲ့ ဂျ။အကောင်းမေးတာပါ” ဆိုပြီး အကြောက်အကန်ငြင်းမှ သူ လက်က လှံကို ၇ုပ်သွားတာ။ မဟုတ်ရင် ပစ်ထည့် လိုက်မဲ့ ပုံဂျ။
“ဘာပဲ ပြောပြော နင့်ကို ငါကယ်လိုက်ရတာ ငါဝမ်းသာတယ်။ ငါမလာရင်တော့ နင်သေတာ ကြာပေါ့။
နင်နဲ့ ငါနဲ့ ကြားမှာရှီတဲ့ ကျေးဇူးတွေလည်း ကျေပြီ” တဲ့ ။
အဲဒါ ဘာပြောတာမှန်းမသိပါဘူးဗျာ။ အမှန်တကယ်ဆိုရင်တော့  သူက ကျွန်တော် အပေါ်ကျေးဇူးရှိတာ။သူလာလို့ ကျွန်တော်က အားရှိသွားတာလေ။ သူက ဆက်ပြောတယ်။
“နင် ငါ့ကို အားလုံးအဆင်ပြေရင် လိုချင်တာလုပ်ပေးမယ်လို့ ပြောတယ်နော်။”တဲ့ 
“ ဟုတ်တယ်လေ။ ဘာလိုချင်လဲ ပြော။မဖြစ်နိုင်တာတော့ မတောင်းနဲ့ ပေါ့ဂျာ ဟဲ ဟဲ” အနော်က မေးတော့ ။
သူက ပြုံးပြီးပြောတာဗျ။
“ငါ နင်ခြံထဲမှာ နေချင်တယ်။လမ်းဘေးက ဘ၀တွေကို စိတ်ကုန်နေပြီ” တဲ့ ။
“ခြံထဲနေချင်တာများဗျာ ခွင့်တောင်းစရာလိုသေးလား။ ၀င်နေ ခင်ဗျားက ကျွန်တော်ကျေးဇူးရှင်။ နေ ခွင့်ပြုတယ်။
ပြီးတော့ ခင်ဗျားရှိတော့ ကျွန်တော်ပျော်တယ်ဗျ။အဟုတ်”  ဆိုပြီး ကျွန်တော်ရင်ထဲရှိတဲ့ အတိုင်းပြောချလိုက်တယ်။
သူက ကျွန်တော်ကို ပြောတယ်။
“နင် လာခေါ်ရမှာ ငါလာနေလို့ မရဘူး။ အဲဒီတော့ နင် ဂတိတည်မယ်ဆိုရင် နင်ဒဏ်ရာတွေ ပျောက်တဲ့ နေ့ မှာ။
ဆေးတော့ လာယူနော် မသာလေး။ ဒဏ်ရာတွေ ပျောက်တာနဲ့  ဒီညောင်ပင်မှာ ရှိတဲ့ နတ်ရုပ်ကို နင်ကိုယ်တိုင်
အမွှေးနံသာတွေဘာတွေ ထွန်းပြီးတော့ …နင် ခြံထဲရွေ့ ပေး။ နတ်စင်နဲ့ ထားပါ။နေ့ တိုင်း အမွှေးတိုင်ထွန်းပါ။
ပြီးရင် ဘုန်းကြီး ငါးပါး ပင့်ပြီးတော့ တစ်ခြံလုံး ပရိတ်ရွှတ်ပေးပါ။” ဆိုပြီး ပျောက်သွားတယ်ဗျ။
ကျွန်တော်က
“ဟေ့ လူ အာ…ဟေ့ လူ” လို့ ခေါ်ပြီး လိုက်ရှာနေတုန်းမှာ။ နန်းက ကျွန်တော်ကို လာနှိုးတာ။အဲဒီတော့ မှ ကျွန်တော်လည်း အိမ်မက်မှန်းသိတယ်။
အကို ဘာတွေယောင်နေတာလဲတဲ့ ။ ဘာမှမဟုတ်ဘူး အိမ်မက်မက်တာလို့ ။ နေ့ လည် လောက်ကျတော့ ဇောင်းကြီးနဲ့ 
နန်းတို့ အဖေ နဲ့ ရောက်လာတယ်။ ရွာသွားတွေလည်း ပါလာတယ်။ သူတို့ အတွေ့ အကြုံတွေကို ဖေါက်သည်ချတာ။
နန်းတို့ အဖေက…စပြောတယ်။
“ ဝေ့ …ရှမ်းတ၀က်။ နင့် အရုပ်က အားကြီး ထူးဆန်းတယ်ရော။ ငါတို့ သွားတော့ သူ မျက်နှာလှည့် တဲ့ ဘက် ခြံထောင့်ကို
