ဒါလေးကို ရေးမယ် ရေးမယ်နဲ့ မအားတဲ့ ကြားထဲက အတင်းရေးလိုက်ပါတယ်။
လူတိုင်း လူတိုင်းဟာ မနက်မိုးသောက်ပီ ဆိုတာနဲ့  အိပ်ယာထက်က အလူးအလဲထ၊ လုပ်စရာရှိတာကိုလုပ်။
ထို့ နောက် ကိုယ်နဲ့ သက်ဆိုင်တဲ့  လုပ်ငန်းခွင် အသီးသီးကို သွားကြပေါ့နော်။
ဒီလို သွားနေတဲ့ အချိန်လေးတွေ၊ ရောက်ရှိသွားနေတဲ့  လုပ်ငန်းခွင်တွေထဲမှာ လူသစ်တွေနဲ့ ထိတွေ့ ဆက်ဆံရတဲ့  အခါမိတ်ဆက်ခြင်းဆိုတာလေးကို မရှိမဖြစ်လုပ်ရတယ်ဗျ။ ဟုတ်တယ်နော်…အနော် ပြောတာ။ :D
အဲဒီလိုတွေ မိတ်ဆက်ရတဲ့ အခါမှာ… တစ်ဖက်လူကို ကိုယ်က ရှိန် နေတတ်သလို၊ တစ်ဖက်လူကလည်း ကိုယ်ကို
ပြန်ရှိန်နေတတ်တယ်ဗျ။ ဒါက အစပါ။ ယောင်္ကျားလေး အချင်းချင်းက ပြသနာမရှိနိုင်ပေ့ မယ်။ မိန်းခလေး နဲ့ ယောင်္ကျားလေး
ဖြစ်လာတဲ့ အခါမှာ တစ်မျိုးလေးဗျ။ သူကို ကိုယ်က အကဲခတ်နေတတ်သလို၊ ကိုယ်ကလည်း သူကို အကဲခတ်နေတတ်ပြန်ရော။ အဲဒီတော့ ဆက်ဆံရေးလေးက နည်းနည်းလေးတော့ တင်းမာနေတတ်တယ်။ အစပိုင်းမှာလေ။ နောက်ပိုင်းကျတော့ ရင်းရင်းနီးနီး ဖြစ်သွားရော။ ခင်သွားကြတာကိုး။ ဒါက အပြင်ပိုင်းလူမှုဘ၀အတွတ်ပါ။
ကျွန်တော်တို့ လို မနက်မိုးလင်းတာနဲ့  အွန်လိုင်းပေါ်တတ် Gtalk ဖွင့် ပြီးရင် လုပ်စရာရှိတာတွေလုပ်။ သတင်းတွေလိုက်ရှာ။ သီချင်းဆိုဒ်မှာ သီချင်းတင်။ ဟိုလူမေး ဖြေ။ ဒီလူ မေးဖြေ။ အဲဒီလိုတွေ လုပ်နေရတဲ့ သူအဖို့ တော့ 
မိတ်ဆက်ခြင်းဆိုတဲ့ ကိစ္စတစ်ခုဟာ တော်တော်လေး သည်းမခံနိုင်တဲ့ ကိစ္စဗျ။ အွန်လိုင်းမှာ အလုပ်လုပ်နေတဲ့ သူတွေ သိပါလိမ့် မယ်။ ကိုယ် အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာ “Hi” ဆိုတဲ့ စကားလုံး တစ်ခုကို ဘာလို့  လစ်လျူရှု့ မိလဲဆိုတာ။
ကျွန်တော် တစ်နေ့ တာ လုပ်ငန်းစဉ်လေးပြောပြမယ်ဗျာ။
ကျွန်တော်မိုးလင်းတာနဲ့ အိပ်ယာထိပြီဆိုပါတော့ …ဘာကို အရင်လုပ်လဲသိလား?
