Thursday, October 7, 2010
နယ်ကြမ်းမှာ ပွဲကြမ်းခြင်း (3)
နေ့ လည်ကျတော့ …ဇောင်းကြီး နတ်ကတော်မေးဖို့ လုပ်တာအဆင်ပြေတယ်….ဆိုပြီး…လာပြောတယ်။
အနော်က သိပ်စိတ်မပါဘူး။ဒီလိုပဲ…တစ်ခုခုများ အဖြေထွက်လာမလားလို့ …လုပ်ကြည့် တာပါ။
သိပ်တော့ မယုံဘူး။ဇောင်းကြီးက ပြောနေသေးတယ်။
“အဇူး…နင် နတ်ကတော် လာရင်…ပြသနာမရှာနဲ့ နော်” ဆိုပြီးလေ။
သူသိတယ်လေ။အနော် မေမြို့ မှာတစ်ခါ…ပန်းခြံက… ဘာဖြစ်နေလဲ မသိဘူး။ ခဏခဏပျက်တာ။အဲဒါ အလုပ်သမားတွေက။နတ်မေးခိုင်းလို့ …ပင့်ပြီးမေးမိပါတယ်။အဲဒီနတ်က…ရောက်တာနဲ့ …အရက်ချည်း လိမ့် တောင်းတော့ တာပါပဲ။ပြီးတော့ …ခြံထဲမှာလည်း..လူတွေက တစ်ရုန်းရုန်းရယ်။ တကယ်မေးမဲ့ လူနဲ့ …စိတ်ဝင်စားလို့ လာတဲ့ သူထက်ဆိုရင်…အရက်သမားတွေက များနေတယ်။ကျွန်တော် ခြံထဲမှာ…အပိုလူတွေ တစ်ရုန်းရုန်းဆို သိပ်မကြီုက်ဘူး။
အဲဒါနဲ့ … နတ်ကို
“ခင်ဗျားက ပြသနာလာရှင်းပေးတာလား…ပွဲလာခံနေတာလား” ဆိုပြီးမေးလိုက်တယ်။
အဲဒီနတ်က ဒီလိုစကားကြားတော့ ..လန့် ဖြန့် ပြီး  ခဏထွက်သွားတယ်ထင်တယ်။
ကြောင်တောင်တောင်ဖြစ်သွားတယ်။လူတွေကလည်း..သူတို့ ကြည့် ကောင်းနေတုန်း..ကျွန်တော်က ထပြောတော့ … အနော်ကို သေသေချာချာလိုက်ကြည့် နေတယ်။ဟုတ်တယ်လေ။
ဒီမှာ သူများ စီးပွားရေးကျလို့ …စိတ်ညစ်နေပါတယ်ဆိုမှ….သူတို့ က…ပါတီ ပေးသလို လာကဲနေတော့ …ဘယ်သူက
သည်းခံနိုင်မှာလဲဂျ။
နတ်က..အနော်ကို ဘာပြန်ပြောတယ်ထင်တုန်း….။
“နင်က လင်ကောင် မပေါ်တဲ့ ကောင်မရဲ့ သား…အဲဒါကြောင့် လာဒ်မရှိဘူး။ငါတို့ ကိုလည်း..အမြဲဘုကန့် လန့် တိုက်လို့ 
အခုလို လုပ်ထားတာ။အဲဒီတော့ …ငါတို့ ကို ရိုရိုသေသေနဲ့ ပြန်လည် ဆက်ဆံရင်…နင့်ဥယျာဉ်ခြံ…ရွှေသီးသွားမယ်”
ဆိုပဲ။စကားလည်း..ဆုံးရော…နတ်ဝင်သည်လည်း…သူတို့  ပြင်ဆင်ထားတဲ့ …အုန်းပွဲတွေ..ငှက်ပျောပွဲတွေပေါ်ကို
ရောက်သွားတယ်။ ကျွန်တော် စိတ်တိုပြီး ရင်ကို ပြေးနင်းလိုက်တာ။လူကတော်တော်ဝမ်းနည်းသွားတယ်ဂျာ။အဟုတ်။
ဘယ်နှယ့် …ဒီမှာ…မိဘတွေက..အဝေးရောက်နေလို့ ….ပြီးတော့ …ခလေးတစ်ယောက်ဟာ..ခလေးတစ်ယောက်နဲ့ မတန်နဲ့ အလုပ်တွေ။ပြသနာတွေနဲ့ …ကြုံနေရပါတယ်ဆိုမှ…ကိုယ်ချင်းမစာ မဟုတ်မမှန်တာလာပြောတယ်။
အဖေကြီး ငုတ်တုပ်ဂျာ။အမေကြီးလည်း…ငုတ်တုတ်ရှိပါတယ်။အနီးနားမှာတော့ မဟုတ်ဘူးပေါ့။
ကျွန်တော်ဗျာ…သောင်းကျန်းလိုက်တာ။နတ်ဝင်သည်နဲ့ …အပေါင်းအပါတွေ(အမူးသမား)တွေရောလေ။ပြေးတာ တန်းနေတာပဲ။မပြေးလို့ လည်းမရဘူး။ကျွန်တော်က ဓါးဆွဲနေပြီ။အဲဒီ နတ်ရုပ်တွေေ၇ာ….အကုန်ဂျာ။နတ်ဝတ်တန်ဆာတွေ
အကုန်…စုပြုံပြီး မီးရှို့ ပလိုက်တယ်။ပြီးတော့ …အခန်းတံခါးပိတ်ပြီး တစ်ယောက်တည်း ထိုင်ငိုနေလိုက်တယ်။ဟုတ်တယ်ဂျာ။သောက်ရမ်းဝမ်းနည်းတယ်။ အဲဒီနတ်ဝင်သည် ကလိမ်ကကျစ် ပြောတဲ့ စကားကို တော်တော်သည်းမခံနိုင်ဘူး။နောက်တော့ မှ….အလင်းတို့ အမေက …လာပြီးတော့ …ချော့ မှ ပြန်ထွက်လာတာ။သူတို့ ကျတော့ လည်း…ကိုယ်မိဘအစစ်တွေမဟုတ်ပေ့ မယ်။ ငယ်ငယ်ကတည်းက ကိုယ်ကိုထိမ်းလာတဲ့ သူတွေဆိုတော့ မိဘလိုနေရာမှာ ရောက်နေပြီလေ။အလင်းတို့ အဖေကလည်း…နောက်တစ်ခါ အဲဒီနတ်ဝင်သည်…ငါအိမ်ရှေ့ က ဖြတ်လို့ ကတော့ ….အသိပဲ ဆိုပြီး သွားကြိမ်းထားလိုက်တယ်။