တူးတာ။ အရိုးစုတွေ နည်းတာ မဟုတ်ဘူး။ထွက်လာတယ်ဝေ့ ။ အဲဒါနဲ့ အဲဒီအရိုးစုတွေကို တူးလို့ ကုန်တော့  ငါတို့ မီးရှို့ ဖို့ ပုံတုန်းရှိသေးတယ်။ အဲဒီအရုပ်က နောက်တစ်နေရာကို မျက်နှာမူနေပြန်ေ၇ာ။ အဲဒါနဲ့ အဲဒီနေရာ ခြံထောင့်ကို ဆက်တူးတော့ ။ အဲဒီလိုပဲ ထွက်လာပြန်ေ၇ာ အရိုးစုတွေ။ အကုန်လုံးစုပြီး မီးရှို့ ဖို့ လုပ်နေတုန်းရှိပြန်သေး။နောက်တစ်နေရာကို မျက်နှာမူပြန်ရောဟ။ငါတို့ မှာ မူးနောက်သွားတာပဲ။ အဲဒီနဲ့ အဲဒီနေရာကိုတူးပြန်တော့ လည်း…ထွက်လာပြန်ရော အရိုးစုတွေ နည်းတာမှမဟုတ်တာ။ ဘယ်သူတွေသေလို့ ဘယ်သူတွေက သတ်သွားမှန်း လည်း မသိ။ဘာမှန်းမသိ။ နင့်ခြံက အဲဒါတွေကြောင့်ဆိုးနေတာထင်ပ။
အားလုံး ပုံလည်း ပြီးရော နတ်ရုပ်ကို တစ်ချက်သွားကြည့် ရသေးတယ်။ သူလုံးဝ မလှည့် တော့ တာ သေချာတော့ မှ။
အကုန်လုံး ပရိတ်ကြိုးတန်းပြီး မီးပုံရှို့ ပေးလိုက်တယ်။နင်ပြောသလို ဂါထာလည်း ရွတ်ရင်းလေ။ ထူးတော့ ထူးဆန်းတယ်။
တစ်ချို့ အရိုးတွေဆို သူဘာသာသူ မီးပုံပေါ်ကနေ ခုန် ခုန် ထွက်လာတာ။ ပုရိတ်ကြိုးနားရောက်ရင် ငြိမ်သွားရော။
မီးက ပြန်ပြီးတော့ ဆွဲခေါ်သွားပြန်ရော…အားလုံး ပြာဖြစ်တဲ့ အထိ စောင့်ခဲ့ ရတယ်။ အခုတော့ အဲဒီပြာတွေ အကုန်လုံး။
မြစ်ထဲ မျှောဖို့ ပေးလိုက်ပြီ။ ခြံလည်း သန့် သွားတယ်ထင်ပါတယ်။ အရုပ်တော့  အရင်နေရာ ပြန်ထားခဲ့ တယ်။ ညောင်ပင်မှာလေ”
ဆိုပြီးတော့ သူတွေ့ ကြုံခဲ့ ပုံကို မမောတမ်းရှင်းပြတာ။ ပြီးတော့ မှ ရေနွေးကြမ်း သောက်တာ။
အဲဒိတော့ မှာ ဇောင်းကြီးကလည်း…
“နင့်ကို ငါမရှင်းလို့ မေးပါဦးမယ်။ အဲဒါလို လုပ်ရမယ်ဆိုတာ နင်ဘယ်လိုသိလာတာလဲ။”
ဆိုပြီးတော့ လေ။ အဖိုးကြီးရော ရွာသားတွေရာ စိတ်ဝင်စားသွားတယ်။ အနော်နားပြုံတိုးလာတယ်။ ကျွန်တော်က ခေါင်းအုံးကို အပေါ်နည်းနည်းတင်ပြီးတော့ ထူပေးခိုင်းတယ်။သူတို့ က ထူပေးတယ်။ပြီတော့ နံရံခံထားတဲ့ ခေါင်းအုံးပေါ်မှီချလိုက်တယ်။ ပြီးတော့ မှ ကျွန်တော် နဲ့  ကုန်းဘောင်ခေတ်က လူပုံစံ လူနဲ့ အကြောင်းပြောပြလိုက်ရတယ်။
ပြောပြောပြီးခြင်း နန်းတို့ အဖေက သူရေနွေးကြမ်းသောက်နေတာ သီးသွားတယ်။ပြီးတော့ …. အနော်ကိုမေးတော့ တာ။
“ဗလတောင့်တောင့်နဲ့ ဟုတ်။ မတ်တပ်ရပ်ရင် အရပ်ကြီးက ခပ်မြင့်မြင့် လေ။ လူထွားထွားကြီးလေ။ဟုတ်လား..ရှမ်းတစ်ဝက်” ဆိုပြီး မျက်လုံးပြူး မျက်ဆံပြုးနဲ့ လာမေးတာ။