ကျွန်တော့် ကွန်ပြူတာက ကျွန်တော် ခြေရင်းမှာ ရှိတယ်။ အဲဒီဟာကို ခြေမလေးနဲ့ ထိုးပြီး စက်ဖွင့်လိုက်တယ်။
ပြီးရင် ပြန်မှေးနေတာ။ မော်နီတာတွေ ဘာတွေ မီးလင်းလာတော့ မှ အိပ်ယာကထိပြီးတော့  မျက်နှာသစ်၊ သွားတိုက်။
ပြီးရင် ကွန်ပြူတာဆီ ပြန်လာပြီး တစ်နေကုန် အွန်လိုင်းဖြစ်နေတာ။ သွားစရာရှိတဲ့ အချိန်တွေ ကျသွားပေါ့ဂျာ။ ဒီလိုမျိုး။
အွန်လိုင်း ဆိုတဲ့ အရာမျိုးက မဖွင့်ထားမိတာ ကောင်းတယ်ဗျ။ ဖွင့်လိုက်မိရင် လုပ်စရာတွေက တန်းစီနေတာ ဘာတွေမှန်းကို မသိဘူး။ မားသားဆို အသေဆဲတာ ကျွန်တော်ကိုလေ။ ပိုက်ဆံမရတဲ့ အလုပ်ဆိုပြီး :D ။
ဒါပေ့ မယ် ကျွန်တော်ပျော်တယ် အွန်လိုင်းမှာ။ ကိုယ်သိချင်တာတွေလည်း သိရတယ်။
မိုးလေ၀သ၊ အိုင်တီ စတဲ့ ရှိသမျှသတင်းတွေ အကုန်လုံးကို တစ်ချိန်တည်း နေရာတစ်ခုကနေ ပြီးတော့  အေးဆေးဖတ်နိုင်တယ်လေ။ ဖတ်စရာကလည်း အစပြုမိလိုက်ရင် တစ်ခုပြီး တစ်ခုထွက်လာတာ။ မပြီးတော့ ဘူး။
တစ်ခါတစ်လေဆို ကျွန်တော် နှစ်ရက်ဆက်တိုက် မအိပ်ပဲနဲ့ စာဖတ်တာတို့ ဘာတို့ ရှိတယ်။ ဒီလို အချိန်တွေဆို
ရေချိုးဖို့ မပြောနဲ့ နော်။ ထမင်းစားဖို့ တောင် သတိမရတတ်ဘူး။ အဲဒါ အမေတွေ အမတွေ လာအော်၊ ဆဲဆိုတော့ မှ
မထချင် ထချင်နဲ့ ထရတာ။ ဒီလိုမျိုး။
ဒီလိုနေလာခဲ့ တဲ့ နှစ်တွေမှာ ကျွန်တော့်  Gtalk မှာ လူပေါင်းစုံကို ကျွန်တော်တွေ့ ဖူးတယ်ဗျ။ အကောက်တော်တော်များများက ဟိုင်း ဆိုပြီး လုပ်ကြတယ်။ ကျွန်တော် ပြန်မပြောဘူး။ အဲဒီလို ပြန်မပြောလို့ လည်း…
ဆဲ သွားတဲ့ သူမနည်းဘူး။ အဟုတ်။ အဲဒီတော့  ကျွန်တော် ဘာလုပ်လဲ သိလား။ ပြန်မဆဲဘူး။ ဆဲ တဲ့ အခါလည်းရှိတယ်။
ပြီးရင် Block list ထဲ ကောက်ထည့် လိုက်တာ။ ဒါမျိုးတွေက ရိုးနေပါပြီ။ ခဏခဏ တွေ့ ရတာချည်းကိုး။
မိတ်ဆွေတို့ လည်း ကြုံဖူးမှာပါ။
ဒါပေ့ မယ်ဗျာ…ဒီအတောအတွင်းလေးမှာ ကျွန်တော် တွေ့ ရတာလေးတစ်ခုဗျ။ မိတ်ဆက်နည်း တော်တော်မိုက်တယ်။
အကောက်တစ်ခုပါ။ သူက အစက “ဟိုင်း” ဆိုပြီး တတ်တတ်လာတယ်။ ကျွန်တော် မပြောဘူး။ အဲဒီ အကောက်က တော်တော်လေးကို ကြာတယ်။ ကျွန်တော်ကို ဟိုင်းတာလေ။ (၄) လ လောက်တောင်ရှိပြီထင်တယ်။ ကျွန်တော်ကလည်း
လုံးဝမပြောဘူး။ အမှန်က ဘယ်သူပြောပြော ပိတ်ပိတ်ပစ်တာကိုး။ အဲဒါလည်း ပါတယ်။ ဟီး :D ။
တစ်နေ့ ပေါ့ဂျာ။ သူ့ အကောက်က တတ်လာတယ်။ စာသားလေး တစ်ခု။ ဘယ်လိုလေးတတ်လာလဲဆိုတော့ 
“ကိုဇူး…နေကောင်းလား…အေးဆေးပဲ…ဟုတ်” တဲ့ ။ ဒီလို စာသားမျိုးတွေက ကျွန်တော် သူငယ်ချင်းတွေပဲ ပြောနေကြဆိုတော့ …ကျွန်တော်က
