Saturday, January 5, 2013

နယ်ကြမ်းမှာ ပွဲကြမ်းခြင်း ၂

“ကျွန်တော်ဗျာ…ဘာဖြစ်သွားမှန်းမသိတော့ ဘူး…ခေါ်သံကြားလို့  ထွက်အကြည့် ဗျာ။
    တဲ ၀မှာလေ…မည်းမည်းကြီး” တဲ့ ခင်ဗျ။

ဖြစ်ပုံက…သူအသံကြားလို့ သွားအကြည့် မှာ…အဲဒီမည်းမည်းကြီးကို တဲဝမှာတွေ့ ပြီးကတည်းက ဘာမှမသိတော့ တာတဲ့ ။

နောက်တစ်ခုက သရဲပူးနေတုန်း…အနော်ကန်လိုက်တဲ့ …သုံးချက်လောက်က ဘာမှမဖြစ်ပေ့ မယ်။နောက်ဆုံးတစ်ချက်အကန်မှာ သရဲ မရှိတော့ ဘူးဂျ။အဲဒီတော့ …အနော် အားရပါးရ ကျုံးကန်ထည့် လိုက်တာ …သရဲ မဟုတ်ဘူး။လူဖြစ်နေတယ်လေ။ အဲဒီတော့ ဘယ်ခံနိုင်မတုန်း။ရောင်နေရော။

မနက်ကျတော့ …သူအဲဒီတစ်ခြမ်းရောင်ရောင်ကြီးနဲ့ …အလုပ်ဆင်းနေတယ်လေ။အဲဒါကျွန်တော်ခြံထဲအဆင်းတွေ့ တာ။

ပြီးတော့ …ကျွန်တော်ခေါင်းကလည်း ဖုနေတယ်။ဒီအတိုင်းအိပ်လိုက်တာကိုး။ အဲဒါနဲ့ …အဲဒီခြံစောင့်ကိုလည်း…


“လာလာခင်ဗျားကို ဆေးခန်းပို့ ပေးမယ်” ဆိုပြီးတော့ …ကျွန်တော်ဆိုင်ကယ်နဲ့ …ခေါ်ထုတ်သွားရတယ်။

ရွာထဲကို ... ကျွန်တော်ဝင်လာကတည်းက ညက ကျွန်တော်တို့ ခြံထဲမှာ သရဲသောင်းကျန်းတယ်ဆိုတာ လူတိုင်းသိပြီးပြီ။

မြန်တယ်နော် သတင်းက။ အင်တာနက်တို့ …ဖုန်းတို့ သာမရှိတာ။ :D ။ ဒီလိုမျိုးကတော့ …လူတွေပါးစပ်တော်တော်လေး

အလုပ်ဖြစ်တယ်။

ရွာထဲမှာ ကျွန်တော်က နန်းတို့ ဆိုင်ကို အရင်ဝင်တာဂျ။သူတို့ ဆီမှာမေးမို့ လေ။ဆေးခန်းဘယ်နားရှိမလဲလို့ ။

သူတို့ ကလည်း..သတင်းကြားတယ်။ရောက်ရောက်ခြင်းပဲ…

“ကိုဇူး….အဆင်ပြေရဲ့ လား။ ညက သတင်းကြားတယ်။ဒီမနက်လိုက်လာမလို့ ပဲ။ ကိုဇူးတို့ ရောက်လာလို့ တော်သေးတယ်” ဆိုပြီး ဆီးပြောတာ။ကျွန်တော်က ရတယ်လို့ … ဆေးခန်းဘယ်နားရှိတုန်း…ဆိုတော့ ။

“ဒီရွာမှာ ဆေးခန်းမရှိဘူးလေ။ ဖြစ်ရင် ဆေးမြီးတိုတွေနဲ့ ပဲ ကုတာ” တဲ့ ။

တိန်! သေစမ်း။ ဆိုပြီးအနော်တောင် ဖြစ်သွားတယ်။ ရှင်းရှင်းပြောရရင်..အနော်ကန်တဲ့ အားကို အနော်သိတယ်ဂျ။

ဒီလူကို ဘယ်လိုမှ ဆေးမြီးတိုနဲ့ ကုပေးလို့ မဖြစ်ဘူး။တစ်ခုခုဖြစ်ရင် အမှုက ကိုယ်ဘက်ပတ်လာမှာ။အခုတောင်…

သူဟာက…ညိုမည်းနေတာ။ပြီးတော့ ….နာတယ်ဆိုတာလည်း ပြောနေသေးတယ်လေ။

အဲဒါနဲ့ … “ဒါဆိုရင်တော့ …မြို့ ထဲပဲ သွားလိုက်တော့ မယ်” ဆိုပြီး…ဆိုင်ကယ် ကောက်အဆွဲ။

နန်းတို့ အဖေက…

“ဝေ့ …ရှမ်းတစ်ဝက်၊ နင်ကငါတို့ ဆေးများ သောက်ထင်သေးလို့ ။ငါကုပေးမယ်။ မပျောက်ရင်..ငါခေါင်းလာဖြတ်”

ဆိုပြီး ထအော်ပါလေေ၇ာ။ သူအော်သံက တော်တော်လေး ကြောက်ဖို့ ကောင်းတယ်။တော်တော်တင်းနေတဲ့ ပုံစံ။

ရွာလာပြီး ဆေးခန်းမေးလို့ :D ။ ပြီးတော့ သူတို့ က အနော်ကို ရှမ်းတစ်ဝက်လို့ ခေါ်တယ်ဂျ။ကုလားနဲ့ ရှမ်းနဲ့ စပ်တယ်လေ..