အနော်က
“ဟုတ်တယ်လေ။ အဲဒါ အဘ သိလို့ လား” ဆိုတော့ ။
“အေး..အဲဒါတောင်ပိုင်” တဲံ။
“တိန် ဘာတောင်ပိုင်တုန်း သိဝူး”  ဆိုတော့ မှ။ သူက ရာဇ၀င်ခင်းတာ။
ဒီတော ဒီတောင်မှာ သူနေရာနဲ့ သူ အပိုင်းစားကြတဲ့ နတ်မင်းတွေရှိတယ်။ကျွန်တော်တွေ့ တာက တောင်ပိုင် ဒီနားအနီးအနားက တောင်တွေကို သူက အုပ်စိုးရတာ။ ဒီလိုပေါ့ဂျာ။ နတ်တွေအကြောင်းလိုက်ပြောတာ။အနော်နဲ့ နပန်းသတ်တယ် ဆိုတော့  …ရွာသွားတွေကလည်း အံသြသင့်။ သူတို့ မပြောနဲ့ အနော်တောင် အခုမှ သောက်ကျိုးနဲ့ လေခြင်းဆိုပြီး ဖြစ်တာ။ အဲဒီကြောင့် ဒီဘဲ စကားပြောသံက ရှေးခေတ်ကလိုလို ဘာလိုလိုနဲ့ ။ နန်းတို့ ကလည်း အံ့သြ။
“ဒါဆို အဲဒီအရုပ်က တောင်ပိုင် အရုပ်ပေါ့နော် အဘ” လို့ မေးလိုက်တယ်။အဖိုးကြီးက
“အေး ဟုတ်တယ်။ နင်တော်တော်လေး ကံကောင်းတာပဲ။အဲဒီလိုမျိုး နင့်ကို သွားပြီး စဖို့ နပန်းလုံးဖို့ မပြောနဲ့ ။
ဒီဘက်ခြမ်းကလူတွေက တောင်ပိုင်ဟေ့ ဆိုနေစရာမရှိဘူး။ အမှားလည်း မလုပ်ရဲဘူး။ သူနယ်ထဲမှာ။နင်နဲ့ ကျမှာ
ဘယ်လိုဖြစ်လို့  ဒီလောက်ဖြစ်သွားလည်းတော့ ငါလည်းမသိ” ဆိုပြီးပြောတယ်။
ကျွန်တော်လည်း အဲဒီတော့ မှ အခြောက်ကြီးလို့ စခဲ့ တာတွေ။ သူကို ဟောက်ခဲ့ တာတွေ ပြန်တွေးမိပြီး လန့် လာတာ။
သူစိတ်တိုတဲ့ အချိန်မှာ လှံဆွဲထုတ်တာကလည်း ဘယ်က ဘယ်လိုရောက်လာလဲမသိဘူးနော်။တော်တော်မြန်တာ။
ဒီလိုနဲ့ ပဲ အဲဒီရွာမှာ အဲဒီနေ့ ကတော့  ငဇူးအကြောင်း ပြောမဆုံးပေါင် တောင်သုံးတောင်ပေါ့ဂျာ။
ညေ၇ာက်လာတယ်ဆိုပါတော့။ ကျွန်တော်မထနိုင်ဘူး။ဆိုင်ကယ်စီးဖို့ နေနေသာသာ။ ပြီးတော့ လူငယ်တွေက အနော်နားကို လာလာမေးကြလို့ ။ နန်းတို့ အဖေက ဟန့် ထားရတယ်။ အနော်ကတော့ ဘေးမှာ နန်းရှိနေရ ရပြီလေ။
ဟဲ ဟဲ :D ။ ပြီးတော့ ရွာက ပအိုဝ်မလေးတွေကလည်း အနော်ကို အထူးအဆန်းလို လာကြည့် တယ်။ :D
စန်းတွေ  လွှတ်ပွင့်တာ။ထိမ်းလို့ တောင်မရဘူး။ အနော်က ကိုယ်ကသာ မလုပ်နိုင်တာဂျ။ ပအိုဝ် မလေးတွေကျတော့ 
ငမ်းတယ်။ :D အဟီး။ ဘာရယ်ညာရယ်တော့ တော့ မဟုတ်ပါဘူး။ အားရှိအောင်ပါ။ အားရှီမှာလည်း ညဘက်သွားယူရမှာလေ။ ဟိုညောင်ပင်မှာ။ ဘာလဲတော့ မသိဘူး။ ရေခွက်ထဲမှာဆိုတော့ သွားတော့ ယူရမှာ။
ဒါကလည်းသေချာလားမသိ။ မသေချာလား မသိ။ ပြီးတော့ အိမ်မက်ကြီးဟာ။ အနော်သိပ်တော့ မယုံချင်ဘူးဂျ။