အဲဒီကတည်းက…အလုပ်သမားတွေကလည်း…ကျွန်တော်ကို နတ်အကြောင်းမပြောတော့ ဘူး။ကျွန်တော်လည်း….နတ်လို့ စကားစတဲ့ သူမှန်သမျှ ပိတ်ပြောပစ်တာ။ယုံရင်…ကိုယ် အိမ်မှာကိုယ်ခေါ်မေးလို့ ။ဒီမှာလာမလုပ်နဲ့ ဆိုပြီးတော့ လေ။
အဲဒီလို ရာဇ၀င်လေးရှိထားတော့ …ဇောင်းကြီးက လန့် နေတာဗျ။ကျွန်တော်သောင်းကျန်းမှာဆိုးလို့ လေ။အဲဒီလိုနဲ့ 
ဇောင်းကြီးတို့ နတ်ပွဲလုပ်ဖို့  လူတွေဘာတွေသွားခေါ်တယ်ဆိုပါတော့ …ခလေးတွေကလည်း…နတ်ပွဲရှိတယ်ဟေ့ ဆိုတော့ ..ပျော်နေတယ်။ကျွန်တော်လည်း…အာရုံနောက်လာတာနဲ့ ….ညောင်ပင်ဆီကို ထွက်လာပြီး။ကွပ်ပျစ်ပေါ်သွားလှဲနေတာ။
နတ်စင်ကိုလည်း…သေသေချာချာကြည့် ပြီး…စိတ်ထဲက… “၀ူး….ဒီနတ်လည်း…တကယ်ရှိရဲ့ လား…မသိပါဘူးကွာ” ဆိုပြီးတွေးနေမိသေးတယ်။ဘာရယ်တော့ မဟုတ်ပါဘူး။ဒီလိုပဲတွေးမိတာ။အဲဒီလိုနဲ့ …ခဏလေးကြာတော့ …မှေးခနဲ ဖြစ်သွားတယ် ဆိုပါတော့ ဗျာ။အဲဒီအချိန်မှာ…ကျွန်တော်ခေါင်းရင်းမှာ…ဟိုတစ်ခါအိပ်သလိုပဲ လူတစ်ယောက်လာထိုင်နေပြန်ရော။လူက စိတ်ညစ်နေတဲ့ အချိန်ဆိုတော့ ဂျာ။အနားမှာ လူတစ်ယောက်ရှိနေရင်…
ကိုယ့် ရဲ့ အပူသက်ပြင်းတွေက ချချင်တိုင်း ချလို့ မရဘူး။အဲဒါနဲ့ …ထပြီး ထိုင်လိုက်တယ်။ဘေးက လူကိုကြည့် လိုက်တော့ ။
သူပုံစံက တစ်မျိုးကြီးဗျ။ အ၀တ်အစားစတိုင်ပြောပါတယ်။တော်တော်လေး တော်ကျတယ်။အပေါ်အကျီမပါဘူးဂျာ။ရင်ဘတ်မှာ ထိုးကွင်းမင်ကြောင်တွေ အပြည့် …. “စ မ” အင်းတွေ ထင်တာပဲ။ထိုးထားတယ်။ အောက်ပိုင်းကျတော့ … ပုဆိုးကို ခါးတောင်းကျိုက်ထား သဗျ။ ပေါင်မှာလည်း..အဲဒီလိုပဲ
ဆေးနီနဲ့ ထိုးထားတဲ့ အကွင်းတွေ(ထိုးကွင်းမင်ကြောင်)ပေါ့ဂျာ။ အဲဒီလိုတွေ အပြည့် ပဲ။
အဲဒါနဲ့ …သူကို ကျွန်တော်သေသေချာချာလေး ကြည့် မိတယ်။မျက်နှာကလေးထောင့်..ခပ်သန့် သန့် ပဲ။ဒါပေ့ မယ် ထန်တယ်။မျက်နှာက ခက်ထန်တယ်။ဆံပင်ကိုလည်း သျှောင်ထုံးထားသေးတယ်။အသားက နီစပ်စပ်ဂျ။
သူပုံကြည့် ပြီးတော့ ကျွန်တော် တော်တော်လေးရီချင်လာတယ်။ဘယ်နှယ့် ….ကုန်းဘောင်ခေတ်က သူတွေလည်း
ဒီတောထဲ ရှိနေသေးပလားလို့  :D ။တော်တော်လေး…ဂျောင်ကျတဲ့ …နေရာ ငါရောက်နေတာပဲ ဆိုပြီးလေ။
သူက ကျွန်တော်ကို ပြန်ကြည့် တယ်ဗျ။ကျွန်တော်ကတော့ …သူနဲ့ အကြည့် ချင်းမဆုံချင်ပါဘူး။လူက ရီချင်နေတာဆိုတော့ ။ အဲဒီအချိန်မှာသူက ဘာပြောလဲဆိုတော့ …
“ကွမ်းပါလား” တဲ့ ။ လေသံက အထက်စီးက နော်။လုံးဝ အထက်စီးက။
အနော်ကလည်း…ပေါက်သွားတယ်။သောက်ရေးမပါတာ။ကွမ်းတောင်းစားတာများ…လေသံက။ ဆိုပြီးလေ။
သူက ခပ်တည်တည်ပဲ။ အနော်လည်း ကွမ်းတစ်ယာ ထုပ်ပေးလိုက်တယ်။သူက ခပ်သွက်သွက်ပဲ ယူပြီးဝါးနေတာ။
ဒီလူ တော်တော်လေး ထူးဆန်းနေတယ်ဂျ။အနော် မျက်လုံးထဲမှာလေ။တွေ့ နေကျပုံစံတွေနဲ့ လည်း မတူဘူး။ပြီးတော့ …
ရဲတင်းလွန်းတယ်။ကျွန်တော် ဘာများထင်နေလဲမသိဘူး။ဒီနယ်က လူတွေက ကျွန်တော်ကိုဆို သိနေပြီ။ တွေ့ ရင် နှုတ်ဆက်နေကျ။အပြုံးမျက်နှာတွေနဲ့ လေ။ ဒီဘဲ ကြမှ….ဘာစတိုင်မှန်းမသိဘူး။လန်းတော့ လန်းတယ်နော် ဟီး :D။
လူတော့ ရှိန်တယ်။အနော်တောင် ရှိန်တယ်။ ဟီး :D ။
သူကို ကျွန်တော်စကားမပြောဖြစ်ပါဘူး။ကိုယ် အပူတွေနဲ့ ကိုယ်ဆိုတော့ လေ။ ရှေ့ တည့် တည့် ငေးပြီး စဉ်းစားနေတာ။
သူလည်း ကွမ်းဝါးနေရင်းနဲ့ …ရှေ့ ကို တည့် တည့် ကြည့် နေတာ။ပြီးတော့ ခြေထောက်ကို တောင်..လွှဲနေသေးတယ်။ ခဏကြာတော့ …ကွမ်းတံတွေး…တစ်ချက်ထွေးပြီးတော့ …ရှေ့ တည့် တည့် ကြည့် လျက်ပဲ ကျွန်တော်ကို ပြောတယ်။