အနော်က။အဲဒါကြောင့်…ရှမ်းတစ်ဝက်ပဲခေါ်တယ်။

ကျွန်တော်က ဖြစ်ပါ့မလားဆိုတဲ့ ပုံစံနဲ့ …နန်းကိုလှမ်းကြည့် တော့ … သူက ဖြစ်တယ်ဆိုတဲ့ ပုံစံလုပ်ပြတာကြောင့်…

အဲဒီ ခြံစောင့်ကို အဖိုးကြီးလက်ထဲ..၀ ကွက်အပ်လိုက်ရတယ်။အဖိုးကြီးက ခြံစောင့်ကို ခေါ်သွားတယ်။ပြီးတော့ 

အဆီတစ်မျိုးနဲ့ အဲဒီမေးရိုးတစ်လျောက် ပွတ်တာ။ ဟိုခြံစောင့် မခံနိုင်ဘူး အသေအော်တာ။ အဲဒါ ရွာသားလေးငါးယောက်လောက်ကို ခေါ်ပြီးတော့ …သူကို ချုပ်။ပြီးတော့ …အဲဒီဟာလေးနဲ့ ..ပွတ်ပွတ်ပြီး။

ပုဆိုးစုတ်တွေနဲ့ …ပတ်ပေးထားလိုက်တယ်။ မေးရိုးကို သိုင်းပြီးလေ။

ကျွန်တော်ခေါင်းက အဖုကိုကျတော့ … နန်းက…ဆေးလိမ်းပြီး ကြက်ပူထိုးပေးနေတယ်ခင်ဗျ။ ဟီး :D မိုက်ထှာ။

အနော်က အငြိမ်ပဲ ဟဲ :D။ အနော်က မေးနေတာ.. “အဲဒီအဆီဘာခေါ်တုန်းဟင်” လို့ ဆိုပြီးလေ။

“တောင်ဆိတ်ဆီ” အဖိုးကြီးက လေသံမာမာနဲ့ ဝင်ဖြေတယ်။သူသမီး…အပြုအစုပေါ် ဇိမ်ကျနေတဲ့ အနော်ကို ။

ပေါက်နေတဲ့ လေသံ။လေသံက :D ခွိ။

အဲဒါနဲ့ …အနော်က “တောင်ဆိတ်ဆီတော့ မကြားဖူးဘူး။တောင်ဆိတ်လျှာတော့ သိတယ်” ဆိုပြီး သွားကွန့် မိတယ်။

အဲဒီမှာ အဖိုးကြီးက ထကြမ်းတာ။

“ဟ… ဒီမျိုးမစစ်ဟာလေ…နင်ကြည့် စမ်း…သောက်လုံးကန်းနေလား..ဟိုပုလင်းထဲမှာ တောင်ဆိတ်လျှာစိမ်ထားတာမမြင်ဘူးလား” ဆိုပြီး ဟောက်ပါလေရော။သူသမီးတောင် တွန့် သွားတယ်။ :D

အနော်လည်း…သူသမီး..ကြက်ပူထိုးပေးနေတဲ့ နေရာက ထပြီးတော့ …သွားကြည့် တယ်။ ပြီးတော့ အဆီနည်းနည်းတောင်းလာခဲ့ တယ်။ခြံစောင့်ကတော့ …အလုပ်ပေးနားလိုက်တယ်။သူရွာထိအနော်ပဲလိုက်ပို့ တာ။

ပြီးတော့  သူအလုပ်မလုပ်ရတဲ့ ရက်မှာ သုံးဖို့ ငါးထောင်လောက်ပေးထားလိုက်တယ်။အလုပ်လုပ်မှ ပြန်ဖျက်ပေါ့နော်။

အဖိုးကြီးက ခြံစောင့်ကို သွားပို့ တော့ …ပြန်ရင် ၀င်ခဲ့ အုံးဆိုပြီးမှာတာဂျ။အဲဒါနဲ့ …ရွာထဲ ပြန်ရောက်တော့ …သူအိမ်ဝင်လိုက်တာပေါ့နော်။သူက ကျွန်တော်ကို ဘာပြောလဲဆိုတော့ 

“နင်သတိတော့ ထားကွယ်။အဲဒီနယ်မြေကကြမ်းတယ်။အဲဒီတော့ …အစစအရာရာ ဆင်ခြင် ဘုရားတရားမမေ့ နဲ့ ”

လို့ ပြောတယ်ဂျ။ပြီးတော့ …. ပုရိတ်ကြိုးတွေလည်း ပေးလိုက်တယ်။ဒီလို ဆိုတော့ အဖိုးကြီးက သဘောကောင်းသားဂျနော်။

အဲဒါနဲ့ အပြန်ကျတော့ …၇ွာထိပ်မှာ အကြော်ဆိုင်တစ်ဆိုင်တွေ့ လို့  ၀င်စားနေတာ။ဇောင်းကြီးနဲ့ ခြံက အလုပ်သမားတွေအတွတ်လည်း ၀ယ်သွားရင်းပေါ့နော်။ကျွန်တော်က အကျင့်ရှိတယ်ဂျ။ ဘာပဲစားတာဖြစ်ဖြစ်။

တစ်ခုခုဆို အလုပ်သမားတွေ အတွတ်ရော။အကုန်လုံးအတွတ်ပေါ့နော်။ဝယ်သွားတတ်တယ်။ ပြီးရင် တူတူစားတာပဲ။

ခြံထဲမှာဆို..နေ့ လည်စာစားချိန်ဆို…အလုပ်သမားမို့ ဘာညာမခွဲဘူး။အသားဆိုအသား။အရွက်ဆို အရွက်ပေါ့ဂျာ။

