Monday, November 1, 2010

Direct To Home (DTH)

ကေဘယ်ကြိုး မလိုဘဲ ဂြိုဟ်တု ဆက်သွယ် ရေး စနစ်ဖြင့် နေရာ မရွေး နိုင်ငံတကာ တီဗီလိုင်းများ ကြည့်နိုင် သည့် DTH စနစ်

တီဗီ၊ တယ်လီဖုန်း၊ အင်တာနက် နှင့်အခြား ၀န်ဆောင်မှု မျိုးစုံ သုံးနိုင် သည့် MPS စနစ်လာပြီ။ DTH သည် တစ်နိုင်ငံလုံး သာမက
အင်ဒိုချိုင်းနား ဒေသကြီး အတွင်းပါ ဖမ်းယူ အသုံးပြုနိုင်၊ MPS သည်
တစ်နိုင်ငံလုံး ဧရိယာ၏ ၇၅ ရာခိုင်နှုန်း အသုံးပြုနိုင်
ကြိုးမဲ့ဂြိုဟ်တု ဆက်သွယ်ရေး ဖြင့် အွန်လိုင်း နိုင်ငံတကာ တီဗီကြည့်ရှု နိုင်ရန် ၀န်ဆောင်မှု ပေးသည့် Direct To Home (DTH) စနစ်နှင့် တယ်လီဖုန်း၊
အင်တာနက်၊ ဖက်စ်နှင့် အခြား ၀န်ဆောင် မှုများ ပေးသည့် Multi-play Services
(MPS) စနစ်ကို မြန်မာနိုင်ငံ၌ အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း၊ အဆိုပါ

လုပ်ငန်းကို ရွှေသံလွင် မီဒီယာ ကုမ္ပဏီလီမိ တက်က စီစဉ် ဆောင်ရွက် နေပြီ ဖြစ်
ကြောင်း၊ အဆိုပါ လုပ်ငန်းနှင့် စပ်လျဉ်း ၍ SKYNET ဟု အမည် ပေးထားပြီး
SKYNET DTH (Direct To Home) ဟု လည်းကောင်း၊ SKY NET MPS (Multi-play
Service) ဟု လည်း ကောင်း အမည် ခွဲခြား သုံးနှုန်း ထား ကြောင်း သိရသည်။

ပူးပေါင်း ဆောင်ရွက်

အဆိုပါ လုပ်ငန်း လုပ်ဆောင်ရာ တွင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၊ မြန် မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်
တို့နှင့် ပူး ပေါင်း ကာ ရွှေသံလွင် မီဒီယာ ကုမ္ပဏီလီ မိတက်က စီစဉ်
ဆောင်ရွက် ခြင်းဖြစ် ကြောင်းသိရသည်။

ခေတ်အမီဆုံး

အဆိုပါ ခေတ်မီ အဆင့်မြင့် လုပ်ငန်း သစ်နှင့် စပ်လျဉ်း၍ ရွှေသံလွင် မီဒီယာ ကုမ္ပဏီ လီမိတက် ၏ ဒုတိယ မန်နေဂျင်း ဒါရိုက်တာ ဦးမိုးဇော်က
ပြောကြား ရာတွင် ပြည်သူများ အတွက် ခေတ်မီ အဆင့်မြင့် နည်းပညာ များကို
ပုံသဏ္ဌာန် နှင့် အနှစ် သာရ ပြည့်ဝစွာ အသုံးပြု နိုင်ရေး အတွက်
ဤလုပ်ငန်းကို အကောင် အထည် ဖော် ခြင်း ဖြစ်ကြောင်း၊ Broadband နှင့်အတူ
တိုးတက် နေတဲ့ ဖျော်ဖြေရေး နှင့် အခြား သတင်း အချက်အလက် နည်းပညာ တွေ ဟာ
နိုင်ငံအတွင်း တရားမ၀င် တဲ့ မီဒီယာ ပုံသဏ္ဌာန် အမျိုးမျိုး နှင့် ၀င်ရောက်
လွှမ်း မိုး နေရာ ယူရန် ကြိုးပမ်း နေကြတာ ကိုတွေ့ မြင်ကြ ရမည် ဖြစ်ကြောင်း၊
အဆိုပါ လုပ်ရပ် ကို သတိပြု ကြရမည် ဖြစ်ကြောင်း DTH စနစ်သည် ကမ္ဘာပေါ်၌
Digital Broadcasting Technology (ဒစ်ဂျစ်တယ် လွှင့် ထုတ်မှု နည်းပညာ) အနက်
ခေတ်အမီဆုံး နည်းပညာ ဖြစ်ကြောင်း၊ ထုတ်လွှင့်မှု တွင် အရည် အသွေး
မြင့်မားသည့် အပြင် မြန်မာ နိုင်ငံ အနှံ့ နေရာ မရွေး အလွယ်တကူ ဖမ်း ယူ
ကြည့်ရှု နိုင်သည့် စနစ် ဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံ များတွင် ဤစနစ်
သုံးသည့် နိုင်ငံ အနည်းငယ် သာ ရှိသေးကြောင်း၊ ပြည်သူ အားလုံး အတွက်
နှစ်သက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်း၊ အောင် မြင်ခြင်း၊
အချိန်ကုန် သက်သာခြင်းနှင့် မြန်မာနိုင်ငံ တနံတလျား မှာရှိသည့် ပြည်
သူများ အချင်းချင်း မြန်ဆန် လွယ်ကူ စွာ ဆက်သွယ် နိုင်ခြင်း၊ ပညာရေး၊
ကူးသန်း ရောင်းဝယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ သတ္တု
တူးဖော်ရေး အစရှိတဲ့ လုပ်ငန်းတွေမှာ တစ်ဖက် တစ်လမ်းမှ အထောက် အကူပြုမည့်
ဝန်ဆောင် မှုများ ကို မကြာမီ သယ်ဆောင် လာတော့မည် ဖြစ်ကြောင်း ပြောကြားသည်။

