Saturday, December 15, 2012
အသက်ကြီးရင် အဖော်လိုလား?
အသက်ကြီးရင် အဖော်လိုလား?
မရင့်ကျက်သေးတဲ့ လူငယ်တစ်ယောက်ရဲ့ အတိတ်တွေကို ပြန်တူးဖေါ်ကြည့် တာပါ။
တောင်တန်းတွေ ပေါ်ကနေ ငုံ့ ကြည့် လိုက်ရင် ဟိုးအဝေးကြီးမှာ ရေကန်ကြီးတစ်ခု သင်တွေ့ ရလိမ့် မယ်။
ရေကန်ကြီးရဲ့ ဘေးမှာ နှင်းဆီလွင်ပြင်တစ်ခုရှိတယ်။လွင်ပြင်ရဲ့ အလယ်မှာ နှစ်ထပ်တိုက်လေး တစ်ခုရှိလိမ့် မယ်...
အိမ်လေးရှေ့ ဆင်ဝင်ရှေ့ လမ်းတည့် တည့် လျှောက်သွားရင် ခြံတံခါးပေါက်ရဲ့ ဘေးမှာ တဲအိုလေးတစ်လုံး..။ ။
အဲဒီတဲအိုလေးထဲမှာ လူသုံးယောက်နေထိုင်ပါသတဲ့ ။
မိသားစုတစ်ခုပေါ့။အဖိုးကြီးရယ်။အဖွားကြီးရယ်။ ၁၂ အရွယ်ကောင်မလေးတစ်ယောက်ရယ်။
အေးချမ်းတဲ့ မိသားစုတစ်ခုပေါ့။နှစ်ထပ်တိုက်ထဲက ၁၂ အရွယ်ကောင်လေးတစ်ယောက်ကို
ဒီမိသားစုပဲ စောင့်ရှောက်နေတာ။ကောင်လေးကလည်း သူတို့ ကို တွယ်တာရှာပါတယ်။အမျိုးမဟုတ်တော့ 
သိပ်မခင်တာလေးပဲ….။
တစ်နေ့ အဖွားကြီးနဲ့ ကောင်မလေးက ခရီးထွက်ဖို့ အကြောင်းရင်းတစ်ခုရှိလာတယ်။အဖိုးကြီးက
နှင်းဆီခင်းကို စောင့်ရှောက်ရင်းကျန်ခဲ့ တယ်။
ဆောင်းတွင်းတစ်မနက်ခင်းမှာ အဖိုးကြီး နှင်းဆီလွင်ပြင်ထဲကို ရောက်ချိန်တန်ရောက်မလာခဲ့ ဘူး။
အဲဒါနဲ့ ကောင်လေးက အဖိုးကြီးကို သွားရှာတယ်။တဲအိုလေးရဲ့ စုတ်ချာနေတဲ့ ကုတင်ပေါ်မှာ အဖျားတတ်နေတဲ
အဖိုးကြီးကို သွားတွေ့ တယ်။အဲဒါနဲ့ ကောင်လေးက ချက်ချင်းပြေးပြီး ဆရာဝန်ခေါ်ဘာတွေခေါ်နဲ့ 
အလုပ်တော်တော်ရှုပ်သွားတယ်။ဆရာဝန်က အဖိုးကြီးကို ဆေးတွေဘာတွေပေးပြီးတော့  ညဘက်မှာ
တိုက်အိမ်ထဲ ခေါ်သိပ်ဖို့ မှာသွားတယ်။ဒီလိုနဲ့ အဖိုးကြီးကို ပြုစုရင်းကောင်လေးနေလာလိုက်တာ တစ်နေကုန်သွားတယ်။အလုပ်တစ်ဖက်နဲ့ လေ။
ညဘက်ရောက်တော့  အဖိုးကြီးကို တိုက်အိမ်ကြီးရဲ့ နွေးထွေးတဲ့ နေရာတစ်ခုပေါ်ကို ခေါ်သွားဖို့ 
ကောင်လေးကြိုးစားရှာပါတယ်။မအောင်မြင်ခဲ့ ဖူး။သူအတွတ် ဒီတဲ အိုလေးလောက်နွေးထွေးတဲ့ 