“စိတ်အရမ်း ညစ်နေတာလား” တဲ့ လေ။ကျွန်တော်တောင်ကြောင်သွားတယ်။
ဟ..ဒီလူ ဘယ်လို လုပ် သိနေတာလဲ ဆိုပြီး။ပြီးတော့ …သူက ဆက်ပြောတယ်။
“မပူနေပါနဲ့ ….နင် အဆင်ပြေသွားမှာပါ….နင်လုပ်နိုင်ပါတယ်” ဆိုပြီး သေသေချာချာကြီး ကျွန်တော်မျက်နှာကိုကြည့် ပြောတာ။ကျွန်တော်တော်တော်လေး…ဇဝေဇ၀ါဖြစ်သွားတယ်။ဒီလူ..ဘာလဲဟ…ဆိုတဲ့ အကြည့် နဲ့ ကျွန်တော် ကြည့် နေတာ..သူကိုလေ။ သူကတော့ ….ကျွန်တော်ကို ပြောစရာရှိတာ ပြောပြီးပြီး ဆိုတဲ့ အထာနဲ့ …ထလိုက်တယ်။ပြီးတော့ …
ညောင်ပင် အနောက်ကို ၀င်သွားတယ်။ကျွန်တော်က သူကို လိုက်ကြည့် နေတာ။ ရှုပ်ထွေးတဲ့ အတွေးတွေနဲ့ လေ။
သူ ညောင်ပင်အနောက်ကို ၀င်သွားတာ…အပေါ့အပါး သွားတယ်ထင်တာပဲ။
အဲဒီမှာ… “ကိုဇူး..ဝေ့ ကိုဇူး” ဆိုတဲ့ အသံကို လမ်းမပေါ်က ကြားလိုက်လို့ …ကြည့် လိုက်တော့ ..နန်းဗျ။ သူတို့ လှည်းတွေနဲ့ ရောက်လာတယ်လေ။အနော်က…သူမြင်တော့ …ခုနလူကို မေ့ သွားတယ်။စိတ်ညစ်တာလည်း..နည်းနည်းပြေသွားတယ်ဂျ။ :D အဟီး။လူစိတ်ရယ်နော်…ပြောင်းလဲတာတော့ မြန်တယ်။
သူကလည်း…ကျွန်တော်ကို မြင်တာနဲ့ …ခုန်ဆင်းလာတာ။လှည်းပေါ်ကနေပြီးလေ။အဲဒါအနားရောက်တော့ …အနော်က
“ဒီဘက် ဘာလာလုပ်တာလဲ” ဆိုတော့ ….
“အယ်! ကိုဇူးတို့ ခြံထဲမှာ…နတ်မေးပွဲ လုပ်မယ်ဆို..အဲဒါကြောင့်လာတာလေ”  ဆိုပြီး ပြန်ဖြေတယ်။
“ဟမ်! နတ်ပွဲ လုပ်တာ….ငါတို့ လုပ်တာလေ…အဲဒါ ရွာသားတွေက ဘာလို့ လာကြတာတုန်း” လို့ မေးတော့ …။
“အာ..ခက်ပြီ။ ကိုဇူးကလည်း….ဒါရွာဓလေ့ ဟာ။တစ်ခြံက အဲဒီလို နတ်မေးရင် လူတိုင်းလာဝိုင်းကူတယ်။သူတို့ လည်း…
သူတို့ …မေးချင်တာ…တွေ မေးရင်းနဲ့ လေ” ဆိုပြီး ပြန်ဖြေသဗျှ။အဲဒီတော့ မှာ အနော်လည်း။
“ဟိုက်” ဆိုပြီး ဖြစ်သွားတယ်။ဟုတ်တယ်လေဂျာ။အနော် ထင်ထားတာက လူတစ်ယောက်နှစ်ယောက်လောက်လာမယ်။
ပြီးတော့ …ခြံထဲက အလုပ်သမားတွေနဲ့ ပေါ့နော်။မေးကြမယ်။အဲဒီလို ထင်ထားတာ။ အခုဟာက တစ်ရွာလုံးလာမေးတယ်ဆိုတော့ ….သိပ်တော့ မဟုတ်တော့ ဘူး။အဲဒါနဲ့ ….ထပ်မေးမိတာပါ…နန်းကိုလေ။
“နန်းတို့ နတ်က မှန်ရော မှန်ရဲ့ လားဟာ” ဆိုတော့ …. “သိပ်မှန်တာပေါ့….လူတိုင်းလိုလို အဲဒီလိုပဲ ခြံတစ်ခုခုဖစ်နေတယ်ဆို
နတ်ပင့်မေးလိုက်…သူပြောတဲ့ အတိုင်း လုပ်ပေးလိုက် ကောင်းသွားရော” တဲ့ ။
“အယ်… လွယ်လိုက်တာနော် လို့  :D…. အဲဒီလို မှန်းသိရင် စောစောကတည်းက နတ်ကို အိမ်ခေါ်ထားပါတယ်”
ဆိုပြီး ရွှဲ့ လိုက်မိတယ်။ဟုတ်တယ်လေဂျာ။နတ်လုပ်တိုင်း ရနေရင်တော့ ….ဟင်းဟင်း။ ငဇူးနတ်တွေနားပဲနေတော့ မယ်။
ဘာ ဥယျာဉ်ခြံမြေမှ မလုပ်တော့ ဘူး။
နန်းကတော့ … “ ဟွန့် …ဘုကန့် လန့် အကျင့်က အမြဲပဲနော်” ဆိုပြီး မျက်စောင်းထိုးပြီးထွက်သွားတယ်။
အနော် ပြသနာတော်တော်များများ ရင်ဆိုင်ဖူးပါတယ်ဂျာ။ခံနိုင်ရည် ရှိပါတယ်။ဒါပေ့ မယ်…သူမျက်စောင်းဒဏ်ကိုတော့ ခံနိုင်ရည် မရှိဘူးဂျ။ ရင်ဘတ်က တစ်ဒုတ်ဒုတ်နဲ့ ကျန်ခဲ့ တာ။ရင်ကို မောရော :D ။ ။
အဲဒါနဲ့ သူကို .. “ဝေ့ ..ဘယ်လဲ အဲဒါ” လို့ ပြောတော့ … “ခြံထဲလေ” တဲ့ ။ရှက်ရမ်းရမ်းပြီး လစ်သွားတာ။အဲဒါ။
ခြံထဲကို နေဒီလောက်ပူနေတာ။ပြီးတော့ …ကုန်းတတ်ကြီး။အနော်လည်း..