တူတူကစ်လိုက်တာပဲ။တစ်ခုခုဝယ်လာပြီဆိုလည်း…အားလုံး ခွဲကျွေးလိုက်တာ။အဲဒီတော့  ခြံစောင့်ကအစ အလုပ်သမားအကုန်ချစ်တယ်ဂျ။အနော်ကို ငယ်သာငယ်တယ်။စိတ်ရင်းကောင်းတယ်ဆိုပြီးလေ။

အမှန်တော့ ကိုယ်ချင်းစာတာပါ။သူတို့ လည်း..ဒီဘ၀ကလာတာ။အနော်တို့ လည်း.. ခြံပိုင်ရှင်ဆိုပေ့ မယ်…ဘာမှထူးဖူး။

နေပူထဲချည်းလှိမ့် နေရတာ။ ခင်ဗျားနေကြည့် တစ်နေကုန် နေပူထဲ :D ။ရူးသွပ်သွားမယ်။ အဲဒီတော့ …သူတို့ ကို ထမင်းစားချိန်တစ်ခါ..ညနေ သုံးနာရီလောက်တစ်ခါ…နားခိုင်းတယ်။ :D ကော်ဖီတွေ ဘာတွေဆိုလည်း…အိုးကြီးနဲ့ ဖျော်။

တူတူကစ်ပဲ :D။ အဲဒါကတော့ …တစ်ပတ်တစ်ခါလောက်ပဲ လုပ်နိုင်တယ်။အဲဒီလောက်လေး လုပ်တာတောင်။

အလင်းက ဖုန်းထဲကနေ…ဆဲသေးတယ်။

“နင် အလှူသွားလုပ်တာလား…အလုပ်သွားလုပ်တာလား” ဆိုပြီးလေ။ အနော်လည်း ဆဲပေးလိုက်တယ်။

“သေလိုက်ပါလား….မသာမ..နင်လာလုပ်ကြည့် ” ဆိုပြီး :D ။

အဲဒီလိုနဲ့ အကြော်စားနေတုန်း။ရွာသွားတွေက ကျွန်တော်ကို တွေ့ တော့ ပြုံးပြကြတယ်ဂျ။ကျွန်တော်လည်း တော်တော်လေး အံသြသွားတယ်။ဘယ်နှယ့် အရင်က ရန်လိုတဲ့  အကြည့် တွေနဲ့ ..အခုကြတော့ …နှစ်လိုဖွယ်အပြုံးတွေလာလုပ်နေတယ်။ :D မာယာတွေလား…အမှန်အကန်တွေလား..အနော်သိပ်မစဉ်းစားချင်ဘူး။

ခေါင်းနောက်တယ်။ဒါပေ့ မယ်…သူတို့ စပြီး စကားလာပြောတော့ …အမှန်အကန်အပြုံးတွေဆိုတာ သိလိုက်ရပါတယ်။

သူတို့ အနော်ကို ခင်သွားတဲ့ အကြောင်းရင်းက ဒီလိုဂျ။

အနော် ညောင်ပင်ကြီး အောက်မှာ ကွပ်ပျစ်ကြီးထိုးထားတယ်ရော။အဲဒီ ကွပ်ပျစ်က သူတို့ အတွတ် တော်တော်လေးအဆင်ပြေတယ်ဂျ။သောက်ရေကလည်းရှိတယ်။အနည်မပါအောင် ရေစစ်နဲ့ ထည့် ထားတော့ သန့် တယ်။

သူတို့ တွေက..ဒီလိုပဲ သောက်ကြတာလေ။အဲဒီလိုတွေဘာတွေလုပ်ဝူး :D ။ အဲဒီကွပ်ပျစ်မှာ နားတိုင်း သူတို့ တော်တော်လေး ကျွန်တော် အကြောင်းပြောဖြစ်တယ်ဆိုပဲ။

နောက်တစ်ခုက….ပအိုဝ့် မတစ်ယောက်ဂျာ။ယောင်္ကျားက..တောင်ပေါ်မှာ အလုပ်သွားလုပ်တယ်။သူက ကိုယ်ဝန်နဲ့ ။

အဲဒါကို အိမ်မှာထင်းမရှိရင်…တစ်ယောက်ယောက်အကူအညီတောင်းပါလား မတောင်းဘူး။ တောထဲသွားပြီးတော့ …

ထင်းခွေတယ်လေ။အငြိမ်မနေတာအဲဒါ။

အပြန်ကျတော့  ဗိုက်နာပြီး….သူအပေါင်းအဖော်တွေနဲ့ …အနော်ထိုးထားတဲ့ ကွပ်ပျစ်မှာ…

မီယပ်သားဖွားခန်း ဖွင့်သွားတယ်။ :D တေရော။ အဲဒါတွေ ကို ရွာသားတွေက ပြောပြနေတယ်အနော်ကိုလေ။

အနော်က

“အယ်! သွေးတွေကို ကျတော့  သူတို  ဘယ်လိုရှင်းလိုက်လဲ” ဆိုတော့ …အကြော်သည် အန်တီကြီးက ၀င်ဖြေတယ်။

“မောင်ဇူး..သောက်ေ၇အိုးစင်က ဟာနဲ့  ဆေးလိုက်တယ်ပြောတယ်” တဲ့ ….သူက ပြောပြီး ရီနေသေးတယ်။

အနော်တော့ ..ဝေါ့ ..ဆိုပြီး အန်တော့ တာပဲ။အကြော်စားရင်းလေ။ တော်တော် ညစ်ပတ်တဲ့ လူတွေ L ။