အဲဒါကြောင့် ယူဖြစ်ဖို့ မယူဖြစ်ဖို့ ကမသေချာဘူး။ အခုတောင် မလှုပ်နိုင်ဘူး။ အဲဒီနားမှာပဲ နံရံလေးမှီပြီးတော့ ။
ပအိုဝ်မလေးတွေ ငမ်းဟမ်းဟမ်း :P ။ ခွိခွိ ဇိမ်ပဲ။
နန်းက မကြိုက်ဘူးဂျ။အဲဒီလို အနော်ကြည့် တာကို အဲဒါလာလာပြီးတော့  ပြောတယ်။ သွားမကြည့် နဲ့လေ။အယ်။
ဘာညာနဲ့  :D အနော်က သူကို စသလိုလို ဘာလိုလိုနဲ့  အသေကြည့် ဟိ။ မိတယ်။ :D
ဒီလိုနဲ့ ဒီညကတော့ အပျော်တွေစုံတဲ့ ညပေါ့ဂျာ။ ဇောင်းကြီးကလည်း ပအိုဝ်မတွေနဲ့ ဇိမ်ကျနေတယ်။ ရွာသားတွေကလည်း
အဲဒီခြံကြီး ပြီးသွားရင် စိုက်ခင်းတွေဖြစ်မှာ။ အဲဒီမှာက မြေသြဇာ ကောင်းတယ်။ ရေကလည်း ရေထွက်ရှိနေတော့ အဆင်ပြေတယ်။ ဘာညာပေါ့ဂျာ။ ပြောနေကြတာ။ ဆယ်နာရီ ခွဲလောက်ကျတော့  အားလုံးက ပြန်သွားကြပါပြီ။
ကျွန်တော်ရယ် ဇောင်းကြီးရယ် နန်းရယ်ပဲ ကျန်တာ။ နန်းတို့ အဖေကတော့ အိပ်ပြီ။ နန်းက ကျွန်တော်ကို  ရန်ကုန်အကြောင်းမေးနေလို့  သူကို ပြောပြရတယ်။ မမိုက်ဘူး။ နေပူတယ်။ မလာနဲ့ နော် :D တွေဘာတွေ။
လျှောက် စ ပြီးပြောနေတာ။ အနော်ပျော်နေတာလည်း ပါတယ်ဗျ။ အနော်တို့ ခြံထဲမှာ ဘာမှမရှိတော့ ဘူး ဆိုပြီးလေ။
အိမ်ရှေ့ က နေရာလေးမှာတော့  ရွာထဲက လူတွေ စိုက်ခင်းအကြောင်းဘာအကြောင်းနဲ့ မအိပ်ကြသေးဘူး။ အနော်အတွတ်
ဆေးကြိုနေတာလည်းပါတယ်။ လိမ်းဖို့ လေ။
ဒီလိုနဲ့ စကားပြောနေတုန်း ကျွန်တော်နားထဲကို တိုးတိုးလေး ပြောသံတစ်ခု ၀င်လာတယ်ဗျ။
“မလာသေးဘူးလား။ ညသန်းခေါင်းကျော်သွားရင် ရှိမှာမဟုတ်တော့ ဘူးနော်။” ဒီလိုမျိုးလေ။ တိုးတိုးလေးပြောတာ။
နာရီကြည့် လိုက်တော့ ၁၁ လောက်ဖြစ်နေပြီလေ။ အဲဒါ တွေတွေဝေေ၀နဲ့  ဆက်ပြီး စကားပြောနေတာ။ ၁၁ ခွဲသွားတယ်။
အဲဒီအချိန်မှာ တော့ အသိသာကြီးဗျာ။ ဟို ကုန်းဘောင်ခတ်က လူရဲ့ အသံ။ ကျွန်တော်နားထဲကို ၀င်လာတာ။
“လာယူခိုင်းနေတယ်” ဆိုပြီးလေ။ အကျယ်ကြီးပဲ။ ကျွန်တော်မလေးမစားလုပ်လို့ လည်း စိတ်တိုနေတယ်ထင်ပ။
အဲဒါနဲ့ ..ကျွန်တော်က တိုးတိုးလေးပဲ ညဉ်းလိုက်တာပါ။ ထလို့ တောင်ရ ပါ့မလားမသိတဲ့ ဟာကို ဆိုပြီးလေ။
“ထကြည့် ပါဦးဟ မသာရ” ဆိုပြီး နားထဲ ပြန်ဝင်လာတယ်။ အသံက။ အဲဒီအချိန်မှ နန်းက