“အေး” ဆိုပြီး ပြန်ဖြေလိုက်မိတယ်။ :D
အဲဒီတော့ မှ အကောက်ပိုင်ရှင်က ပြောတော့ တာပဲဗျ။
“အောင်မြတ်လေး ထီပေါက်အုံးမယ်။ စကားတွေ ဘာတွေ ပြန်ပြောလို့ ” ဆိုပြီးလေ။
သူအဲဒီလို ပြောမှ ကျွန်တော် သတိထားမိတာ။ သူက ကျွန်တော် သူငယ်ချင်း မဟုတ်ဘူး။ အရင်က ကျွန်တော်မပြောပဲနေနေတဲ့ အကောက်။ ဒီလိုနဲ့ ဗျာ။
“ဟာ..မဟုတ်ပါဘူး။ ကျွန်တော် မအားနေလို့ ပါ” ဘာညာပေါ့ဂျာ။ ပြန်ဖောလိုက်ရတယ်။
အဲဒီအကောက်ပိုင်ရှင်နဲ့ ကျွန်တော်နဲ့ စကားတော်တော်လေး ပြောဖြစ်တယ်ခင်ဗျ။ အဲဒီနေ့ ကလေ။
တော်တော်လေးလည်း ခင်သွားတယ်။ သူနဲ့ က လုံးဝမသိဘူးနော်။ ဘယ်လောက်တောင် ခင်သွားလဲဆိုရင် ငယ်ပေါင်းတွေလိုတောင် ဖြစ်သွားတယ်။ အဟုတ်။ အဲဒီနေ့ က အချိန်တန်တော့ သူပြန်သွားတယ်ခင်ဗျ။ သူက ဆိုင်မှာလာသုံးတယ်လေ။ သူပြန်သွားပေ့ မယ်…ကျွန်တော် သူနာမည်လည်း မသိလိုက်ရ။ သူ အသက်လည်းမမေးမိ။
အဲဒီလို :D ။ ။
ကျွန်တော် စဉ်းစားတယ်။ ဘာလို့  သူနဲ့ ခင်သွားရတာလဲပေါ့နော်။ တော်တော်လေး စဉ်းစားပြီးတော့ မှ အဖြေထွက်လာတာကတော့ …
“ကိုဇူး နေကောင်းလား…အေးဆေးပဲ ဟုတ်”
ဒီစကားလေးပါ။ ဟုတ်တယ်ခင်ဗျ။ ကျွန်တော်တော်တော်လေး နှစ်သက်သွားတယ်။ ရင်းနီးရာလည်းရောက်သွားတယ်နော်။
ကိုဇူး လို့ ခေါ်တာက ကျွန်တော်ကို တော်တော်လေး ခင်တဲ့  နည်းပညာ မောင်နှမတွေမှ ခေါ်တာပါ။ ကျွန်တော်လည်း သူတို့ ကို ညီအကို မောင်နှမ တွေလိုပါပဲ။ အဲဒီတော့  သူက အဲဒီလို ခေါ်လိုက်တဲ့ အချိန်မှာ ကျွန်တော် မောင်နှမ စိတ်ဝင်သွားမိတယ်။ ဒါမှမဟုတ်ရင်လည်း အရင်းနီးဆုံး သူငယ်ချင်း စိတ်ဝင် သွားမိတယ်ထင်တယ်။ ဒါဖြစ်နိုင်တယ်လေနော်။ သူကို ရင်းရင်းနီးနီးကို ခင်သွားမိတာ။
အဲဒီမှာ ကျွန်တော်ကောက်ချက်ချမိလိုက်တာလေးကတော့  အပြောအဆိုလေး တစ်ခုက လူတစ်ယောက်ရဲ့ 
နှလုံးသားကို နူးညံ့ သွားစေတယ်။ ဆွဲဆောင်စေနိုင်တယ် ဆိုတာလေးပါ။ :D
နောက်ပိုင်းမှာ ကျွန်တော် ကောက်ချက်လေးကို မှန်လား မှားလား၊ ကျွန်တော် စမ်းကြည့် တယ်ခင်ဗျ။
ကျွန်တော်ကို စတင်ခေါ်ဆိုတဲ့ လူတွေကို ကြည့် တယ်။ ဟုတ်တယ်။ တော်တော်များများက “ဟိုင်း”
ဆိုတာတွေပဲ တတ်လာတယ်။ နောက်ပိုင်း zuzuaung.co.cc မှာ ကျွန်တော်ရေးတဲ့ ပိုစ်တွေကို ဖတ်မိသူတော်တော်များများကတော့ …စခေါ်တာနဲ့  “ကိုဇူး” ဆိုပြီးလာတော့ တာပဲ။ ဒီလိုမျိုးတွေကျတော့ 