အဲဒီရေကို အနော်သောက်နေတာကြာပြီ။ နာ့ ရေချမ်းစင်လေးကွ။ နာ့ ရေအိုးလေးကွ။ဆိုပြီး အသွားတစ်ခေါက် အပြန်တစ်ခေါက်ကို သောက်တာ။ L ခလေးမွေးတာက ရှစ်ရက်လောက်ရှီနေပြီလေ။အဲဒီတော့ …ရှစ်ရက်လုံးလုံးသောက်နေရတာပေါ့။ စဉ်းစားကြည့် ချမ်းပါဦးဂျာ။ အခုတောင် ခြံထဲမှာ သရဲကသောင်းကျန်းနေတာ။

အဲဒီရေသောက်မှတော့ ….ဘယ် ဘုန်းတန်ခိုးက လာရှိတော့ မတုန်း။ သရဲက ဒီတစ်ခါဆို..ရီပြပြီး..အနော် မေးရိုးရိုက်ချိုးတွားမှာ L ။ဟင့်..လေဒယ်။တကယ်ပဲ။

အနော်အန်တော့ …၇ွာသွားတွေကလည်း….ရီနေတာဂျ။အဲဒါနဲ့ …အနော်လည်းတင်းပြီး..ခင်ဗျားတို့ ရီမနေနဲ့ ။ဒီရက်ပိုင်း…

ခင်ဗျားတို့ ရော သွားမသောက်ဘူးလား…အဲဒီရေ..ဆိုတော့ …မှ သူတို့ လည်း..သတိ၇ပြီး။တစ်ဝေါ့ ဝေါ့ ဖြစ်ကုန်တယ်။

သူဝေါ့…ကိုယ်ဝေါ့နဲ့ ….တစ်ရုတ်တွေကျနေတာပဲ ဂျာ အဟုတ်။အကြော်ဆိုင်လည်း..အဲဒီညနေက ပိတ်လိုက်ရတယ်။ :D

ပတ်ပတ်လည် အံ့ဖတ်တွေ ပြည့် သွားလို့ လေ။ :P

အဲဒီလိုနဲ့ ..ကျွန်တော်လည်း…ခြံထဲပြန်ပြန်ရောက်ရောက်ခြင်း။ သောက်ေ၇အိုးစင်ကို သွားပြီးတော့ …လှဲလိုက်ရတယ်။

ကျွန်တော်ခြံက အခုဆိုပျော်ဖို့ ကောင်းနေပြီဂျ သိလား။တောထဲသွားတဲ့ သူတွေက သူတို့ ခလေးတွေကို ကျွန်တော်ခြံထဲမှာထားထားခဲ့ တယ်။ဟိုမှာက မြွေပါးကင်းပါးလေ။အဲဒါကြောင့်ပါ။ခလေးတွေအတွတ် အနော်ကလည်း

ဒန်းတွေတွေ စီးဖို့ လုပ်ထားပေးတယ်။သူတို့ တွေ ဆော့ ပေါ့ဂျာ။

အယ်…စိုက်ခင်းတွေ ဘက်တော့ သွားမဆော့ ခိုင်းဘူး။ တော်ကြာ အပင်တွေလိုက်နင်းလိုက်လို့ အကုန်ပျက်ကုန်မှာ။

ဇောင်းကြီးကလည်း…သူဟာသူ သာသာယာယာ ကြိုးကုတင်ပေါ်ကကို မဆင်းတာ။ခလေးတွေက အနော်ခြံကို

ဘယ်လိုခေါ်တယ်ထင်တုန်း။ :D ကော်ကော်ဇူး ခြံတဲ့ :P ။ အစက တော့ …ဒီ ပအိုဝ့် တွေ  ကိုကိုဇူး ဆိုတာကို စကားမပီပဲ ပြောတယ်ထင်တာ။ နောက်မှ မေးကြည့် တော့ ဟုတ်ဝူးဂျ။ :D

ကော်ဖီ တိုက်တယ်လေ။အနော်က ခလေးတွေကို။ အဲဒါဘာလဲတဲ့ ခလေးတစ်ယောက်မေးတော့ ..ကော်ဖီ ဆိုတာကို သူက မခေါ်တတ်ဘူး။ အဲဒါနဲ့ ..ဇောင်းကြီးက နောက်ပြီး ကော်ကော် လို့ ပြောလိုက်တယ်။အဲဒီကစပြီးတော့ ကျွန်တော်နဲ့ ...ကော်ဖီကို တွဲမှတ်တော့ တာပါပဲ။ ခေါ်ရင်လည်း… ကော်ကော်ဇူး ဆိုပြီးတော့ ..ဘာကြီးမှန်းမသိဘူး။ နာမည်ကိုပျက်ရော။မခေါ်ပါနဲ့ ပြောလည်း ခဏပဲ။ :D အဲဒါနဲ့ …လွှတ်ထားပေးလိုက်ရတယ်။

ဒီလိုနဲ့ ဂျာ။တစ်နေ့ ….နေက တော်တော်ပူတယ်ခင်ဗျ။ခြံထဲမှာ အိပ်တော့ လည်း…ခလေးတွေက ဆူညံ ဆူညံနဲ့ မို့ ။

အဲဒါနဲ့ …အနော်လည်း ဆိုက်ကယ်ယူပြီးတော့ … ညောင်ပင်အောက်က ကွပ်ပျစ်မှာ သွားအိပ်နေလိုက်တယ်။

တော်တော်လေးမိုက်တယ်ဂျ။လေက တစ်ဖြည်းဖြည်းနဲ့ လေ။အပင်ရိပ်က အေးနေတော့ …အအိုက်သက်သာတယ်။