DTH ဆိုသည်မှာ

DTH နှင့် MPS တို့နှင့် စပ်လျဉ်း၍ ရွှေသံလွင် မီဒီယာ ကုမ္ပဏီ လီမိတက် ၏ နည်းပညာ အရာရှိချုပ် ဦးမျိုးမင်း ကရှင်းပြ ရာတွင်-

DTH ဆိုသည်မှာ ဂြိုဟ်တုမှ တစ် ဆင့် အိမ် အရောက် ရုပ်သံလိုင်း ထုတ်လွှင့် သည့် စနစ်ဖြစ်ကြောင်း၊ နိုင်ငံတကာ၌ တွင်တွင်ကျယ်ကျယ် အသုံးပြု နေသည့် စနစ်
တစ်ခု ဖြစ်ကြောင်း၊ ဤစနစ်သည် တစ်နိုင်ငံ လုံးမြို့ကြီးများ သာမက ဝေးလံ
ခေါင်ဖျား နေရာ၊ ကျေးလက် တောရွာ၊ တောင်တန်း မြေပြန့်၊ ပင်လယ်
ကမ်းရိုးတန်း၊ ကျွန်းစု များ မကျန်နေရာ အားလုံး ဖမ်းယူကြည့်ရှု နိုင်သည့်
စနစ်ဖြစ်ကြောင်း၊ ဖမ်းယူနိုင် သည့် ဧရိယာမှာ တစ်နိုင်ငံ လုံး ရာခိုင်နှုန်း
၁၀၀ ဖြစ်ကြောင်း ထိုမျှမက အင်ဒိုချိုင်းနား ဒေသကြီး အထိ ဖမ်းယူ
ရရှိနိုင်ကြောင်း၊ လိုအပ်သည့် ပစ္စည်းမှာ နှစ်ပေ ၀န်းကျင် ဂြိုဟ်တု
စလောင်း၊ ဆက်စပ် အသုံးပြု ပစ္စည်း၊ ဂြိုဟ်တု ရုပ်သံဖမ်းစက် စသည်တို့
ဖြစ်ကြောင်း၊ နိုင်ငံတကာ ရုပ်သံလိုင်းများ ကို အခမဲ့ ကြည့်ရှုနိုင် သလို
အခပေး smart card ဖြင့်လည်း ကြည့်ရှု နိုင်မည်ဖြစ် ကြောင်း၊ အိမ်၌ အသေ
တပ်ဆင်ကြည့် နိုင် သလို မော်တော်ကား၊ မီးရထား၊ သင်္ဘော စသည်ဖြင့်
ခရီးသွားရင်း ကြည့်ရှု လိုက ကြည့်ရှု နိုင်ရန်လည်း စီစဉ် ထား ကြောင်း သိရသည်။

MPS ဆိုသည်မှာ

MPS စနစ်ဆိုသည်မှာ အင်တာ နက်၊ ဖုန်း (VOI) ၊ တီဗီနှင့် အခြားဝန် ဆောင်မှု အစုံ ပေးသည့် စနစ် ဖြစ်ကြောင်း၊ DTH ကဲ့သို့ နေရာဒေသ မရွေး
အသုံးပြု နိုင်ကြောင်း၊ အဆိုပါစနစ်၏ ဖမ်းယူ ရရှိ နိုင်သည့် ဧရိယာမှာ
တစ်နိုင်ငံလုံး ၏ ၇၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ လိုအပ်သော ပစ္စည်းမှာ
ဂြိုဟ်တု စလောင်း၊ တွဲဖက်သုံး ပစ္စည်းများ၊ user terminal ၊ ဒစ်ဂျစ်
တယ်ဂြိုဟ်တု ရုပ်သံဖမ်းစက် စသည်တို့ ဖြစ်ကြောင်း၊ အဆိုပါ MPS စနစ်ဖြင့်
ဗီဒီယို ကွန်ဖရင့်၊ အများသုံး တယ်လီဖုန်း၊ သတင်း အချက် အလက်ပေးပို့မှု၊
tele-medicine ခေါ်ဆေးပညာရှင်နှင့် လူနာ တိုက်ရိုက် ဆက်သွယ် ကုသနိုင်မှု၊
e-education (ခေါ်) အွန်လိုင်းပညာသင်ကြားမှု၊ e-cinema (ခေါ်) အွန်လိုင်း
ရုပ်ရှင် ပြသမှုစ သည့် ၀န်ဆောင်မှု မျိုးစုံကို အသုံးချ နိုင်မည်
ဖြစ်ကြောင်း သိရသည်။