“နေ ဒီလောက်ပူနေတာကို…ဆိုင်ကယ်နဲ့ လိုက် ပို့ မယ်..ခဏ” ဆိုပြီး….ညောင်ပင်အနောက်ကို ၀င်သွားလိုက်တယ်။
အဲဒါ…ခုန ၀င်သွားတဲ့ လူကို သွားကြည့် တာ။မရှိဘူးဂျ။ဒီလူလေ…လုံးဝမရှိတော့ ဘူး။မိနစ်ပိုင်းလောက်ပဲ ကြာတာအနော်နဲ့ နန်းနဲ့ စကားပြောတာက။အဲဒါကို ဒီလူ မရှိတော့ တာ ဆိုတော့ …အနော်လည်း နည်းနည်းလန့် သွားတယ်။တစ်နေနေရာထွက်သွားရအောင်ကလည်း…အပင်တွေက ကျိုးတဲ့ ကျဲတဲ့ …ဆိုတော့ …မြင်ရမှာပဲလေနော်။
အခုဟာက သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူးထင်တာပဲ။အနော်လည်း….ဒီလူ ကို မတွေ့ တော့ ….ညောင်ပင်ရှေ့ ပြန်လာပြီး။နတ်စင်ပေါ်ကို ကွမ်းတစ်ထုပ်တင်ခဲ့ လိုက်တယ်။ပြီးတော့ ….ဆိုင်ကယ်နဲ့ ….နန်းကို တင်ပြီး ခြံ ဘက်ကို မောင်းသွားလိုက်တယ်။
လမ်းမှာ နန်းကတောင်မေးနေသေးတယ်။
“ဘာသွားလုပ်တာလဲ ….ညောင်ပင်နောက်ကို”
ခြံထဲရောက်တော့ ….နတ်ပွဲလုပ်ဖို့ လူတွေက စနေကပြီဂျ။ အဲဒီမှာ လေးစားစရာကောင်းတာလေးတစ်ခုသွားတွေ့ ရတယ်။
ရွာသားတွေရဲ့ စိတ်ဓါတ်ပါ။ နတ်စင်လုပ်တာက အစ အကုန်ဗျာ၊ အုန်းပွဲ ငှက်ပျော်ပွဲတွေဘာတွေ အကုန်…သူတို့ ပဲ ဦးဆောင်ပြီး လုပ်ပေးတာ။ တစ်ယောက်တစ်လက်စီပေါ့ဂျာ။ တော်တော်လေးလည်းပျော်ဖို့ ကောင်းသလို လူလည်းစီတယ်။
အဲဒါနဲ့ ….နန်းကို မိန်းခလေးတွေ မုန့် လုပ်နေတဲ့ ဝိုင်းမှာ ထားပြီးတော့ ….ကျွန်တော် ဇောင်းကြီးဆီကို ထွက်လာတယ်။သူကတော့ …ဟိုစီမံ ဒီစီမံပေါ့ဂျာ။သူလုပ်ချင်တာကျတော့ ….အားကိုးရပါတယ်။သူကျွမ်းတယ်လေ။အဲဒါကျတော့ …..အနော်က ဘာမှမသိဘူး…နတ်ပွဲနဲ့ ပတ်သတ်ရင်။
ဒီလိုနဲ့ …တစ်ဖြည်းဖြည်း…လုပ်လာလိုက်တာ…ညနေသုံးနာရီလောက်မှာ…အားလုံးပြီးစီသွားသဗျှ။
ခြံဝနားမှာ အရိပ်ကောင်းတဲ့ အပင်ကြီးတွေရှိတယ်။အဲဒီနားမှ…တဲ တစ်လုံးထိုးထိုးတယ်။အကာတွေတော့ ပါဘူး။
လေးတိုင်စင် တဲပဲ။အဲဒီတဲ ထဲမှာ….နတ်ဝင်သည်က စည်းဝိုင်းဖြူလေးတစ်ခုကို ၀ိုင်းပြီး ထိုင်ရမှာ…သူနောက်မှာ
အုန်းပွဲ၊ငှက်ပျောပွဲတွေ တင်ထားတဲ့ စင်တွေပဲရှိတယ်။ စင်တွေကတော့ ကြီးတယ်။ တစ်ရွှာလုံးက မေးမှာဆိုတော့ လေ။
နည်းနည်းများတယ်။ကိုယ်မေးချင်ရင် အုန်းပွဲ ငှက်ပျောပွဲဝယ်။ပြီးရင် စင်တစ်နေရာမှာ ကိုယ်နာမည်ထိုးပြီးတော့ …ထားခဲ့ ။
နတ်က…သွားမကြည့် ဘူးနော်။အစဉ်အလိုက်အော်သွားတာ။ဘယ်သူ ဘယ်သူ ဆိုတာကိုလေ။အဲဒီလို စွမ်းတယ်လို့ တော့ ပြောကြတာပဲ။ ဒီလိုနဲ့ ….အဲဒီနတ်စင်နားမှာ…တံမြက်စည်းတွေ ဘာတွေ သေသေချာချာလှဲကျင်းပြီးတော့ …လူတွေထိုင်ကြတယ်ဆိုပါတော့ ။နတ်ဝင်သည်ကလည်း ထိုင်နေတာပဲ။ နတ်ထိမ်းတစ်ယောက်ပဲ မတ်တပ်ရပ်ပြီး။ဘယ်သူကဘာမေးချင်တာလဲ…မေးချင်တာကို နတ်ကို “ပအိုဝ်” လို ပြန်ပြောရတယ်။
ဟိုက “ပအိုဝ်” လို ပြန်ဖြေတယ်။အဲဒါကို ဒီဘက်ကို မြန်မာလို ဘာသာပြန်ပေါ့ဂျာ။ဒီလိုသွားတယ်။သူတို့ လုပ်ပုံကိုင်ပုံက။
အဲဒီနတ်မေးပွဲကို ကျွန်တော် ဒီရောက်မှ မြင်ဖူးတာဂျ။အောက်ပြည် အောက်ရွာနဲ့ …အညာဒေသတွေမှာလို…ဆိုင်းတွေဘာတွေနဲ့ ကခုန်နေတာမဟုတ်ဘူး။အရက်လည်းမပါဘူး။အသားလည်းမပါဘူး။
ရိုးရာပွဲလေးတစ်ခုလို လုပ်ကြတာ။အနော်တော့ ကြိုက်တယ်။အဲဒီလိုလေးကိုလေ။ ဘာရယ်ညာရယ်တော့ မဟုတ်ဘူးဂျာ။
အဟုတ် ကြိုက်တယ်။ ခဏကြာတော့ …နန်းတို့ အဖေ ရောက်တယ်။သူစတိုင်အတိုင်းပေါ့..နှုတ်ခမ်းမွှေး သသ နဲ့ ….