ကျွန်တော် စိတ်ကိုက အော်တို ပြန်ထူးချင်နေတာပေါ့နော်။ အလေ့ အကျင့်တစ်ခု ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။
ဘာလို့ လဲဆိုတော့  ကျွန်တော် သူငယ်ချင်းတိုင်းက ကိုဇူး ခေါ်တဲ့ အချိန်မှာ ကျွန်တော် ပြန်ထူးခဲ့ တယ်လေ။
အဲဒါကြောင့်မို့  ဖြစ်မယ်။
အဲဒီမှာ တစ်ဖက်လူကိုလည်း ကျွန်တော် ပြန်စဉ်းစားကြည့် တယ်ပေါ့နော်။ သူတို့ က အစက ကျွန်တော်ကို သိလည်း
မသိဘူး။ ခင်လည်းမခင်ဘူး။ အကောက်လေးကိုပဲ တွေ့ နေရတာပေါ့နော်။ အဲဒီအချိန်မှာ သူတို့ က “ဟိုင်း” လုပ်တဲ့ 
အဆင့်လောက်ပဲ ရှိနိုင်တယ်။ ကျွန်တော်ကိုလေ။ နောက်ပိုင်းဗျာ။ ကျွန်တော့် ပိုစ် တစ်ခုကို ဖတ်မိလိုက်တယ် ဆိုပါတော့ ။
အဲဒီလို ဖတ်ပြီး သွားတဲ့ လူတိုင်းဟာ… ခေါ်တဲ့ ပုံစံလေးတွေ ပြောင်းသွားတာတွေ့ ရတယ်ဗျ။ သိလား။
“ကိုဇူး” ဆိုပြီး ဖြစ်လာတယ်။ တစ်ချို့ ကလည်း နောက်ပြောင်ချင်တဲ့ စိတ်နဲ့  “ဝေ့ …ရှမ်းတစ်ဝက်” ဆိုပြီး ခေါ်လာကြတယ်။
ဒီလိုနည်းနဲ့ မိတ်ဆက်လာတဲ့ သူတွေကို ကျွန်တော် ရဲ့ စိတ်က အော်တိုကို ပြန်ခေါ်မိတာခင်ဗျ။ အဟုတ်ပြောတာ။
အဆင့်တစ်ခုကို ကျော်သွားတယ်။ ကျွန်တော်တို့ စိတ်အညစ်ရဆုံးအဆင့်ပေါ့နော်…မိတ်ဆက်ခြင်း :D ။ အဲဒါကို ကျော်သွားတယ်။ ရင်းနီးသွားတဲ့ အဆင့်ကို တိုက်ရိုက်ရောက်သွားတယ်။ ထူးဆန်းတယ်ဗျ အဲဒါ။
စာဖတ်ခြင်းဟာလည်း စာရေးသူနဲ့ စာဖတ်သူ အပေါ်ကို ရင်းနှီးသွားစေနိုင်တယ် ဆိုတဲ့ အချက်လေးကို သွားတွေ့ ပြန်ရော။
တောင်ပေါ်မှာနေတုန်းကပါ။ ကျွန်တော် လူတော်တော်များများနဲ့ မပေါင်းဘူးနော်။ မာနကြီးတာတော့ မဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်က ဒီလိုပဲ နေတတ်တာပါ။ ပန်းခြံကို ငေးတယ်။ ပက်လက်ကုလားထိုင်တစ်လုံးနဲ့ 
ဘေးမှာ ကော်ဖီခွက်တစ်ခွက်နဲ့ လေ။ မိုးတွေ ညှို့ နေတယ်ဆို လွှတ်ကြည့် ကောင်း။ ဒီလိုအချိန်တွေဆို အနော့ ဘေးမှာ
လူရှိနေရင် ကျွန်တော် မကြိုက်ဘူး။ သူတို့ က လှုပ်လှုပ် လှုပ်လှုပ် လာလုပ်နေရရင် အာရုံပျက်တယ်ဗျ။ ဒီမှာ စိတ်တွေက
ပျံ့ လွှင့် ချင်တိုင်း ပျံ့ လွှင့်နေတာဆိုတော့ လေ။ အဲဒီအချိန် အနားလာရင်
လုပ်စရာရှိတာ လုပ် ပြီးရင် သွားတော့  လို့ ပြောမိတတ်တယ်။
နောက်ပြီး ကျွန်တော်ကိုယ်တိုင်က ကိုယ်ခံယူချက်၊ ကိုယ်ယုံကြည်ရာနဲ့  တွေးတောပြီး နှိုင်းယှဉ်တတ်တဲ့ သူဆိုတော့ …
သူတို့ ဓလေ့ ထုံးတမ်းတွေက ကျွန်တော်နဲ့  မအပ်စပ်တာများတယ်။ ဘယ်လိုခေါ်မလဲ။
“နတ်ကိုးကွယ်တယ်ဟေ့ ….၀က်သားမစားနဲ့ ”