သူကို လက်ကာပြလိုက်တယ်။ ပြီးတော့ ထကြည့် လိုက်တာ။ အောင်မြတ်လေး.. ရတယ်ခင်ဗျ။အဟုတ်။ အရိုးငေါနေပါတယ်ဆိုတဲ့ လက်ကလည်း သိသိသာသာကြီး လွှဲလို့ ရသွားတယ်။ အဲဒါနဲ့ ချက်ခြင်းပြေးဆင်းပြီး ဆိုင်ကယ်သော့ ယူ။ စက်ဖွင့်ပြီး လစ်တာဗျာ။ မြန်ချက်။ လိုက်ဆွဲတဲ့ လူတွေတောင် မမှီဘူး။ ကျွန်တော် ဆိုင်ကယ်ကို
ညောင်ပင်ရှေ့ ရောက်တော့ ….ရေအိုးနား အထိသွားလိုက်တယ်။လကလည်း သာနေတယ်လေ။ လရောင်နဲ့ ရေအိုးပေါ်မှာ
ရေခွက်လေးက ပက်လက်လေးဗျ။ သိလား။ ရေခွက်ကို မှောက်မထားဘူး။ အဲဒီထဲကို လက်နိုက်လိုက်တော့ … ရှည်ရှည်လေး။ အဖုအထစ်တွေနဲ့  သစ်သားလို လုံးလုံးလေးတစ်ခုကို စမ်းမိတယ်။ အဲဒါကို ယူလိုက်တာနဲ့ ။ တောထဲက
“ဝေါ….ဝေါ” ဆိုတဲ အသုံးတွေ ကြားရတော့ တာပါပဲ။ ရိုးနေပြီ။ ငဇူးတို့ က ဒီလောက်ကတော့ …မနေ့ ကလည်း သေပြေးရှင်ပြေးပြေးပြီးပြီလေ။ ဒုတိယံမိလောက်ကတော့  အေးဆေး။ အဲဒါနဲ့  ဆိုင်ကယ်ကို သုတ်ခနဲ့ လှည့် ပြီး။ ရွာထဲအထိ လစ်ခဲ့ တော့ တာပါပဲ။ အိမ်ရောက်တော့ ….နန်းတော့ အဖေက ကြောင်ကြည့် နေတယ်။ခုနပဲ မထနိုင်ဘူး ဆိုပြီးတော့ …အခုကျတော့ လည်း သွက်လိုက်တာ ဆိုပြီးလေ။ ကျွန်တော်လက်ထဲမှာတော့ အဲဒါလေးကို သေသေချာချာဆုပ်ထားတာ။ ပြီးတော့ အိပ်ယာဆီကို သွားပြီ လှဲလိုက်တော့ နဂိုအတိုင်း ပြန်ဖြစ်သွားတယ်။
နာတာ ပြောပါတယ်။ ပြန်နာလာတယ်။ ဘယ်လိုအကြောင်းကြောင်းကြောင့်လဲတော့ မသိပါ။ တော်တော်လေး ပြန်နာလာတာ။
အဲဒီညက ဒီလိုပဲ အိပ်လိုက်တယ်ဆိုပါတော့ ဗျာ။ မနက်မိုးလင်းတော့  လူကတော်တော်လေး သက်သာလာတယ်။ နံရိုးတွေက ပတ္တလားအတိုင်း ပြန်ပြီးတော့ အစီအစဉ်တစ်ကျလေး ဖြစ်နေတယ်။နောက်ပြီးတော့ 
အရိုးငေါနေတဲ့ နေရာကလည်း ပုံမှန်အတိုင်းဖြစ်နေတယ်။ ဒါပေ့ မယ် နာတုန်းခင်ဗျ။ နန်းတို့ အဖေကို ကျွန်တော်က မနက်ကျတော့  အဲဒါလေးသွေးပေးပါ ပြီးရင် လိမ်းပေးပါ ဆိုပြီးပေးလိုက်တာ။ အဖိုးကြီးက အဲဒီဟာ ဘာတုန်းတဲ့ ။
သိဝူးလို့ ညက တောင်ပိုင်ကြီး ပေးသွားတာ။အဲဒါသွားယူတာ လို့ ရှင်းပြလိုက်ရတယ်။ သစ်မြစ်လေးလိုပဲ အပေါ်ကထိပ်တုံးတုံးနဲ့  အောက်နှစ်ခွနဲ့ ။ :D မြွေလျှာနဲ့ တောင် တူသေး။ အဲဒါလေးနဲ့ သွေးလိမ်းတာ ဘယ်လောက်လဲဗျာ။
သုံးရက်လားပဲ လိမ်းရ ရတယ်။ ကောင်းသွားတယ်။
ဒဏ်ရာပျောက်ပျောက်ခြင်းပဲ ခြံထဲကို တောင်ပိုင် နတ်ရုပ်ကို ရွေ့ တယ်။ အမွှေးတိုင်တွေဘာတွေထွန်းပြီးလေ။ ပြီးတော့ 