အထာက သန့် နေတာပဲ။နဖူးပေါ်မှာတော့ ….ဖုန်တွေတတ်နေတယ်။ဟီး :D ။ ။
သူက နတ်ထိမ်းတဲ့ ဂျ။ပြီးတော့ ….တိုင်းရင်းဆေးဆရာ ဆိုပဲ။သူများပြောလို့ သိတာပါဂျာ။အဖိုးကြီးကလည်း..ဒါလေးတောင်အနော်ကို မပြောဘူး။တကယ်ဆို…အနော်က သူသမီးနဲ့ ဘာလိုလိုညာလိုလိုဖြစ်နေတာဂျာ။ အဲဒီတော့ …ဘာလိုလိုညာလိုလိုဖြစ်လာမဲ့ ..အဖိုးကြီးက အနော်ကို အရင်ပြောသင့်တာပေါ့လို့ နော့် ဟီး။ (ကြားရင် လာသတ်မလားတောင် တိဝူး :P ) ။ ။
ဒီလိုနဲ့ …သုံးခွဲလောက်မှာ…စမေးဖြစ်တယ်ဆိုပါတော့ ဗျာ။ဓလေ့ ထုံးစံအရဆိုရင်…ခြံရှင်က နောက်ဆုံးမှမေးရတယ်။ဒါက
တစ်ယောက်နဲ့ တစ်ယောက်ရိုသေသမှု ပြုတဲ့ သဘောဂျာ။ အဲဒီလိုနဲ့ ..နတ်ဝင်တယ်ဆိုပါတော့ ….နန်းတို့ အဖေက လူတွေကြားနဲ့ …နတ်ကြားမှာ…ရပ်ပြီး ဘာသာပြန်ပေးနေတယ်။ လက်အုပ်ခလေးချီပြီးလေ။တစ်ယောက်ပြီးတစ်ယောက်မေးကြတာဂျ။မှန်မှန်တော့ မသိဘူး။ တော်တော်လေးတော့ ယုံကြည် ကြတယ်။အဲဒီကလူတွေက။ဒီလိုနဲ့ …နောက်ဆုံးကျွန်တော်တို့ အလှည့် ရောက်တော့ …ခြောက်ခွဲနေပြီ။မှောင်တာကလည်း..မှောင်နေပြီလေ။လူတွေ အားလုံးက အဲဒီအထဲမှာ ထိုင်နေရတာ။ဒီနေ့ မှ ခြံကလည်း..မီးစက်တွေဘာတွေ နှိုးပြီးတော့ …မီးတွေ လိုက်သွယ်ထားပြီး ထွန်းပေးထားရတယ်။နတ်ပွဲပြီးရင်
သူတို့ တွေက မုန့် တွေဘာတွေစားကြပြီးမှာ ပြန်ကြမှာ။ ဒီသဘောကကျတော့ ….
“အားလုံးချစ်ချစ်ခင်ခင်နဲ့ ..နတ်မေးပွဲ ပြီးမြောက်၏” ဆိုတဲ့ သဘောဂျ။
ဒီလိုနဲ့ …အနော်တို့ အလှည့် ရောက်လာပါလေေ၇ာ။လူတိုင်းကလည်း စိတ်ဝင်စားတယ်။ အထိကဖြင့်ကျွန်တော်ကိုပေါ့နော်။
ဒီခြံထဲမှာ…ဒီလို နတ်မေးပွဲကျင်းပဖို့ မပြောနဲ့ ….နေတဲ့ လူတိုင်း…နှစ်ရက်တစ်ပိုင်းပဲခံတယ်။ပြန်ပြေးရင်ပြေးမပြေးရင်
သေတာပဲ။ကျွန်တော်တို့ အလှည့် ကျတော့ ….ဒီလိုမဟုတ်ဘူး။သရဲခြောက်တာတောင်…ညဘက်ကို အပြင်ထွက်ပြီး
ဓါးနဲ့ လိုက်တဲ့ ခလေး။ ဆိုပြီး ရွာထဲ နာမည်ကြီးနေတော့ …သူတို့ က ပွဲကြီးပွဲကောင်းဟေ့ ..ဆိုပြီး သိချင်နေကြတာ။
အမှန်တော့ …အကြောက်လွန်ပြီး လိုက်တာပါဂျာ။ဒါပါပဲ။သတ္တိသိပ်ရှိနေလို့ တော့ မဟုတ်ပါဘူး။ L
ကျွန်တော်တို့ မေးတဲ့ အလှည့် မှာ ဇောင်းကြီးက ကျွန်တော်ကို ကြည့် နေတာ။အဲဒါနဲ့ ..နင်သွားလိုက် ဆိုတဲ့ အထာနဲ့ ။
ကျွန်တော်က မေးငေါ့ပြလိုက်တော့ မှ…သူရှေ့ ကို တတ်သွားတာ။မေးမဲ့ သူကေ၇ှ့ တိုးရတာကိုး။နတ်(နတ်ဝင်သည်)ပေါ့နော်။သူက ဇောင်းကြီးကို သေသေချာချာကြည့် နေတယ်။ပြီးတော့ …နန်းတို့ အဖေကို လှမ်းပြောတယ်။ ပအိုဝ်လိုလေ။
“သူ မဟုတ်ဘူး” တဲ့ ။
အဲဒါ အဖိုးကြီးက ကျွန်တော်ကို လှမ်းခေါ်တယ်။ကျွန်တော် ရှေ့ တတ်ရတာပေါ့။ နတ်ဝင်သည်က မိန်းမကြီးပါ။ဒါပေ့ မယ် သူမျက်လုံးတွေက တစ်လက်လက်နဲ့ အရောင်တောက်နေတာ။သူက ကျွန်တော်ကို သေသေချာချာစိုက်ကြည့် ပြီး…။
နတ်   ။    ။“ဘာမေးချင်လဲ” တဲ့ (အဖိုးကြီးက ဘာသာပြန်ပေးတာပါ။တစ်ဆင့်လေ။တိုက်ရိုက်ပဲရေးလိုက်ပါတယ်။)။
အနော်။   ။ “ခြံထဲမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေ အားလုံးပြီးဆုံးချင်တယ်။အနှောင့်အယှက်ကင်းစွာနဲ့ အလုပ်လုပ်ခြင်ပါတယ်”
နတ်  ။    ။ “ဒါက အရင်ပိုင်ရှင် ဟောင်းရဲ့ ခြံပါ။သူက သူခြံကို လက်မလွှတ်ချင်ဘူး။သူဘက်ကဖြစ်စေချင်တဲ့ ဆန္ဒကတော့ .