အသက်သာဆုံး

အဆိုပါ DTH နှင့် MPS စနစ်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ရွှေသံလွင် မီဒီယာ ကုမ္ပဏီ လီမိ တက် တစ်ခု တည်း ကိုသာ ခွင့်ပြု ထားကြောင်း၊ ကုမ္ပဏီ တစ်ခု
တည်းက ဆောင်ရွက် မည်ဖြစ် သော်လည်း ဒေသ ဆိုင်ရာ ကိုယ် စားလှယ် ၃၀၀ ကျော်
ထားရှိကာ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ လက်ရှိ စနစ်များ ထက်
သာလွန် ကောင်းမွန် သော် လည်း ကုန်ကျ စရိတ်မှာ လက် ရှိစနစ်များ ထက်
များစွာသက် သာမည်ဟု ပြောနိုင် ကြောင်း၊ အသေးစိတ် တွက်ချက် နေကြောင်း၊
မကြာမီ ဖွင့်ပွဲ လုပ်မည်ဖြစ်ကြောင်း၊ လျှပ်စစ်မီး မရသည့် နေရာများ တွင်
ဆိုလာပြား တစ်ချပ် (နေ ရောင်ခြည် စွမ်းအင်) သုံးရုံဖြင့် အသုံးပြု
နိုင်မည် ဖြစ်ကြောင်း ရွှေသံလွင် ကုမ္ပဏီ အုပ်စု ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်
တာဝန် ရှိသူများက ရှင်းလင်း ပြောကြားသည်။

မော်ကျွန်းစိုးမြင့်
Mail ထဲမှ ရရှိသည်။

8 comments:

  1. အမယ်လေး ကောင်းလိုက်တဲ့သတင်း... ဝမ်းသာစရာကြီး တကယ်ပေါ့နော်..

    ReplyDelete
  2. လန်းလှချည်လားဗျ ... ဘယ်နှစ်ရာစုလောက် စောင့်ရဦးမလဲဟင်

    ReplyDelete
  3. ကလေးလေးNovember 2, 2010 at 2:27 AM

    ဟိုအပေါ်ဆုံးကကွန့်မန့်ရေ..ခင်ညားကကျုပ်တို့နိုင်ငံကို
    တယ်အထင်သေးတာပဲ..လာလိမ့်မယ်ကြည့်ထား.

    ReplyDelete
  4. ဟီး... လာပြန်ပြီလား... FTTX တောင်မပြီးသေးဘူး..... ADSL ကိုသာကောင်းအောင်လုပ်ပေးကြပါဗျို့..... ဒီမှာ ဆိုင်ဖွင့်ထားတာတောင် ထမင်းငတ်တော့မယ်...

    ReplyDelete
  5. တကယ်ဖြစ်လာရင်ကောင်းတာပေါ့

    ReplyDelete
  6. ကျေးဇူးပါပဲ ဇူးဇူးရေ

    ငါတို့နိုင်ငံအတွက်တော့ဝမ်းသာစရာပဲပေါ့နော်။သိပ်မကြာခင်အကောင်အထည်ဖော်နိင်ရင်တော့ကောင်းတာပေါ့နော်။


    အားပေးနေလျက်

    ဖြူဦး

    ReplyDelete
  7. ကျေးဇူုးပါပဲ ဇူးဇူးရေ
    ငါတို့နိုင်ငံအတွက်တော့ ၀မ်းသာစရာပဲပေါ့နော်။
    သိပ်အကြာကြိးမစောင့်၇ပဲ မြန်မြန်အကောင်အထည်
်ဖော်နိုင်ရင်တော့ကောင်းတာပေါ့နော်။
    အားပေးနေလျက်
    ဖြူဦး

    ReplyDelete
  8. .. မြန်မြန်လာပါတော့လို့ .... ဆုတောင်းရမှာပေါ့ ....

    မဖြစ်နိုင်စရာတော့ .... မရှိလောက်ဘူး ..... လူတွေပဲ .. ငတုံးတွေမှ မဟုတ်တာ ..

    ဟုတ်တယ်ဟုတ်....

    ReplyDelete