ဒီလိုမျိုးတွေကျတော့ …ကျွန်တော်က နတ်ကို မကိုးကွယ်ဘူး။ ခြံထဲမှာထားတယ်။ ၀က်သားစားတယ်။ :D
ဟုတ်တယ်လေဗျာ။ သူ့ သွားကျွေးနေတာမှ မဟုတ်တာ။ ဟုတ်တယ်မလား။ ကိုယ်အိမ်ထဲ ကိုယ်စားနေတဲ့ ကိစ္စဟာ။
သူနဲ့ ဘာဆိုင်တုန်း ဟုတ်တယ်ဟုတ်။
နောက်တစ်ခုက ဟို တောထဲ အပေါ့ မသွားနဲ့  ဒီတောင်ထဲ အပေါ့မသွားနဲ့ ၊ အဲဒီကိစ္စက တော်တော်လေးဆိုးတယ်ဗျ။
အနော်လက်မခံနိုင်ဘူး။ ဟုတ်တယ်။ တောထဲတောင်ထဲ ရောက်မှတော့ ဗျာ။ အပေါ့သွားချင်တဲ့ အခါ ဘယ်လိုလုပ်မတုန်း။
သွားရတာပဲပေါ့။ လေဒယ်။
အဲဒီတုန်းက ရွာသားလေးယောက်လောက်နဲ့ တောထဲသွားတယ်။ တိုင်စိုက်ဖို့ ပါ။ တဲ တိုင်လေ။
အဲဒါ သစ်ပင်လိုက်ရှာတာ။ကောင်းကောင်းလေး။ ယာယီထိုးမှာ မဟုတ်ဘူး ဆိုတော့  ခိုင်ခိုင်ခန့် ခန့် လေးဖြစ်အောင်။
ခြံထဲက တဲ တွေဆိုတာက အားလုံးက ခြေတိုင်ရှည်တဲ တွေ များတယ်လေ။ အဲဒီတော့ အပင်ကောင်းကောင်း ငါးပင်လောက်ကို
ခုတ်ပြီး သယ်လာတာ။ လမ်းမှာဗျာ။ အပေါ့သွားချင်လာရော။ မနေနိုင်ဘူး။ တော်တော်ကို အောင့်လာတာ။ ဆီးစပ်က။
အဲဒါနဲ့ ထမ်းလာတဲ့ သစ်တုံးကြီးကို ချပြီးတော့  အပေါ့သွားမလို့ လုပ်တာကို …ရွာသားတွေက ၀ိုင်းတောင်းပန်တယ်။ မသွားပါနဲ့ 
ဘာညာနဲ့ ။ အဲဒီလို သွားရင် ရွာကို ကပ်ဆိုးဆိုက်နိုင်တယ်ပေါ့နော်။ တောင်ပိုင် စိတ်ဆိုးမယ်။ ဆိုပြီးလေ။
ကျွန်တော်ကတော့ မရမက သွားလိုက်တာပဲ။ မသွားခင်တော့  “ကန်တော့  …မအောင့်နိုင်လို့ ပါ” ဆိုပြီးတော့ သွားခဲ့ လိုက်တာ။
ဘာမှတော့ မဖြစ်ပါဘူး။ အဲဒါကို ရွာသားတွေက ၇ွာထဲရောက်တော့  ဖွတယ်လေ။ အားလုံးက ဒီကောင် လူကန့် လန့် ကောင်၊
ဘာညာနဲ့  ဖြစ်ကုန်ရော။ ရွာထဲမှာ တစ်ယောက်ယောက်များ ဖျားလို့ ကတော့  ကပ်ဆိုက်ပြီလား ဆိုပြီးတော့ သူတို့ မှာ လန့် ရတာအမော။ ကျွန်တော် ငဇူးကတော့  လုပ်စရာရှိတာတွေ ဆက်လုပ်နေတာပါပဲ။
အဲဒီတော့  ကျွန်တော်ကို မခေါ်မပြောချင်တဲ့ သူ များတယ်။ ကျွန်တော်ကလည်း သူတို့ ကို အဖတ်လုပ်ပြီး စကားမပြောနေပါဘူး။
မနက်မိုးလင်း လုပ်စရာရှိတာလုပ်။ ပြောစရာရှိတဲ့ သူနဲ့ စကားပြော။ ဒီလိုပဲနေနေတာ။ ခြံထဲက အလုပ်သမားတွေကတော့  ကျွန်တော်ကို
အပြစ်မပြောဘူးဗျ။ ခင်တယ်။ သူတို့ ကို ကျွန်တော် မကောင်းကြောင်း သွားပြောလို့ ကတော့  ဓါးမ ရှိရင် ဓါးမ၊ ဒုတ် ရှိရင် ဒုတ်နဲ့ တီးထည့် လိုက်တာ :D ။ ခဏခဏလိုက် ရှင်းရတယ်။ ကိုယ့် အလုပ်သမားကတော့ ကိုယ် ဘယ်လိုလူလဲ သိပြီးသားပေါ့ဂျာ။