သင်တို့ ဖြစ်နိုင်ရင် ဒီခြံထဲက ထွက်သွားပါ”
ဒီလိုကြီးလာပြောတယ်ဂျာ။ကျွန်တော် တော်တော်ကိုတင်းတယ်။စိတ်ထဲမှာလည်း ဒေါင်းကနဲ ဖြစ်သွားတာ။ဘယ်နှယ့်  ခြံထဲက ထွက်ပေးလိုက်ရင် ကျွန်တော်တို့ ရင်းနှီးထားတဲ့  မျိုးစေ့ ဖိုးတွေ တဲဖိုးတွေ အကုန်ဗျာ။ဘယ်သူကလာပေးမှာလဲ။
ပေးခဲ့ သည်တိုင်အောင်….ကျွန်တော်က ပြန်မှာမဟုတ်ဘူး။မရရအောင်လုပ်မှာ…အားလုံးအစပြုပြီးနေပြီ။
အဲဒါနဲ့ …ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။တစ်ခါတည်း အပြတ်ရှင်းမယ်ပေါ့နော်။
အနော်။ ။ “ကျွန်တော်ဘက်က လုံးဝနောက်မဆုတ်နိုင်ပါဘူး။အဲဒီအတွတ် ကျွန်တော်တို့ တို့ ဘာလုပ်သင့်လဲ
ဆိုတာ အကြံဥာဏ်ပေးပါ။”
နတ်။  ။ “ကောင်းပြီလေ။ဒါဆိုရင်တော့ ….ယခုလက်ရှိခြံပိုင်ရှင်နဲ့ ..ယခင်က ခြံပိုင်ရှင်ဟောင်းတို့ ဆက်ရှင်းရမှာမဲ့ ကိစ္စပေပဲ။
ဒါပေ့ မယ်…လူလေး….မင်းစဉ်းစားနိုင်ပါတယ်။ မင်း အသက်ပေးရဖို့ များတယ်။”
ဒီစကားက ကျွန်တော်ကို တော်တော်လေး ထိတ်လန့် စေပါတယ်။တကယ်တမ်းပြောရရင် သေသွားနိုင်တယ်။ဒီလို ပြောသံကို အဖိုးကြီးဆီက ကြားတော့ …ရွာသူ/ရွာသားတွေ အကုန်လုံးက လန့် ကုန်တယ်။တိုးတိုး တိုးတိုးနဲ့ 
ပြောနေသံတွေ အများကြီးဖြစ်သွားတယ်။ပြီးတော့ …နန်းက ကျွန်တော် အနောက်မှာဆိုတော့ …ကျွန်တော်လက်မောင်းကို
လှမ်းဆွဲလိုက်တယ်။အဲဒီစကား ကြားကြားခြင်းမှာလေ။သဘောက လျှော့ လိုက်ပါ ဆိုတဲ့ သဘော။နောက်ဆုတ်လိုက်ပါဆိုတဲ့ သဘောဂျ။ကျွန်တော်ကလည်း…ခေါင်းမာတယ်ဂျာ။တစ်ခုခုဆုံးဖြတ်ပြီးရင် အဲဒီဟာက
အသေဖြစ်သွားေ၇ာ။အဲဒီလို လူမျိုး…ဆိုတော့ လည်း….၀ူး…ခက်တယ်ဂျာ။ ဒီနယ်ကို လာမိတာကိုက ကျွန်တော်အမှား။ ။
နတ်ကလည်း…သူ့ စကားကို သူပြောပြီးနောက် ကျွန်တော်ကို သေသေချာချာစိုက်ကြည့် နေတယ်။အဲဒီအချိန်မှာ…အဖိုးကြီးက နတ်ကို ပအိုဝ်လို ရောတယ်။နတ်ကလည်း…ခေါင်းငြိမ့် ပြီး အဖြေပြန်ပေးတယ်။ဘာတွေပြောနေမှန်းတော့ မသိဘူးဂျ။
ပြီးတာနဲ့ အဖိုးကြီးက ကျွန်တော်ကို တစ်ချက်လှမ်းခေါ်တယ်။ကျွန်တော်က သူဆီကို ထသွားလိုက်တော့ ….နား နားကို
ကပ်ပြီးတော့ …ဘာပြောတယ်ထင်တုန်း။ ။
“ခြံပိုင်ရှင်နဲ့ တွေ့ မလားတဲ့ …..ဆန္ဒရှိလားတဲ့ ”
ခြံပိုင်ရှင်ဆိုတာက…သေသွားပြီး မကျွတ်မလွတ်ဖြစ်နေတဲ့ သူကို ပြောတာပါ။ကျွန်တော်လည်း..ကြက်သီးဖြန်းဖြန်းထသွားတယ်။ ဘယ်လိုတွေ့ ရမှာတုန်းဆိုတော့ …။
“တစ်ယောက်ယောက်ကိုယ်ထဲ ခဏ ၀င်ခိုင်းလိုက်မယ်လေ” တဲ့ ။ ကျွန်တော်လည်း..သဘောလို့ ပြောလိုက်တယ်။
ဟုတ်တယ်လေ။ ပြသနာက..မြန်မြန်နဲ့ …တိတိကျကျပြီးဆုံးသွားတာကို လိုချင်တာကိုး။မတင်မကျကြီးနဲ့ ဆိုနေရတာ
သိပ်မမိုက်ဘူး။အလုပ်သမားတွေကို ထပ်နှောင့်ယှက်နေရင် ခက်မယ်။
