Thursday, January 3, 2013

နိုင်ငံကို ကင်းဝန် ရောင်းစားခဲ့ သလား?


ကင်းဝန်မင်းကြီးသည် မြန်မာပြည်ကို တကယ်ရောင်းစားခဲ့ သူလား ?

ကင်းဝန်မင်းကြီးနှင့် ဦးဘိုင်းလှိုင်တို့ က သီပေါဘုရင်ကလေးအား အနောက်ဥရောပနိုင်ငံများသို့ ခရီးထွက်စေချင်သည်။ ထိုနိုင်ငံကြီးများ၏ ခေတ်မီတိုးတတ်သော အခြေအနေအရပ်ရပ်ကို သီပေါဘုရင်ကိုယ်တော် မျက်ဝါးထင်ထင်တွေ့ မြင်စေလိုသည်။ ထို့ ကြောင့် သီပေါဘုရင် ခရီးထွက်ရန် မြန်မာပိုင်သင်္ဘောခရီးစဉ်ကိုပင် ရေးဆွဲခဲ့သည်။ ခရီးထွက်စေစဉ် နောက်ဆံမတင်းစေရန် အစီအစဉ် အမျိုးမျိုးတို့ ကိုလည်း ချမှတ်ခဲ့ သည်။


ထိုအခါ တိုင်းတာမင်းကြီးက သီပေါဘုရင်မရှိခိုက် ၇န်သူတော်မင်းသားအချို့ သည် နန်းတော်ကို စီးနင်းတိုက်ခိုက်နိုင်ကြောင်းလျှောက်ထားလေသည်။ သီပေါဘုရင်က နန်းတော်ကို စိတ်ချလက်ချထားကာ အနောက်နိုင်ငံများသို့ မိမိတစ်ဦးတည်း ခရီးထွက်ရန် ပြင်သည်။ ထိုအခါ စုဖုရားလတ်က “နှမတော်ကို ထားခဲ့ပြီး မောင်တော်ချည်း သွားလိုတာက အင်္ဂလိပ်မကို ယူချင်လို့ လား” ဟု ဆိုသည်။ထိုနည်းဖြင့် သီပေါဘုရင်၏ အနောက်နိုင်ငံများသို့ ခရီးထွက်ရန် အစီအစဉ်ပျက်ခဲ့ လေသည်။ :P

သီပေါဘုရင် ပါတော်မူနှစ်ကို သိရန် “ဦးကောင်းလိမ်ထုတ်-မင်းဆက်ပြုတ်” ဟူ၍ လည်းကောင်း၊ “ဦးကောင်း လိမ်ထုတ်-သီပေါပြုတ်” ဟူ၍ လည်းကောင်း မှတ်သားထားခဲ့ ကြသည်။

ဤနည်းဖြင့် ကင်းဝန်မင်းကြီးဦးကောင်း (မြန်မာ ၁၁၈၃-၁၂၇၀) သည် အထက်မြန်မာပြည်ကို ဗြိတိသျှတို့ လက်သို့  ရောင်းစားခဲ့ သည်၊ ထိုးအပ်ခဲ့ သည် ဟု အထင်မှား အမြင်မှား ဖြစ်လာကြသည်။ အမှန်စစ်စစ် မင်းတုန်းမင်းနှင့် သီပေါမင်းတို့ ၏လက်ထပ်တွင် အလုံဝန် မင်ကြီးမဟာစည်သူဘွဲ့ ခံ ၀န်ထောက်တော်၊ ၀န်ထောက်ကင်းဝန် စသည်ဖြင့် ရာထူးအဆင့်ဆင့် တာဝန်ယူခဲ့ သော မင်းကြီး ဦးကောင်းသည် တိုင်းပြည်ကိုေ၇ာင်းစားသူ မဟုတ်ကြောင်း အထောက်အထားများ တွေ့ နိုင်သည်။

ကင်းဝန်မင်းကြီးသည် ၁၂၃၆ ခုနှစ်(၁၈၇၄) မှ စ၍ သေနတ်ဝန် ဖြစ်လာသည်။ မြောက်ထားဝယ်၊ တောင်ထားဝယ် စသော သေနတ် အစု ၂၂တပ်၊ စစ်သည် ၅၀,၀၀၀ ကျော်ကို အုပ်ချုပ်ရသည်။ သေနတ်ဝန်ဖြစ်သောကြောင့် နိုင်ငံကာကွယ်ရေးနှင့် စစ်မှုရေးရာတို့ တွင်ပို၍ တာဝန်ရှိသည်။ သေနတ်ဝန်သည် ကြည်းတပ်များကို

အုပ်ချုပ်ရသည်။ ဤမျှသော စစ်အင်အားဖြင့် အင်္ဂလိပ်နယ်ချဲ့ တို့ ကို တိုက်ရမည်ဆိုလျှင် အသက်စွန့် ရန်ပင် ၀န်လေးမည် မဟုတ်ပေ။ သို့ ရာတွင် အင်္ဂလိပ်တို့ ချီတတ်လာရာတွင် ဟန့် တား မတိုက်ခိုက်ရန် ဦးစွာ အမိန့် ထုတ်ခဲ့ သည်။ ယင်းကဲ့ သို့ အမိန့် ထုတ်ခဲ့ ခြင်းမှာ ကင်းဝန်မင်းကြီး၏ သဘောဆန္ဒမဟုတ်ပေ။

ကင်းဝန်မင်းကြီးသည် မိမိအရှင် သီပေါဘုရင်ပေါ်တွင် သစ္စာစောင့်သိရိုသေသူ ဖြစ်သည်။ အင်္ဂလိပ်တို့ ချီတတ်လာရာတွင် ကင်းဝန်မင်းကြီးသည် သီပေါဘုရင်အား ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားရန် တိုက်တွန်းသည်။ မိမိကမူ မြန်မာတပ်များကို ကွပ်ကဲ၍ တိုက်ခိုက်ကျန်ရစ်ခဲ့ မည်ဟု ဆိုခဲ့ သေးသည်။

သို့ ရာတွင် သီပေါမင်းက ယောက္ခမ ဆင်ဖြူမရှင် မကျန်းမမာ ဖြစ်နေသည်။ သမီးတော်များ အသက်အရွယ်ငယ်သေးသည် စသည့် အကြောင်းပြချက်များဖြင့် နန်းတော်မှ မထွက်ခွာလိုဟု ငြင်းဆိုခဲ့ သည်။ ထိုပြင် ဗြိတိသျှတို့  တောင်းဆိုသည်များကို အပြည့် အ၀ပေးလျှင် သတ္တ၀ါတို့  အသက်မသေစေရန်

တိုက်ခိုက်မှုများမရှိစေလိုဟု သီပေါကိုယ်တိုင် တားမြစ်ခဲ့ ၍ မတိုက်ခိုက်ရေး အမိန့် ထုတ်ပြန်ခဲ့ ရခြင်းသာ ဖြစ်ပေသည်။

ထို့ ကြောင့် ယနေ့ ခေတ်တွင် ကင်းဝန်မင်းကြီးသည် နိုင်ငံကို ရောင်းစားပေသည် ဟူသော အဆိုကို အထက်ပါ အကြောင်းပြချက်များကို ကြည့် ခြင်း အားဖြင့် မည်သူ့ အပြစ်ဖြစ်သည်ကို မှန်းဆနိုင်ပေသည်။
......................................

No comments:

Post a Comment