အဲဒီလို နေလာတာ အဲဒီခြံမှာတုန်းကလေ။ ဘယ်သူနဲ့ မှ စကားမပြောတော့ ဘူး ဆုံးဖြတ်ထားတာ။ တစ်ရွာလုံးကလည်း ကျွန်တော် ကို စကားမပြောဘူး။ ကျွန်တော်ခြံမှာ မြေသြဇာ လိုတယ်။ ဘာညာဆိုရင်တော့ မရောင်းဘူးဗျ။ အဲဒီလို သောက်ကျင့်ယုတ်တာ။
ကျွန်တော်ကလည်း သူတို့ တွေဘက်က တစ်ခုခုဆို လုံးဝ ဆောရီး ပဲ လုပ်လွတ်တာ။
ခလေးတွေ တိုက်တဲ့ ကော်ဖီတွေ၊ အလုပ်သမားတွေကို တိုက်တဲ့ ကော်ဖီတွေ လာတောင်းသောက် မပေးဘူး။
အရှင်းပဲ :D ။ သူသောက်ကျင့်ယုတ်မှာ တော့ ဗျာ။ ကျွန်တော်လည်း ယုတ်တာပေါ့။ သူတို့ ခလေးတွေကျတော့  ကျွန်တော်ခြံထဲ
ကော်ဖီသောက်ဖို့ ဆော့ ဖို့ လွတ်။ ဟွန့် ။ ပြီးတော့  ကျွန်တော် ခြံထဲက တစ်ခုခုလိုလို့  လွတ်ရင် ရှိဝူး ဘာညာနဲ့  ပြောလွတ်တာ။
အဲဒီလို ။
ဒီလိုနေလာရင်းနဲ့  တစ်နေ့  လူတစ်ယောက်ကြောင့် တစ်ရွာလုံးနဲ့  ခင်သွားတယ်။
ကောင်လေးတစ်ယောက်ပါ။ သူ့ အမ တစ်ယောက်က ဆိုင်ကယ်စီးပြီး တစ်ဖက်ရွာ အလှူက ပြန်လာတယ်။
ကောင်လေးက အရှေ့ မှာ ကောင်မလေးက အနောက်မှာ တောင်းတွေဘာတွေလည်း ဆိုင်ကယ်ပေါ်တင်လာတာဆိုတော့ 
ဆိုင်ကယ်က ၀ိတ်ပိနေတာပေါ့နော်။ နည်းနည်းလေး လေးနေတယ်။ ။ ဖြစ်ချင်တော့  ကျွန်တော်က ခြံရှေ့ မှာ မြက်တွေ လိုက်ရှင်းနေတာ။ သူက ကျွန်တော်ကို မြင်တော့ 
“ဟ အိုက်ဇူး… ကြိုးစားလှချည်လား နားအုံးလေဝေ့ …နေပူတယ်ရော” ဆိုပြီး လျှာလှမ်း ရှည်တယ်လေ။
သူက ကျွန်တော့် ဘက်ကို ခေါင်းစောင်းပြီး ပြောလိုက်တော့ အရှေ့ က ချိုင့် ကို မမြင်ဘူး။အဲဒီတော့  ဆိုင်ကယ်က
ချိုင့်ထဲဆင်းသွားတယ်။ သာမန် အချိန်မှာ ဆိုင်ကယ်က ချိုင့်ထဲ ကျတာ ဘာမှမဖြစ်ပေ့ မယ်။ ၀ိတ် ပါလာတော့  ချိုင့်ထဲကျပြီး
ပြန်အတတ်မှာ ဆိုင်ကယ် ဒေါက် ထောက်တဲ့ အတံနဲ့  ချိုင့် နှုတ်ခမ်းဝနဲ့ ထိပြီး ဆိုင်ကယ် ခါထွက်သွားတာ။ ကောင်လေးကလည်း
မထိမ်းတတ်တော့  ဆိုင်ကယ်က လဲရော။ ကောင်လေးထိမ်းတတ်လည်း လဲမှာ။ ဘာလို့ လဲဆိုတော့  သူအမက အနောက်ကနေ
အောင်မြတ်လေးတော့  ဆိုပြီး သူမောင် ခါးကို လှမ်းဆွဲနေတာနဲ့ တင် ဆိုင်ကယ်ဖင်က တော်တော်ကို ရမ်းနေပြီ။
ဆိုင်ကယ်လည်း လဲ ရော ကျွန်တော် အစက ပြေးထူမလို့ ပါ။ ဒါပေါ့ မယ် အဲဒီကောင်လေး မောင်နှမက ရွာထဲမှာနေတာဆိုတော့ 
ကျွန်တော် မကူညီချင်ဘူး။ နေဟာ..သူထိုက်သူကံ ဆိုပြီး ခြံထဲ လှည့် အ၀င် ကောင်လေးက လှမ်းပြောတယ်။
“ အိုက်ဇူး…လာမပေးပါဦးဗျာ။ ဒီမှာ ညီ ခြေထောက် ဆိုင်ကယ်ပိနေတယ်” ဆိုပြီးအော်တာ။
ဘာဖြစ်မှန်းမသိဘူးဗျာ။ လူက ချက်ခြင်း အဲဒီနား ရောက်သွားတယ်။ ပြီးတော့  ဆိုင်ကယ်တွေ ဘာတွေမပေးပေါ့နော်။