အဲဒီလို လုပ်မယ်ဆိုတာကို သိနေတဲ့  ရွာသားတွေကတော့ …လှုပ်လှုပ်ရွရွတွေ ဖြစ်ကုန်တယ်။ပြေးမဲ့ သူက ပြေးဖို့ တောင်
ပြင်နေပြီ။အဲဒီလိုတွေ။ အဲဒီအဖိုးကြီးက အားလုံးကို အော်ဟောက်ပြီးတော့ …လူတစ်ယောက်ကို ခေါ်တယ်။ယောင်္ကျားလေးပဲ။အားကောင်းမောင်းသန်ပဲ ဒီလူလည်း။အဲဒီလူနားမှာ အဖြူရောင် စည်းဝိုင်းတစ်ခုတားတယ်။
အဲဒါ နတ်လုပ်တာပါ။ပြီးတော့ …အပူးခံမဲ့ သူကို ၀င်ခိုင်းတယ်။ ကျွန်တော်က အဲဒီလူနဲ့ …နီးနေတယ်။ လက်တစ်လှမ်းပေါ့။
ကိုယ်က ပြောရမဲ့ သူဆိုတော့ လေ…မျက်နှာခြင်းဆိုင်(Face by Face) အနေအထားပေါ့ဂျာ။ထိုင်နေရတာ။
အဲဒီလူက မ၀င်ခင်ကတော့ ….ထိုင်နေတာ တင်ပလ္လင်ချိတ်ဂျ။ဝင်လည်း ၀င်လာရော….ဒူးထောက်ပြီး..ကျွန်တော်ဆီကို လက်လှမ်းတော့ တာပဲ။လည်ပင်းညှစ်ဖို့ လေ။ အဲဒါကို နတ်က…သူလက်ကို ရိုက်ချပလိုက်ရတယ်။ပြီးတော့ …ကျွန်တော်ကို
လှမ်းကြည့် တယ်။ ပြောချင်တာပြောပေါ့နော်။(သရဲ နဲ့ ကျွန်တော်နဲ့ ပြောနေတဲ့ အချိန်မှာ…အဖိုးကြီးကပဲ ကြားက ဘာသာပြန်ပေးတာဂျ။ဟိုကလည်း ပအိုဝ် လိုပဲပြောတယ်)
အနော်။ ။ “ခင်ဗျား ကျွန်တော်ကို ဘာပြောစရာရှိလဲ။”
ဝင်ပူးခံရတဲ့ လူ။  ။ “မကျေနပ်ဘူး”
အနော်။ ။ “ဘာကို မကျေနပ်တာလဲ ပြော”
ဝင်ပူးခံရတဲ့ လူ။  ။ “ငါခြံထဲမှာ နေတာကို မကျေနပ်ဘူး”
အနော်။ ။ “ခင်ဗျား မပိုင်တော့ ဘူးလေ”
ဝင်ပူးခံရတဲ့ လူ။  ။ “လက်ရှိ ငါနေနေတယ်။မင်းငါ့တို့ မိသားစုကို ဓါးနဲ့ ခုတ်ထားတာ..အခုထိ အမာရွတ်တွေရှိတုန်း။
အဲဒါကြောင့်လုံးဝ မကျေနပ်နိုင်ဘူး။ဒီထဲမှာလည်း..ပေးမနေနိုင်ဘူး”
အနော်။ ။ “ဟမ်…သစ်ပင်ကို ခုတ်တာပါ”
ဝင်ပူးခံရတဲ့ လူ။  ။ “အဲဒီမှာ…ငါညီမနေတယ်”
သေချင်တာပဲဂျာ။ကျွန်တော်လည်း…ဘယ်နှယ့် ….အစတစ်ခုလောက်ရှိမလားလို့ …ဆွဲထုတ်ကြည့် ပါတယ်။သပွတ်အူနဲ့ လာတိုးနေတယ်။အခု ဒီလူပြောပုံဆိုပုံအရဆို…သရဲက တစ်ကောင်တည်းမဟုတ်ဘူးပေါ့။တော်တော်စိတ်ညစ်သွားတယ်။
ဇောင်းကြီးဘက်ကို လှည့် ကြည့် တော့ ….ဇောင်းကြီးကလည်း….ပြန်ရင်ကောင်းမယ်ထင်တယ် ဆိုတဲ့ အထာ။
ဆုံးလည်း ဆုံးပါစေတော့ ကွာ..ဆိုတဲ့ မျက်နှာမျိုး။နောက်ဆုံး…..
ဝင်ပူးခံရတဲ့ လူ။  ။ “ငါတို့ ဘက်က လုံးဝမကျေနပ်နိုင်ဘူး။ဒီတော့ ဆက်မနေပါနဲ့ ။ဒါ ငါတို့ မြေ”
ဆိုပြီး ထွက်သွားတယ်။
နတ်ကလည်း…
“နေမယ်။မနေဘူး ဆိုတာ လူလေး ဆုံးဖြတ်နိုင်တယ်။ဖြစ်လာတဲ့ အကြောင်းတရား တွေကို လူလေးပဲ ခံစားရမှာ”
ဆိုပြီး နိဂုံးချုပ်သွားတယ်။ ပြီးတော့ ထွက်သွားတယ်။
လူက ဟက်ကော့ ကြီးဗျာ။ရွာသားတွေကလည်း…သူတို့ ကိစ္စတွေတော့ အဆင်ပြေပါရဲ့ …ဒါပေ့ မယ် ကျွန်တော်ကိစ္စအဆင်မပြေတော့ …စိတ်မကောင်းကြဘူး။သူတို့ ရဲ့ မျက်ဝန်းတွေထဲမှာ တွေ့ နေရတာတော့ ..