အိပ်နေတုန်းဂျာ။မှေးကနဲ ပဲ ရှိသေးတယ်။ လူတစ်ယောက် ဘေးမှာလာထိုင်နေတယ်။ကျွန်တော်သိတယ်။သူထိုင်နေတာ။

ဒါပေ့ မယ် ထမကြည့် ဖြစ်ဘူး။တစ်ယောက်ရှိတော့ …အစောင့်ရတာပေါ့ဆိုပြီးတော့ …ထပ်အိပ်နေတာ။ဟုတ်တယ်။

အနော်အိပ်သာအိပ်ရတာ..မြွေတော့ လန့် တယ်ဂျ။ဆင်းဆင်းလာတတ်တယ်။ အဲဒီကောင်တွေနဲ့ က အကျိုးသိပ်ပေးတာမဟုတ်ဘူး။အဲဒီလူကလည်း….တော်တော်နဲ့ မထသွားဘူး ထိုင်နေတာ..အနော်လည်းအိပ်ပျော်သွားတယ်။ နှိုးလာတော့ မရှိဘူးတော့ ဘူးဂျ။ သတိတော့ မထားမိပါဘူး။

ကိုယ်ဆိုင်ကယ်ကိုယ်ဆွဲပြီး ခြံထဲ ပြန်သွားလိုက်တာ။

အဲဒီနေ့ ညမှာ သရဲ သောင်းကျန်းသဗျှ။ဘယ်လိုစတာလဲဆိုတော့ …ညဘက်ကြီး။ ကျွန်တော်တို့ ..အိပ်နေတဲ့ တဲ ခေါင်မိုးပေါ်ကို ခဲတွေလား။သဲတွေလား မသိဘူ။ကျလာတာ။ဇောင်းကြီးက ဝေ့ ငဇူး ထကြည့် စမ်း။ခေါင်းမိုးပေါ်မှာဘာလဲ။

မသိဘူးတဲ့ ။ အနော်လည်း..သေသေချာချာလေးနားထောင်တယ်။ တစ်ခုခုနဲ့ ကို ခေါင်မိုးကို ထုနေတာ။ကျွန်တော် ဓါးဆွဲပြီးတော့ ။ အပြင်ထွက်လိုက်တော့ ….အသံမကြားရတော့ ဘူး။စိတ်ထဲက လူမှန်းမသိ။သရဲ မှန်းမသိတော့ ။

ပါးစပ်က အော်ပြောလိုက်တယ်။ “ဒါးနော်…တွေ့ လား။ ခုတ်ရင်ပြတ်တယ်။ နောက် မလုပ်နဲ့ ” ဆိုပြီးတော့ လေ။

အဲဒီအချိန်မှာဂျာ။ခြံထဲမှာရှိတဲ့ အပင်တိုင်းက လေမတိုက်ပဲ ယိမ်းတာ။ ပက်စက်တယ်။ အသေယိမ်းတာနော်။

အနော်လည်း ကြောင်သွားတယ်။ ဇောင်းကြီးက ဘေးမှာ။သူလည်း ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတာလေ။

အဲဒီအချိန် လေတစ်ချက် ကျွန်တော်တို့ ကို လာတိုးတယ်။ မိတ်ဆွေတို့ ကြုံဖူးလား။

ကန်တော့ ပါရဲ့ ။တစ်ခါတစ်လေ အနော်တို့  အပေါ့(ဆီး) သွားရင် ကြက်သီးထတာလေ။ အဲဒီထက်နှစ်ဆပြင်းတယ်ဗျို့ ။

ခေါင်းတွေ ဘာတွေကြီးပြီး။ ဆံပင်တွေဘာတွေထောင်သွားတယ်။မတိုင်ပင်ထားပဲ နော်။နှစ်ယောက်လုံး တဲ ထဲ ကိုရောက်သွားတယ်။ တံခါးကို ဆွဲပိတ်ချလိုက်တယ်။

ဇောင်းကြီး မျက်နှာမှာ သွေးမရှိတော့ ဘူး။ ကျွန်တော်လည်း..လန့် နေတယ်။ဒါပေ့ မယ် မသာဇောင်းကြီးက အနော်ကိုကြည့် နေတယ်ဂျာ။အနော်မျက်နှာပျက်မပျက်ကို ကြည့် နေတာ။အနော်ပျက်ရင် သူနေစရာရှိမှာမဟုတ်ဘူး။

ချက်ခြင်း မေမြို့ ကောက်ပြန်သွားလိမ့် မယ်။ ဒီလိုခြောက်ပုံနဲ့ ။ ကျွန်တော်က..

“လေကလည်းကွာလို့ …အေးလိုက်တာ…နော်” လို့ ပြောမိပါတယ်။သူက အသံတုန်တုန်နဲ့ 

“နင့်မေလင့်..လေကြီးအေးနေတယ်သိလား…ပေါ်တင်ကြီး ခြောက်တာကြီးကို” ဆိုပြီး အသံက ထွက်မလာတော့ ဘူး။

အဲဒီအချိန်မှာ…တဲတံခါးကို ခဲနဲ ထုတာဂျ။ “ဂလောက် ဂလောက် ဂလောက်” ဆိုပြီးလေ။ အိ..အနော်ရူးချင်သွားတယ်။

တော်တော်ကိုလည်း..စိတ်ပျက်တယ်။ခဲတွေက တံခါးကို အဆက်မပြတ်ကျနေတဲ့ အဆုံး အနော်ဘာလုပ်လဲဆိုတော့ ..