သူ့ အမကလည်း ဆိုင်ကယ်ပေါ်က ပြုတ်ကျတာ ခါးထိသွားတယ်။ ကောင်လေးကတော့  ခြေထောင်ကို အိတ်စ်ဇော ပိသွားတယ်။
ခြေသလုံးကအသားက ရစရာမရှိဘူး။ လန်ထွက်သွားတာ။ အကြီးကြီးရယ်။
အဲဒီလိုနဲ့  ကိုယ့် မှာ ရှိတဲ့ ဆေးဝါး ပေါင်းစုံနဲ့  ကုပေးလိုက်ရတယ်ပေါ့ဂျာ။ ပြီးတော့ သူတို့ ကို ကိုယ့် ဆိုင်ကယ်နဲ့ ရွာထဲထိလိုက်ပို့ ပေးလိုက်ရတယ်။ ရွာအ၀င်မှာ…ဗျာ။ လူတွေ ကြည့် တဲ့ မျက်လုံးက “ဟိုက်…အကုသိုလ်ကောင်တော့ ရွာထဲ ဘာလာလုပ်လဲမသိဘူး”
ဆိုတဲ့ အထာတွေ။ သူတို့ ရွာထဲ ကိုယ်ဝင်မှာကိုတော်တော်လန့် နေတဲ့ ပုံ။ ကောင်လေးနဲ့ သူအမကို သူတို့ အိမ်ကို ပို့ ပေးပြီး ဘာစကားမှ မပြောဘူး ကျွန်တော် ပြန်ထွက်လာတာ။ ဘာလို့ ကူညီမိလိုက်တာလဲဆိုတာလည်း ကျွန်တော် မသိဘူး။ ဖြစ်နိုင်ခြေရှိတာကတော့  ကောင်လေးက စကားပြောယဉ်ကျေးတယ်ဆိုတာပဲ။
ညီ ခြေထောက် ဆိုင်ကယ် ပိနေလို့ ဆိုတဲ့ စကားလုံးလေး တော်တော်လှတယ်။
တစ်စိမ်းတစ်ယောက် ပေ့ မယ် သူသုံးလိုက်တာလေးက မိုက်တယ်။ တစ်ယောက်ယောက်ကို ရင်းရင်းနီးနီးကို အားကိုးလိုက်တဲ့ ပုံစံ။
အခေါ်ခံရတဲ့ သူကလည်း ပြန်လည် ကူညီလိုစိတ် တန်းဝင်သွားတာပဲ :D ။
နောက်တော့ လည်း သူတို့ မောင်နှမတွေ ခြံထဲခဏခဏလာတယ်။ ကျွန်တော် အလုပ်သမားတွေနဲ့ လည်း အဲဒီကောင်လေးနဲ့ တော်တော်လေး အဆင်ပြေတယ်ဗျ။ ဒီကောင်လေး စကားပြောတာဆိုတာ တော်တော်လေးယဉ်ကျေးတယ်။ အမအရွယ်ဆို သူကိုယ်သူ
မောင်လေး ကလေ ဆိုပြီး နာမ်စားသုံးသွားတယ်။ အကို အရွယ်ဆို ညီလေး ကလေ ဆိုပြီး နာမ်စားသုံးတယ်။ တော်တော်လေးတော့ 
လန်းတယ်ဗျ။ သူနဲ့ အားလုံး အဆင်ပြေကြတယ်။
နောက်တော့  ရွာထဲမှာလည်း သူက “ကိုဇူးက ဒီအတိုင်းကြည့် တော့ သာ ဘုကန့် လန့် ပါ သဘောတော့ ကောင်းတယ်ဗျ။ သူ့ ခြံထဲမှာဆို အမြဲစိမ်းစိုနေတာ နေချင်စရာလေး” ဆိုပြီး သွားသွားဖွတယ်။ နောက်တော့  ရွာသားတွေပါ လိုက်လာကြည့် တယ်။
ဘယ်ပန်းတွေ ဘယ်လိုရှိတယ်။ ဘယ်အချိန်မှာ ဘာလုပ်ရတယ်ဆိုတာတွေကို သိတဲ့ လူတွေက ရှင်းပြကြတယ်။ ဆွေးနွေးကြတယ်။
ဒီလိုနဲ့ ပဲ။ တစ်ရွာလုံးနဲ့ ပြန်ခင်သွားတယ်။ :D
အားလုံးကို ခြုံငုံပြီးပြောရရင်တော့ ဗျာ။ ကျွန်တော်တို့ တွေဟာ အသစ်အသစ်သော လူစိမ်းတိုင်းနဲ့  တွေ့ ဆုံနေရတာပါ။
အဲဒီလို အချိန်မှာ မိတ်ဆက်ခြင်းဆိုတာလေးကို အရာရောက်အောင် ဘယ်လို ပြုမူကြလဲ ဆိုတာလေးကို စဉ်းစားရင်း ကျွန်တော်
ဒါလေးကို ချရေးဖြစ်တာပါ။
ကဲ! မိတ်ဆွေတို့ ရော…
တစ်စိမ်းတစ်ယောက်ကို ဘယ်လို မိတ်ဆက်တတ်ကြသလဲ?