“စိတ်လျှော့ လိုက်ပါ” ဆိုတဲ့ အထာတွေ။
နတ်မေးပွဲ ပြီးသွားတော့ ….စားကြသောက်ကြပေါ့ဂျာ။ အဲဒီလို စားသောက်နေတဲ့ အချိန်မှာ…နန်းကအနော်ဘေးမှာရှိနေခဲ့ တယ်ဗျ။သူဘာမှတော့ မပြောဘူး။တော်တော်လေးနှတ်ဆိတ်နေတယ်။အဖိုးကြီးကလည်း…တစ်ခုခုကို တော်တော်လေးတွေးနေတာ။ခဏကြာတော့ ….ဇောင်းကြီးက ကျွန်တော့် နားကို ရေးကြီးသုတ်ပြာနဲ့ ရောက်လာတယ်။
ပြီးတော့ …. “ငဇူး..ကွိုင်တော့ တတ်ပြီ။ ခြံစောင့်တွေ ညမအိပ်တော့ ဘူး…လုပ်နေတယ်။ဘယ်လိုရှင်းမလဲ” တဲ့ ။
ကျွန်တော် အဲဒါကို သတိထားမိပါတယ်။ဒီပြသနာတတ်လာမယ်ဆိုတာလေ။မိတ်ဆွေတို့ ရော နေမလား။ဟိုက ကြိမ်းသွားတာကြီးကို…နေတဲ့ သူ တစ်ခုခုဖြစ်မှာပဲ။အဲဒီတော့ ….ကျွန်တော်က…
“သူတို့ ကို ခေါ်လိုက်ပါ” ဆိုပြီးတော့ ပြောလိုက်တယ်။ သူတို့ လည်းရောက်လာရော..အကုန်ပြန်ခိုင်းလိုက်တယ်။
ဇောင်းကြီးက… “ငါတို့ က ဘယ်မှာနေရမှာလဲဟင်” တဲ့ ။ သူဒီမှာမအိပ်ရဲတော့ ဘူးထင်ပါတယ်။
ကျွန်တော်လည်း…အဲဒါပဲ စဉ်းစားနေတာပါ။အနော်လည်း..ကြောက်ပါတယ်။လူတိုင်းလည်း…ဒီအခြေအနေကြီးမှာ
နေရဲ မယ်မထင်ပါဘူး။ကျွန်တော်တို့ အခက်အခဲကို ကူညီလိုက်တာကတော့ ….နန်းတို့ သားအဖပါပဲ။
နန်းကပဲ ၀င်ပြောတာပါ။ သူတို့ ဆီမှာ အိပ်ပါဆိုပြီးလေ။အဖိုးကြီးကလည်း လက်ခံတယ်။
အဲဒီညကတော့ ….ခြံကြီးတစ်ခုလုံးကို ပစ်ပြီး လူတွေ တိုင်းအလွတ်ကို ရုန်းသွားတော့ တာပါပဲဂျာ။
အဲဒီညက နန်းတို့ အိမ်မှာ အိပ်ရင်းနဲ့ …ကျွန်တော်တွေးနေတာ…ဒီပြသနာကို ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ လေ။
ငါတော့ ...ဒီလာတာကိုက မှားတာပါ ဆိုပြီး စိတ်ညစ်လိုက်တာဗျာ။ အဟုတ်။
မိုးသာလင်းသွားတယ်။ အဖြေကတော့ …ထွက်မလာခဲ့ ပါဘူး။
ဇာတ်သိမ်းပိုင်း အားဆက်ဖတ်ရန် ဒီမှာ နှိပ်ပါ။
ငဇူး
...........................................................
10 comments:
  1. [...] (၃) ကို ဒီမှာ နိပ်ပြီး ဖတ်နိုင်ပါတယ်ခင်ဗျား။ [...]
    ReplyDelete
  2. နာသာဆိုရင်တော့ ဘယ်မှမပြောင်းဘူး... အဲဒီ့ညကို ဆက်နေကြည့်ချင်တာ။ ဘာဆက်ဖြစ်မလဲပေါ့။ တကယ်ပြောတာ.. ငါအခုထိ သရဲ အခြောက်မခံရဘူးသေးဘူး။ အဲဒါကြောင့်မကြောက်တာလား မယုံတာလားမသိဘူး
    ReplyDelete
  3. အင်း စိတ်ဝင်စားစရာကောင်းကောင်းလာပြီ ဆန့်တငင်ငင်နဲ့ နင်မသေပါဘူး နင်က မြင်းသား အဲလေ ယောင်လို့ မင်းသားပဲ ဇာတ်ကားတွေထဲမှာ မင်းသားက အသေဘူးရော် ခစ်ခစ်
    ဆက်နော် ငါ မျှော်နေမယ် ထုတော့ နာရဲ အိပ်ပြီ တာ့တာ ဒွတ်ည
    ReplyDelete
  4. တိန်! မတေယို့ ရေးနေတာပေါ့ဟ။သေရင်..နင့်ကို ညဘက်ကြီးလာကျောကျမယ် ခွိခွီ :P
    ReplyDelete
  5. လန်းစ် :D
    ReplyDelete
  6. အဲ့ဒါပေါ့ ငဇူးတို့များ သေလည်းမသေနိုင်ဘူး သူများသေတာလည်း အားမကျ။ :D အဟဲ ဇာတ်သိမ်းပိုင်းကိုမျှော်နေသဟ။
    ReplyDelete
  7. tole loe tan lan ma lote ya fu lay. uncle zu, myan myan sat yay :P
    ReplyDelete
  8. တို့လို့တန်းလန်းကြီးကွာ...ဖီးပျက်တယ်... မြန်မြန်ပြီးအောင်ရေး...ဖတ်လို့ကောင်းတယ်
    ဟီး
    :D
    ReplyDelete
  9. hey!! nice to read!! i'm waiting for next part.
    ReplyDelete
  10. ဖတ်လို့ကောင်းတယ် အကို ဆွဲဆောင်မှုရှိတယ်....ကျနော် ကူးသွားတယ်နော်..
    အားပေးလျှက်ပါ
    ReplyDelete