ဘုရားစင်သွားတယ်။အနော်ရွတ်နေကျဂါထာရှိတယ်။အဲဒါရွှတ်တယ်။ကိုးခေါက်။ ရှိခိုးတယ်။ ဆုတောင်းတယ်။ မမြင်၇တဲ့ သူအားလုံး..စောင့်ရှောက်ပါလို့ ။ ဆိုပြီးလေ။ ပြီးတော့ …ဓါးမှာ ပရိတ်ကြိုးချည်ပြီးတော့ …ပရိတ်ထုတ်ပါ။ယူသွားတယ်။

ဇောင်းကြီးကိုလည်း..ဆွဲပေးတယ်။

ဓါးကို ဘာလုပ်ရလဲဆိုတော့ …ဘုရားစင်ကရေနဲ့ လေ။လောင်းချလိုက်တယ်။ ဇောင်းကြီးဂျာ။ဘယ်လောက်ကြောက်လဲဆိုတော့ …အဲဒီအရည်တွေကို တစ်ကိုယ်လုံးလောင်းချပလိုက်တယ်။

ဒီလောက်ချမ်းနေတာကို။သူကြောက်ရင်လည်း ကြောက်လောက်ပါတယ်။

အဲဒါနဲ့ ..ဇောင်းကြီးကို မခေါ်တော့ ပဲ။တဲ ထဲမှာပဲနေနော် ဆိုပြီးတော့ …အပြင်ထွက်တယ်။ထူးဆန်းတာ။

အနော်အပြင်ထွက်လိုက်တာနဲ့ …ခဲနဲ့ ထုနေတဲ့ အသံပျောက်သွားတယ်။ပြီးရင်..လေတွေ ခုနလိုပဲ ကိုယ်ကိုယ်လာလာတိုးတယ်။ဟင့်…ပြောရင်းနဲ့ တောင် ကြက်သီးထတယ်။ L။

အနော်ဘာလုပ်လဲသိလား။ ဓါးကို ထောင်ပြီးတော့ …ယိမ်းနေတဲ့ သစ်ပင်တိုင်းကို လိုက်ခုတ်တာနော်။အသေခုတ်တာ။

ဒီအပင်ယိမ်းလို့ ….ခုတ်လိုက်ရင်။ခုတ်တဲ့ အပင် ယိမ်းတာငြိမ်သွားတယ်။ မပျော်လိုက်နဲ့ အုံးနော်။နောက်တစ်ပင်ထပ်ယိမ်းတယ်။ အဲဒီလို ယိမ်းတိုင်း လိုက်ခုတ်နေရင်..သရဲက ပျော်မှာပဲ။အနော်အမောဆို့ ပြီးသေမယ်ဆိုပြီးလေ။ အဲဒါဘယ်လိုလုပ်ရလဲဆိုတော့ …ခုတ်လိုက်တယ်။မယိမ်းတော့ ဘူးဆို ပုရိတ်ကြိုးချည်ပလိုက်တယ်။

ရှင်းရော။ အဲဒီလို လိုက်လုပ်တာဂျာ။ တစ်ခြံလုံးနှံ့ သွားတယ်။အမှောင်ကြီးထဲနော်။ လရောင်မှိန်ပျပျနဲ့ …ကြယ်ရောင်တွေအားကိုးပြီးလိုက်လုပ်ရတာ။လူကလည်းတော်တော်မောနေပြီ။ အရေးထဲ…အော်ရသေးတယ်။

နာ လက်ထဲ ဓါးပါတယ်နော်။လိုက်ခုတ်နေတာ…ခြံစောင့်တွေ မထွက်နဲ့ တဲ ထဲက…. ဆိုပြီးလေ။အဲဓီလို မအော်လို့ 

လူရယ်ဘာရယ်မခွဲခြားပဲ ခုတ်မိလိုက်လို့ ကတော့ လေ။ မတွေးရဲ ဘူး။ ငဇူး ငပိစားနေရမယ်။ L (ကြိုက်ဝူး အဲဒီငပိ နံတယ်) L ။ ။အဲဒီလိုအော်တာကြောင့်လည်း…ခြံစောင့်တွေက ထွက်မလာတာ။မဟုတ်ရင်သူတို့ က အသံကြားတယ်။ဘာဖြစ်တာလဲဆိုပြီးတော့  လာကြမှာ။အဲဒါဆိုရင်တော့  သေချာပီ ခုတ်မိဖို့ က။ အမှောင်ကြီးထဲ ဘာမှမမြင်ရဘူး။

အဲဒီလို ခုတ်လာရင်းနဲ့ …နောက်ဆုံးအပင်တစ်ပင်ကို ရောက်သွားတယ်ဂျာ။သိလား။အဲဒီအပင်တော်တော်ကြီးတယ်ဂျ။

ရေကသစ်ပင်လားမသိဘူး။အဲဒီအပင်အောက်မှာ…စမ်းချောင်းလေးရှိတယ်။အနော်တို့ ရေချိုးရင် အဲဒီမှာပဲချိုးတာ။

အဲဒီေ၇ကသစ်ပင်က အကြီးကြီးရယ်။ အဲဒီကောင်ကြီးတစ်ကောင်တည်းလုပ်နေတယ်။ကျန်တဲ့ ဟာတွေမလုပ်တော့ ဘူး။

အနော်လည်း…ဘာမှလုပ်စရာမရှိတော့ ဘူး။အဲဒီအပင်နားလည်း မသွားရဲဘူးဂျ။အပင်က အောက်ခြေရှုပ်တယ်။အမြစ်များတယ်။ကပ်သွားရင်..အဲဒီအပင်က နောက်ဆုံးလေ။

ခွေးကိုတောင်ဂျာ…ဂျောင်ပိတ်ရိုက်ရင်..ပြန်ကိုက်တာပဲ။အဲဒီ အပင်နောက်ဆုံးကျန်တာ..အနော်အရဲမကိုးသင့်ဘူးထင်တာပဲ။