ဘယ်လို မိတ်ဆက်ချင်ကြသလဲ?...
ငဇူး
....................................................

ငါလား ငါ့ လာ အက်ရင် ငါ မေးလိုက်တယ် ဘယ်က ငါ့အကောင့်ကို ရလဲ အေး သူငယ်ချင်းဆီက ဆို ဘယ်သူငယ်ချင်းလဲ ငါမေးတယ် အဲဒီ သူဖြေတဲ့အပေါ် မူတည်ပြီး ငါလဲ ပြန်ဆက်ဆံတယ် သူက ပြောတယ် forward mail က ဆိုလို့ကတော့ အေး ငါက ယောက်ျလေးပဲ လို့ ပြောတယ် တခါတလေ ဘု ပြောတာတွေလဲရှိတယ်
ReplyDeleteများသောအားဖြင့် မသိတဲ့လူကို နိုးလုပ်တာ များတယ် ဒီတော့ ငါ့အကောင့်ထဲမှာ သိတဲ့လူတွေပဲရှိတယ် ဟဲဟဲ ဒီလောက်ပါပဲကွယ် နားမယ် တာ့တာ
ဟုတ်ဗျာ..
ReplyDeleteခင်ဗျားရေးတဲ့စာတွေက ဖတ်လို့ ကောင်းတယ်
စကားလုံးတွေက နွေးထွေးမှုရှိတယ်ဗျ ..
လူတစ်ယောက်ပြောလိုက်တဲ့စကား သို့မဟုတ် ရေးလိုက်တဲ့ စာတစ်ကြောင်းက
သူ့ရဲ့ စရိုက်ကိုဖော်ညွန်းတယ် ဆိုတာကို လူ့အသိတရားက လက်ခံတယ်...
တုံ့ပြန်တယ်.. ..ဒီတော့ဗျာ စိုနေတဲ့ လက်ပဲ အမြဲဖြစ်နေပါစေဗျာ...လို့ ဆန္ဒပြုပါတယ် ..
မိတ်ဆက်တဲ့နေရာမှာခင်မင်ရင်းနှီးတဲ့အသုံးအနှုံးမျိုးသုံးတာအကောင်းဆုံးပါ။
ReplyDelete:)
ဒါကအကောင်းဆုံးမိတ်ဆက်နည်းပါ။
တစ်ချိုးလူတွေက အကောင့်အပ်ပီတော့ ဘယ်ကလဲ မေးရင် ပေးတဲ့သူက မပြောနဲ့လို့မှားထားလို့ပါ ဘာဖြစ်တယ်ညာဖြစ်တယ် တချိုလူကျလဲ facebook က ရတာပါ အဲဒါမျိုးဆိုသူ့ facebook အကောင့်တစ်ချက်ပြန်ရှာလိုက်တယ် တချိုလူတွေက ဟိုလိုလို ဒီလိုလို နဲ့ အဲဒါမျိုးကျလဲ နော့ကယဲ အွန်လိုင်းတတ်တာ ကြာတော့ဘယ်လိုပြောရမလဲ အွန်လိုင်းပါ ဝလားတာပေါ့ ဟဲဟဲ ပြောလို့အဆင်မပြေရင်တော့ block နဲ့ သူတို့နဲ့မိတ်ဆက်ပေးတာပေါ့ သယ်ချင်းရာ...........:D
ReplyDeleteekk, hote kai, Ko Zu :P
ReplyDeleteဇူးဇူး
ReplyDeleteဟုတ်ပါတယ်အခုမှအွန်လိုင်းမှာစတွေ့ကြတဲံ့သူအချင်းချင်း
ပထမဆုံးကိုယ့်ကိုယ်မိတ်ဆက်တဲ့နေရာမှာယဉ်ကျေးသင့်တာပေါ့။
လူတစ်ယောက်ရဲ့စိတ်နေသဘောထားကလည်းသူရေးတဲ့စာအပေါ်မှာအများကြိးမူတည်နေတာလေ။
အခုလိုBlog ရေးထားကိုဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါ။
အားပေးနေလျက်
ဖြူဦး
ငါတော့ နာ့ ကို အင်ဗိုက် လုပ်တဲ့ သူ မှန်သမျှ googling လုပ်ပြီးမှ လက်ခံတယ်..
ReplyDelete