Sunday, October 24, 2010

ရင်တွင်

အဝေး
တိမ်တိုက်တွေရဲ့ 
လှုပ်ရှားမှုတိုင်းဟာ
မင်းအငွေ့ အသက်တွေလို…။


တောင်ပေါ်မှာ
မြုတွေဆိုင်းတိုင်း
ငါခပ်ရင့်ရင့် လွမ်းခဲ့ ရတာ

နင်မရှိတော့ ပေ့ မယ်လည်း
နွေးထွေးဆဲ…။


စိတ်အစဉ်ကို
လွင့်ပစ်လိုက်တိုင်း
ရွာတွေရွာတွေ..
တောင်တွေ တောင်တွေ
မြို့ တွေမြို့ တွေရဲ့ 
အထက်ကနေ
မြင်ကွင်းကျယ်တစ်ဆုံး
ငါလွင့်တတ်သွားချင်တာ..
တွေ့ နိုင်ပါ့မလား ဆိုတဲ့ 
အတွေးတွေနဲ့ ။


ကော်ဖီတစ်ခွက်နဲ့ 
နှင်းဆီရနံ့ တွေကြား
ငါရူးသွပ်ခဲ့ တာ
တော်တော်လည်း ကြာခဲ့ ပါပြီ။


ပြီးဆုံးခဲ့ ပေ့ မယ်..
ဆက်လက် အသက်ရှင်နေသော
ဇာတ်လမ်းတစ်ပုဒ် အစား
ငါ ဂစ်တာ တစ်လက်နဲ့ 
သံစဉ် တစ်ပုဒ်ကို
တစ်ချက်လောက် တီး ပါရစေ။


နံရံတွေ ပေါ်မှာလား?
ငါကိုယ်တိုင်
မင်းအရုပ်တွေ ရေးခြစ်
ဒသာန မြစ်တွေနဲ့ 
ကွေ့ ဝိုက် စီးဆင်းဖူးတယ်။


အရင်လမ်းတွေလည်း
ငါ ခဏခဏလျှောက်တယ်
မင်းခြေရာတွေလည်း
လိုက်ရှာရတာ အမော..
သဘာဝတရားက
မင်းကို တင်မဟုတ်ဘူး
ခြေရာတွေကိုပါ
ပျောက်ကွယ်စေခဲ့ ပါတယ်။


မင်းလည်း ငါကို ဆုံးရှုံး…
ငါလည်း မင်းကို ဆုံးရှုံး…


ချစ်သူ….
တို့ လက်တွေ ခိုင်မြဲစွာ
တွဲထားသော်လည်း..
ကွဲခဲ့ လေပြီ…
ရင်တွင်..မချိပါဘိ။


ငဇူး
www.zuzuaung.co.cc

8 comments:

  1. အရမ်းဖတ်လို့ ကောင်းတယ်ဗျာ

    ReplyDelete
  2. အလွမ်းမြစ်ကလေးပါ စီးဆင်းသွားဦးမလားပဲ..
    မိုက်တယ် ကိုဇူး
    နောက်ထပ်ကဗျာတွေကိုလည်း ဖတ်ချင်စမ်းဘိ..။

    ReplyDelete
  3. ငဇူး.....အဲ့လောက်ကြီး ပေါက်ကွဲမပြပါနဲ့ကွာ......တောက်ရမ်းနင်း ခံချားရတယ်ဟ.....ငိုတောင်ငိုချင်လယ်တွာ.....

    ReplyDelete
  4. အထုကဗျာ ယေး ဖတ်လိုက်ရတော့ ငိုတောင်ငိုချင်တယ် တယ်ချင်းဇူးရယ် တိုက်ဆိုင်မူရှိလို့ယားမတိဝူး နည်းနည်းတော့ ခံစားလိုက်ရတယ် ..............:D

    ReplyDelete
  5. သဘာဝတရားက
    မင်းကို တင်မဟုတ်ဘူး
    ခြေရာတွေကိုပါ
    ပျောက်ကွယ်စေခဲ့ ပါတယ်။ ဆိုတဲ့ စာသားလေးကို သဘောကျတယ်ဲ။ နင်က တကယ့် မထသ။ ဆက်ရေးဟေ့ အားပေးနေမယ်။ မကောင်းရင်လည်း ၀ိုင်းပြီး သြဘာပေးကြတာပေါ့ ကောင်းတယ်မှတ်လား

    ReplyDelete
  6. တိန်...နင်ကတော့  :( လာနောက်နေလယ်။

    ReplyDelete
  7. သိပ်တော့ မခံစားရပါဘူး ဇူး ရယ် ငါတို့က လူချင်း ဝေးနေပေမယ့် စိတ်ချင်းတော့ နီးကြတာပါတယ်
    ဝေးတယ်ဆိုတဲ့စကားတော့ မပြောလိုက်ပါနဲ့ မကြားချင်လို့ပါ
    အနေဝေးပေမယ့် အနေနီးနေပါတယ်ဆိုတဲ့ ကဗျာ လေး စပ်ပေးပါ့လား ဟယ်

    ReplyDelete
  8. ကောင်းလှချေလားကွာ....ငါထင်တောင် မထင်ထားဘူး။ မင်းကဗျာရေးတက်မယ်လို့...ဟီး...အင်းနောက်တစ်ခါ ရေးယင် အချစ်ကဗျာလေးတွေ ရေးပါကွာ..သိပ်ပြီး မခံစားချင်လို့ပါနောန်............

    ငါကဗျာလေးတွေကို ဖတ်ချင်တယ် ဆိုယင်လည်း http://goo.gl/L47T မှာ လာရောက်လေ့လာနိုင်ပါတယ်။

    ReplyDelete