အရာမရှိဘူး လို့ ဆိုရှာတယ်။ကောင်လေးလည်း ဆက်မကြိုးစားတော့ ဖူး။သူလည်းအိပ်ချင်နေပြီလေ။
တစ်နေကုန်ပင်ပန်းထားတယ်ဆိုတော့ ….။
တိုက်အိမ်ထဲသွား… ရေနွေးတွေ တည်။ကော်ဖီတွေဖျော်ပြီး ဆေးထုပ်လေးနဲ့ ကောင်လေး ပြန်ရောက်လာတယ်။
ပြီးတော့ အဖိုးကြီးကို ဆေးတိုက်တယ်။ရေနွေးတွေ ဘာတွေ သောက်နိုင်ဖို့ အတွတ် ခုံလေးကို ကုတင်နားယူလာပြီးတော့ …တင်ပေးခဲ့ တယ်။
အပြင်မှာ လေတွေ သိပ်အေးသလို…လေတွေကလည်းတစ်အားကြမ်းတယ်။နှင်းပွင့်တွေကလည်းကျလို့ …
နောက်နေ့ မနက်ခင်းတစ်ခုပေါ့….
နေရောင်က ဘယ်နားမှာ ထွန်းလင်းနေမှန်းမသိရသေးဖူး။ နှင်းတွေကတော့ ခဲ လို့ ပေါ့။
ကောင်လေးအိပ်ယာကနိုးလာတယ်…အဖိုးကြီးရဲ့ နွမ်းနယ်နေတဲ့ မျက်နှာရယ်။ချမ်းလို့ တုန်နေတဲ့ 
မျက်နှာလေးရယ် မြင်ယောင်လာတယ်။အဲဒါနဲ့ အိပ်ယာက ချက်ခြင်းထပြီးတော့ ..အိမ်ထဲမှာ ကော်ဖီတစ်ခွက်ဖျော်ပြီး……တဲအိုလေး ဆီကို ထွက်လာလိုက်တာ…
အဖိုးအိုကြီးရဲ့  ၀ိဥာဉ်ကတော့ ….ကောင်းတဲ့ ဘုံတစ်ခုခုမှာ ရှိနေလောက်ပါပြီ။ နွေးထွေးတဲ့  ခံစားမှုတွေနဲ့ လေ။
ကောင်လေးရဲ့ ဝမ်းနည်းမှုတွေနောက်မှာတော့ ….အဖိုးကြီးနဲ့ ဆောင်းတွင်းညတွေပေါ့။
အေးလွန်းတဲ့ အချမ်းဒဏ်ကို ခံနိုင်ဖို့ ….ရှိသလောက်အားလေးနဲ့  ရေနွေးအိုးရှိရာကို ထဖို့ ကြိုးစားရှာတဲ့ ပုံတွေ..
မှောင်လွန်းတဲ့ တဲအိုထဲမှာ အားအင်မရှိပဲ ရေနွေးအိုးရှိရာကို လှမ်းနေတဲ့ လက်တွေ….
ကုတင်ပေါ်က ပြုတ်ကျသွားတဲ့ မြင်ကွင်းတွေပေါ့…..။ ။
ကောင်လေး သိလိုက်ရတဲ့ လိုအပ်ချက်တစ်ခုဟာ သူထားခဲ့ တဲ့ ရေနွေးအိုးဟာ…အဖိုးကြီးကုတင်နဲ့ လက်တစ်လှမ်းအလွန်ဝေးနေခဲ့ တယ်ဆိုတာပါပဲ။ ။
တကယ်လို့ သာ….အဲဒီညမှာ အဖိုးကြီးအတွတ် ကောင်လေး (သို့ မဟုတ်) သူမိသားစု (သို့ မဟုတ်) အဖော်တစ်ယောက်သာ ရှိနေခဲ့ မယ်ဆို လျှင်…………..။ ။
ပြီး၏။
ငဇူး
ဝမ်းနည်းစွာဖြင့်….
No comments:
Post a Comment