အဲဒါနဲ့  သေသေချာချာကြည့် နေတာ။သူကလည်း…ကပ်လာရင် တီးတော့ မဲ့ အထာပဲ။အမြစ်တွေတောင် ကြွလာသလားမှတ်ရတယ်။

ကျွန်တော်လည်း…တော်တော်လေး ပင်ပန်းနေတာနဲ့ ။ စကားတစ်ခွန်းပြောပြီး ပြန်လှည့် ခဲ့ တယ်။

“နင်သက်သာသွားတယ်နော်။ငါ အဆုံးမချင်သေးဘူး။အဲဒီတော့ အေးဆေးနေ။မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့ …

အခု နာ အိပ်တော့ မယ်..ဘာမှ လာမနှောက်ယှက်နဲ့ … အေး..တစ်ခုခုဆို အဲဒီအပင်ကို သံတွေရိုက်ထည့် လိုက်မယ်။

ကြားလား” ဆိုပြီးအော်ပြောပလိုက်တာ။ အဲဒီအပင် သွက်သွက်ခါ သွားတာများဂျာ။အနော်တောင်…ပြန်ပြေးရင်ကောင်းမလားတွေးတယ်။ပြေးရင်တော့ သေမှာပဲ။အဲဒါက အာမခံတယ်။

အဲဒါကြောင့် စိတ်ကို ထိမ်းထားတာ။ တော်တော်လေးတော့ …လူက ပြိုချင်နေပြီ။

အဲဒီအပင်ကြီး သွက်သွက်ခါသွားတဲ့ သဘောက။

သဘောပေါက်တယ်ဆိုတဲ့ သဘောမဟုတ်ဘူးဂျ။ သောက်ရမ်းပေါက်တယ်ဆိုတဲ့ အထာ ဖြစ်နိုင်တယ်။အနော်..ထင်တာပြောတာပါ။အဲဒါနဲ့ …နည်းနည်းတော့ ပြန်ချော့ ရတာပေါ့ဂျာ။ တော်ကြာအိပ်နေတုန်း အသေလာသတ်သွားမှာဆိုးလို့ ။

“လာပေါက်မနေနဲ့ ။ဒီည ကောင်းကောင်းအိပ်ရရင်..မနက် ပရိတ်ကြိုးတွေ အကုန်ဖြေပေးမယ်” ။ အဲဒီလို…ပြောလည်းပြောလိုက်ရော။လေတွေဘာတွေငြိမ်သွားပြီး အပင်က ၀ပ်စင်းသွားတာပဲ။ကိုယ်တောင်သနားတယ်။အဟုတ်။

အော် သရဲ ဘ၀နှယ် ဆိုးလိုက်တာ ဆိုပြီးလေ။ :D ဟီး။

အဲဒီလိုနဲ့ …တဲ ဆီကို ပြန်ဖို့ …လှည့် လည်းလှည့် လိုက်ရော….သောင်းကျန်းတော့ တာပဲ။

“၀ုန်း…ဒိုင်း” ဆိုပြီးလေ။အနော်လည်း လှည့် ကြည့် မနေတော့ ဘူး။ကြောက်တာတော်တော်လေးကြောက်နေပြီ။

ဒီအတိုင်းပဲ…နေဟယ်။ဆိုပြီး..ပစ်ထားခဲ့ တာ။ တဲ ထဲ ရောက်တော့ …လူက…အရမ်းလန့် နေတယ်။အနော်ပြောပါတယ်။

ဟုတ်တယ်လေ။ စိတ်လျှော့ လိုက်တာကိုး။

အထဲမှာ ဇောင်းကြီးက ဗုဒွမြတ်စွာဘုရားဆင်းတုကို ရင်ခွင်ပိုက်ပြီး ငုတ်တုတ်ထိုင်နေတယ်။အနော်လေ ပြေးကန်ချင်တာ။

ဘုရားကြီး ရင်ခွင်ပိုက်ထားလို့ ။ငရဲကြီးမှာဆိုးလို့ ။ အဟုတ်ဂျာ။ဘယ်နှယ့် …တကယ်သွားရင်ဆိုင်ရတာအနော်။သူကအထဲကနေပြီးတော့ လာကြောက်ပြနေတယ်။ L လေဒယ်။

အဲဒီညကတော့ ….အိပ်လိုက်ရပါတယ်…ကောင်းကောင်း။ မအိပ်လို့ လည်းမရဘူး။ မနက်အလုပ်တွေအများကြီး၇ယ်။

လာသတ်ရင်လည်း..သေလိုက်တော့ မယ်။ အဟုတ်စိတ်ညစ်တယ်။ ဒီခြံစုတ်နဲ့ ….နှစ်ပါးသွားကရတာလေ။ဘယ်လိုမှ မမြိုင်ဘူး။ဟင့် L

ဒီလိုနဲ့ မိုးလင်းတော့ …ခြံစောင့်တွေက…လာပြောတယ်။အနော်နိုးသွားမှ လာပြောကြတာပါ။အနော်က အိပ်နေရင်လာနှိုးတာမကြိုက်ဘူး။သူတို့ သိတယ်။အနော်ကို သူတို့ က အိုက်ဇူး လို့ ခေါ်သဗျ။အမှန်တော့် ခြံစောင့်အားလုံးက သုံးဆယ်ကျော် လေးဆယ်ကျော်အရွယ်တွေပါ။အနော်က ဆယ်ရှစ်နှစ်။ ဒါပေ့ မယ်…