သူအတွတ် နတ်စင်တစ်ခုကို ရေထွက်ရှိတဲ့  ရေကသစ်ပင်ကြီး အောက်မှာ မှာ သေသေချာချာလေးကို ဆောက်ပေးထားတာ။ မနက်တိုင်း သွားပြီး အမွှေးတိုင်တွေဘာတွေနဲ့ ပူဇော်ပေးတယ်။
ဆွမ်းကွမ်းကတော့  ကွမ်းယာနဲ့  ဖက်ကြမ်းပဲ ။ကျန်တာမဆက်ဘူး။ :D
ပြီးတော့  အဲဒီခြံထဲမှာ ကျွန်တော် ဘုန်းကြီးငါးပါးပင့်ပြီးတော့ တောင်ပိုင်နာမည်နဲ့ အမျှဝေတယ်။
“တောင်ပိုင် နတ်မင်းကြီး”ပေါ့နော်။ အဲဒီလိုဝေတယ်။ ပရိတ်ရွတ်တယ်။
တော်တော်များများ လုပ်ပြီးတဲ့ နောက်မှာတော့ တော်တော်လေး သာသာယာယာပြန်ဖြစ်သွားပါတယ်။
အရင်လိုပဲ ခလေးတွေလည်း ကျွန်တော်ခြံထဲမှာ လာဆော့ တယ်။လူတွေကလည်း တောထဲကို သွားကြတယ်။ကျွန်တော်
လုပ်ထားပေးတဲ့ ကွပ်ပျစ်မှာလည်း အနားယူကြတယ်။ ကျွန်တော် ထားပေးတဲ့  ရေအိုးစင်က ရေလေးနဲ့ အမောဖြေကြတယ်။ခြံစောင့်တွေကလည်း အရင်လို ပြန်လာပြီးတော့  ညစောင့်အလုပ်ကို လုပ်ကြတယ်။
ကျွန်တော်တို့ လည်း ခြံထဲမှာပဲ ပြန်နေတယ်။ နန်းကတော့  သူညနေအားတိုင်း ခြံထဲလာတယ်။အခုနောက်ပိုင်း ကျွန်တော်ပျင်းရင် ဘယ်မှာ အိပ်လဲသိလား။ တောင်ပိုင်နတ်စင်ရှိတဲ့  ရေထွက်က ရေကသစ် ပင်ကြီးဘေးမှာ သစ်ပင်နှစ်ပင်ကို ပုခက်လုပ်ထားပြီး အိပ်တယ်။တစ်ခါတစ်လေ ဆိုလည်း ညဘက်ကြီး သွားအိပ်နေတာပဲ။ အဲဒီနေရာလေးက ကျွန်တော် အတွတ်တော်တော်လုံခြုံစိတ်ချရတဲ့ နေရာဗျ။ အေးချမ်းတယ်။
ရေထွက်က ရေကျသံလေး နားထောင်ပြီး အိပ်ရတာ။အရိပ်အာဝါသကလည်းကောင်း ဟီး :D ဇိမ်ပဲ။
တစ်နေ့ ပေါ့ဂျာ။ အလင်းလာလည်တယ်။ ခြံထဲကို အဲဒါနဲ့ …ကျွန်တော်တို့ က သူလာတဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ။
ဆီထမင်းထိုးစားကြတယ်။ကော်ဖီနဲ့ ဆီထမင်းနဲ့ လေ။ အဲဒါ အလင်း တော်တော်ကြိုက်တဲ့ အရာ။ကျွန်တော်လည်း ကြိုက်တယ်။ နှမ်းထောင်းတွေဘာတွေနဲ့ သေသေချာချာလေး လုပ်ရတာ။ စားလို့ အရမ်းကောင်းတယ်။
လုပ်တာက ညနေပိုင်းလောက်ဆိုတော့  ည ခုနှစ်နာရီလောက်မှ ပြီးတယ်။ တော်တော်များများလည်း ပြန်ကုန်ပြီလေ။
နန်းကို တော့ ခေါ်ထားတာ ဆိုတော့ သူက ရှိနေတယ်။ ခြံစောင့်တွေကိုလည်း ကျွေးဖို့ အလည်တဲ ကိုခေါ်ထားတာဆိုတော့ ခြံထဲမှာ ဘယ်သူမှ ရှီမနေဘူး။
အဲဒါနဲ့ စားတော့ မယ်ဆိုပြီးတော့  အားလုံးဝိုင်းထိုင်လိုက်တဲ့ အချိန်။
“ဒုန်း”