သူတို့ က အနော်ကို…ဘယ်လိုခေါ်မလဲဂျာ။အလုပ်ရှင်ဆိုပြီးလေးလေးစားစားဆက်ဆံတယ်။အနော်ကလည်း..ရိုသေတယ်။

ကိုယ့်ဦးလေးတွေလို ကိုယ်ဆွေမျိုးတွေလိုလေ။ အလုပ်တစ်ခုလုပ်ရတာမလွယ်ဘူးဂျ။ဒီလိုပဲ ထိမ်းတတ်မှ မဟုတ်ရင် မလွယ်ဘူး။ အဲဒါကြောင့် လူကြီးတွေပဲခေါ်တယ်။ ရွယ်တူတွေဆို…မာနလေးက ရှိသေးတယ်…သူတို့ တွေကလေ။ပြောရင် မကြိုက်တာတို့ ဘာတို့ နဲ့ ။ကျွန်တော်နဲ့ သိပ်မကိုက်ဘူး။ အဲဒါနဲ့ ခြံစောင့်တွေက…လာပြောတယ်။

“ညက အိုက်ဇူး အော်သံကြားလို့ ထွက်ကြည့် မလို့ တဲ့ …သောင်ကျန်းနေတာသိတယ်တဲ့ ။ ဒါပေ့ မယ်..မထွက်နဲ့ လို့ အော်ထားလို့ ငြိမ်နေတာ” ဆိုပြီးလေ။ ဟုတ်တယ်လေ..ထွက်ရင်လည်းသေမှာ။အနော်က ခုတ်မှာပဲ ဘယ်သူလာလာ

အဲဒီအချိန် အသိစိတ်က သိပ်ရှိတာ မဟုတ်ဘူး ကြောက်နေပြီလေ။ အဲဒီတော့ ခြံစောင့်တွေ အကြံဥာဏ်ပေးတယ်။

နတ်ကတော် ခေါ်မေးကြည့် ပါလားတဲ့ ။

“ဘာ…ဦးလေးရူးနေလား။ နတ် ကျွန်တော် အယုံအကြည် မရှိဘူး။နတ်ကတော်တွေကို” ဆိုပြီးတော့ အော်လွှတ်ပလိုက်တယ်။သူတို့ လည်း…ကျွန်တော် အယုံအကြည့် မရှိဘူးဆိုတော့ …မပြောတော့ ပါဘူး။ထွက်သွားတယ်။

အနော်က ဂတိတော့ တည်တယ်ဂျ။အိပ်ယာနိုးတာနဲ့  အပင်က ပရိတ်ကြိုးတွေ..အကုန်လိုက်ဖြုတ်တာပဲ။ဘယ်သူပဲ ဖြစ်ဖြစ်ဂျာ။လွတ်လွတ်လပ်လပ်နေချင်တဲ့ သူတွေချည်းပဲ။ သူတို့ လည်း လွတ်လွတ်လပ်လပ်နေချင်မှာပေါ့။အဲဒါကြောင့်ပါ။

အနောက်အယှက်ပေးမယ်ဆိုရင်တော့ …အသေချည်ပလိုက်မယ်။ အဟုတ်လုပ်မှာ..ဟင့် ညစ်နေပြီ။

အဲဒီအပင်တွေက ပရိတ်ကြိုးတွေ လိုက်ဖြုတ်နေတုန်း….ဇောင်းကြီးရောက်လာတယ်။

“ငဇူး….နတ်ကတော်..ခေါ်မေးရအောင်လေနော်။မေးကြည့် ချင်တယ်ကွာ..ဘာပဲဖြစ်ဖြစ်” ဆိုပြီးတော့ …လာပြောနေတယ်။သူမျက်နှာကြည့် တော့ လည်း….ဖြစ်နိုင်ရင် အခုထပြန်ချင်တဲ့ ရုပ်။ဇောင်းကြီး အကြောင်းအနော်ကောင်းကောင်းသိတယ်။ အခုအလုပ်တောင်…သူ စထားတဲ့ ဟာမို့ ။ သူများဟာသာဆို…

ရော့ …ကိုယ်မြေကိုယ်ထိမ်း ဆိုပြီး ဒိုးသွားမှာ။ကျွန်တော် အစက ဘာမှ မပြောဘူး။ပရိတ်ကြိုးတွေပဲလိုက်ဖြုတ်နေတာ။

သူက တောက်လျှောက်လိုက်ပြောနေတာနဲ့ …

“ဟရောင်…သောက်ခြောက်..နင် သိပ်ခေါ်သပဆို..ခေါ်ဟာ…အေးတစ်ခုပြောမယ်နော်…မဟုတ်တာတွေ လာပြောနေလို့ ကတော့ …ငါအဆိုးမဆိုနဲ့ နော်။နင်ငါ့အကြောင်းသိတယ်နော်” ဆိုတော့ …

“အေးအေး” ဆိုပြီး သူပျော်သွားတယ်ဂျ။ပြီးတာနဲ့ …ပြေးထွက်သွားပြီး..နတ်ကတော်ရဖို့ ကိစ္စ သူစုံစမ်းတော့ တာပါပဲ။

အေးပေါ့ဂျာ။

လူဆိုတာကလည်း… ရေနစ်နေပြီဆို…. ကောက်ရိုးတစ်မျှင်တွေ့ တာနဲ့ ….ဆွဲချင်တာပဲနော့ …ဇောင်းကြီးလည်း…ရေ ဘယ်နှစ်ချင်ပါ့မလဲ။ ။

တတိယပိုင်းအား ဆက်ဖတ်ရန် ဒီမှာ နှိပ်ပါ

ငဇူး
....................................

No comments:

Post a Comment