တဲခေါင်မိုးကို ခဲနဲ ထုသံဗျ။ အဲဒါနဲ့ အားလုံးက တွန့် သွားတယ်။ကျွန်တော်လည်း တွန့် သွားတယ်။ အပြင်ထွက်ကြည့် တော့ လည်း ဘယ်သူမှ မရှိတေနေဘူး။ ပြန်စားမယ်လို့ တော့ ပြန်ထုတယ်။
အယ်။ ဒီတစ်ခါတော့  ကျွန်တော်သဘောပေါက်သွားတယ်။
“နန်း ဦးဖယ်ထားတာ ရှိလား” ဆိုတော့ …
“မရှိဘူး” တဲ့ ….။ အဲဒါနဲ့ ဘယ်သူမှလည်း မစားရသေးဘူးဆိုတော့ … “ဦး” လေး ပြန်ဖယ်ပြီးတော့  ရေကသစ်ပင်ဆီကို သွားလိုက်တယ်။ နတ်စင်က အဝေးက ကြည့် လိုက်ရင် တစ်ယောက်ယောက် ဆေးလိပ်သောက်နေတာကျနေတာပဲ။
မီးက “ရဲကနဲ” “ရဲကနဲ” ။ အနီးနားရောက်သွားတော့ ဘယ်သူမှ မရှိနေဘူး။ အဲဒါနဲ့ နတ်ရုပ်ကို သေသေချာချာကြည့် ပြီးတော့ ။
“ဦးဖယ်လာတာနော်။ ကြိုက်တတ်မှန်းမှ မသိလို့ ပါဂျာ။ ကော်ဖီနဲ့ ဆီထမင်း ဆက်သပါတယ်။စားတော်မူ” ဆိုပြီးတော့ ကပ်လိုက်ရတယ်။ ပြီးတော့ ပြန်အလှည့် မှာ…။ ။
ကုန်းဘောင်ခေတ်က လူအသံနဲ့ 
ကော်ကော် ငါ မကြိုက်ဘူးကွ” တဲ့ ။ ။
ပြီးပါပြီ။
ငဇူး
28 comments:
  1. သောက်ရမ်းကောင်းတယ်ဗျာ ... အဟုတ် အဟုတ်
    ReplyDelete
  2. အရမ်းကောင်းတယ်ဗျ။ ဒါနဲ့ ကိုယ်တွေ့လား ?? ကျွှန်တော်လည်းတောင်ကြီးပြန်ရင် အဲ့ခြံကို အလည်လာမယ်လေ :D
    ReplyDelete
  3. ကြိုဆိုပါတယ်ဗျာ။ :D
    ReplyDelete
  4. သောက်ကျိုးနဲ့ အန်ကယ်ဇူးကလဲ ၇ှည်လိုက်တာ..အယ်..ေ၇းတဲ့ဇာတ်လမ်းကို..ပြောတာပါ..ဟိဟိ ;P
    good job, =)
    ReplyDelete
  5. ဟဟ... မိုက်တယ်... စိတ်ဝင်စားဖို့ အသေကောင်းတယ်...
    နာလဲ ကော်ကော်ကြိုက်ဝူး... အဟီး... :P
    ReplyDelete
  6. သိပ်ကောင်းတယ်ကိုဇူးရေ... ရေးလေကောင်းလေပဲဗျို့...တကယ်ကောင်းတာဗျာ...အလုပ်ဖျက်ပြီးတော့ကိုဖတ်ရတာနော်...ပြန်လျှော်.. ဟီး... :D
    ReplyDelete
  7. မိုက်တယ်ဗျာ .. တကယ်ပဲ တော်တော်ကိုစိတ်ဝင်စားမိတာ
    တကယ်ကြီးနော် .လူစွမ်းကောင်းပဲ ..
    အဲ့ဒီဇာတ်လမ်းထဲ မျှောသွားပြီဗျာ .. ဟီးဟီး
    တကယ်ကောင်းတယ် ဟိတ်လူ
    ReplyDelete
  8. အဲဒီဆေးမြစ်ရှိသေးလား ဇူး သေချာသိမ်းထားလေဟယ် အဖိုးတန်တယ်ဝေ့
    ReplyDelete
  9. မိုက်တယ်ဗျာ.ဆောက်ရမ်းလန်းတယ်.ကျွန်တော်လည်း.အဲလိုခုန်ပျံချင်တာ.
    အလန်းကြီးဗျာ.ကြောက်လည်းကြောက်စရာကောင်းတယ်.လန်းလည်းလန်းတယ်.
    ကိုဇူးရေ.လိုက်မယ်ဗျာ.ဘယ်လိုလဲ.ခေါ်မလား.
    ReplyDelete
  10. ako ZUuuuuu yay..... a khu mha pal peeee t0t dellll
    a yannn like dellll wayyy.... myanmar pyan yout yin TG G lite poh pay lay nawwwwwww
    el d Chan go chin loh hehehehhe
    (ko zuu yay tae story htal mhar d ta khu a like sone pallll sate win sar boh taw taw kg del) thxxxx
    Nout htet lel myar myar yay ng par say.....
    ^^^Y00nLay^^^^^
    ReplyDelete
  11. Ommm kuma pal p tok tal ... amaly power l` tart p @_@
    hehe ~ mite tal ~
    ReplyDelete
  12. ပက်ပက်ချက်ချက်ကို ဖတ်လို့ကောင်းတယ်
    ReplyDelete
  13. ဒါမျိုးလေး နောက်တစ်ပုဒ်လောက်လုပ်ပါဦးဗျို့
    ReplyDelete
  14. U R A VERY GOOD STORY TELLER........
    CAN I GET IT WITH PDF...........
    PLEASE........
    ReplyDelete
  15. အစ်ကိုကတောင်ကြီးကလား။ဘယ်နားနေတာလဲဟင်။ကျွန်တော်လာလည်မလို့ပါ။
    ကျွန်နော်နာမည်လဲဇူးဇူးပဲဗျ။အရင်ကကန်အောက်မှာနေတယ်။ခုတော့ကျိုင်းတုံကိုရောက်နေတယ်။
    ReplyDelete
  16. တိန်။ နာမည်လာတူနေတယ်။ ရွှေညောင်ဗျို့ ။ အမြဲနေတာတော့ မဟုတ်ပါဘူး။ တော်ပေါ်ရောက်တယ်ဆိုရင်
    နေရာတိုင်းဟာ အနော်အိမ်ပဲ :P
    ReplyDelete
  17. စာရေးတအားကောင်းတယ်။စကားတောင်ကြားဖြတ်မပြောနိုင်အောင်ပါပဲ။
    ReplyDelete
  18. အန်...ဟုတ်လား..ခြေသလုံးအိမ်တိုင်ဖြစ်ကရောပေါ့....တောင်ပေါ်ရောက်ရင်အဲလိုလား...
    အဟား...အလတ်ကားစတာ...ထားပါတော့အဟဲ...
    ReplyDelete
  19. တော်တော်ကောင်းတယ်နော်... ဖတ်လို့... ကျေးဇူးပါ... ဒါနဲ့ အဲဒါတကယ်ဟုတ်လို့လား... တောင်ပိုင်ကြီးက စိတ်ကောင်းရှိတယ်နော်...
    ပျော်ရွှင်ပါစေ...
    ReplyDelete
  20. အနော်ဖတ်ဖူးသမျှထဲမှာအကောင်းဆုံးပါဂျာ။
    ReplyDelete
  21. အကိုဇူးရေ ..... ဖတ်လို့အရမ်းကောင်းတာပဲ။
    ရယ်လည်းရယ်ရတယ် ..... စိတ်လှုပ်ရှားစရာလေည်းကောင်းတယ်။
    အကို့ဘလော့ကိုလည်း အမြဲတမ်းအားပေးနေပါတယ်။
    ဒါကတော့ကျွန်တော့်ဘလော့ပါ ... http://itware-wlh.blogspot.com/ ...
    အကို့လို သရဲအကြောင့်တွေ ၊ ဗဟုသုတတွေတော့မဟုတ်ဘူး .... ဟီး
    ReplyDelete
  22. ကောင်းတယ်ရှင့်
    ReplyDelete
  23. Sate win sarrr loon lo ma 8 pe read lite tal ,,, tomorrow exam phay pho tg sar kyat phit tot buuu,, ayann ko kg par tal
    ReplyDelete
  24. အရမ်းဖတ်လို့ကောင်းတယ်…ဒါနဲ့အဲကိစ္စ ပြီးတော့တောင်ပိုင်းကြီးနဲ့ အားလူးဖုတ်ကြသေးလား ဟင်း??နာတော့တောင်ပိုင်းကြီးကို တွေ့ဖူးချင်တာ ရှေးခေတ်ကလူဆိုတော့ ကြည့် :Dလို့ကောင်းလား တောင်ပိုင်းကြီးက ကော်ကော်ဇူး :D
    ReplyDelete
  25. အရမ်းဆွဲဆောင်မှုအပြည့်ပါပဲကိုဇူးရေ
    အရမ်းကြိုက်တယ်ဗျာ
    ReplyDelete