Monday, October 18, 2010
ကမ္ဘာ့ အပုဆုံးလူသား...
နီပေါသားလေး ခါဂျင်ဒရာ ကမ္ဘာ့ အပုဆုံးလူသားအဖြစ်တရားဝင်
စံချိန်တင်ပြီ...
အသက် ၁၈ နှစ်ပြည့် ပြီဖြစ်လို့ ဒီကမ္ဘာမှာ ကျွန်တော်အပုဆုံး လို့ တရာဝင် လက်မှတ်ရပါပြီ....
တစ်ခြားသော အသက် ၁၈ နှစ်အရွယ်ဆယ်ကျော်သက်လေးများကဲ့ သို့ ပင် နီပေါနိုင်ငံသားလေး ခါဂျင်ဒရာ
သာပါးမဂါ တစ်ယောက် ၎င်း၏အသက် ၁၈ နှစ်ပြည့် မွေးနေ့ တွင် မွေးနေ့ လက်ဆောင်များနှင့် လာရောက်
နှုတ်ဆက်သူများရှိနေခဲ့ ပါတယ်...
Certified: Khagendra Thapa Magar has been crowned the world's smallest man on his 18th birthday.
ဖေဖေပေးတဲ့ ဗုံကလေးတီးလို့ မွေးနေ့ ပွဲကို ဆင်နွှဲပါတယ်...
Big day: Khagendra beats a drum his father bought him as an 18th birthday gift.
သူအကြိုက်ဆုံး၊ အနှစ်သက်ဆုံးလက်ဆောင်ကတော့ ဖခင်ဖြစ်သူ ရပ်ပ်ဘဟာဒူ ပေးတဲ့ ဗုံကလေးတစ်လုံးပဲ
ဖြစ်ပြီး နီပေါရိုးရာအက ကိုထိုဗုံသံစည်းချက်နဲ့ အညီက ပြီး ဓါတ်ပုံအရိုက်ခံနေခဲ့ တဲ့ ဆယ်ကျော်သက်ကလေး
ရဲ့ ဝမ်းသာပျော်ရွှင်မှုကတော့ ရိုးရှင်းလှပါတယ်...
ဒါပေမယ့် သူ့ ကိုရိုက်ကူးခဲ့တဲ့ ဓါတ်ပုံများကတော့ မိသားစုအမှတ်တစ်ရ ထားဖို့ ထက်ကို ပိုပါတယ်...
ကျွန်တော် အကမင်းသား....
Having a little dance: Khagendra boogies to the sound of his new drum in front of the world's press.
သိပ်တော့ မလွယ်လှဘူးဗျ နော်...သူ့ အရပ်ကိုအတိအကျတိုင်းရတာ...
No little task: Khagendra's height is measured by Dr. Hom Neupane (left) and Guinness Book of World Records representative Marco Frigatti.
နေ့ တစ်နေ့ ဖြစ်တာမို့ နိုင်ငံတစ်ကာမှ သတင်းအဖွဲ့ များဟာ နီပေါနိုင်ငံမြို့ တော် ခတ္တမန္ဒူမြို့ ရဲ့ အနောက်
ဖက် ၁၂၅ မိုင်ကွာတဲ့ ပိုကာရာ အရပ်ကသူ့ ရဲ့ သာမန်လက်လုပ်လက်စားအိမ်ကလေးဆီကို ရောက်ရှိလာနေ
ခဲ့ ကြပါတယ်...
သူ့ ဘ၀ရဲ့ အဓိကကျတဲ့ နေ့ မှာ အထူးအရေးအကြီးဆုံးဧည့် သည်ပုဂ္ဂိုလ်များကတော့ သူ့ အသက် ၁၄ နှစ်က
တည်းက ထိုသူများကို မျှော်လင့် စောင့် ဆိုင်းနေခဲ့ ၇တဲ့ ဆရာဝန်များနှင့် ကမ္ဘာ့ ထူးဆန်းမှတ်တမ်း ဂီးနက်စ်
အဖွဲ့ ကတာဝန်ရှိသူကိုယ်စားလှယ်များပဲဖြစ်ပါတယ်...
သူလေးရဲ့ အရပ်ဟာ ၂၆.၄ လက်မ ( ၂ပေနဲ့ ၂.၄ လက်မ ) ရှိကြောင်း တိုင်းတာအတည်ပြုခဲ့ ပြီးနောက်သူ့ 
ကို ကမ္ဘာ့ အရပ်အပုဆုံးလူသားအဖြစ် ကြေငြာခဲ့ တာမို့  သူစိတ်ကူးယဉ်မျှော်လင့် ခဲ့ တဲ့ အရာဟာ အမှန်
တစ်ကယ်ဖြစ်လာခဲ့ ရပါပြီ....
" ကျွန်တော်စိတ်တွေလှုပ်ရှားပြီး ပျော်လည်းအရမ်းပျော်ပါတယ်..." လို့ မွေးစကကိုယ်အလေးချိန် ၁.၃ ပေါင်
သာရှိတဲ့ ခါဂျင်ဒရာလေးကဆိုပါတယ်...
" ကျွန်တော်ကတော့ ကိုယ်ကိုယ်ကို လူပုကလေးတစ်ယောက်လို့ မမြင်တော့ ပါဘူး၊ အခုလူကြီးတစ်ယောက်
ဖြစ်နေပါပြီ... အခုရတဲ့ ( ကမ္ဘာ့ အပုဆုံးလူသားဘွဲ့ ဟာ ) ကျွန်တော်လူကြီးတစ်ယောက်ဖြစ်ကြောင်း သက်
သေပြပြီး မိဘများနှင့် ကျွန်တော့် အတွက်အိမ်ကောင်းကောင်းတစ်လုံးလောက် ရနိုင်စေလိမ့် မယ်လို့ ထင်
ပါတယ်..." လို့ သူကဆက်ပြီးပြောကြားခဲ့ ပါတယ်...
[stextbox id="info" caption="မှတ်ချက်"]ဘာသာပြန်စာသားများကို http://www.thettantcho.com မှ ကူးယူဖော်ပြရ်... ပုံများကို တော့ မူရင်းဆိုဒ်ဖြစ်သော...
http://www.dailymail.co.uk/news/article-1320410/Khagendra-Thapa-Magar-named-worlds-shortest-man-18th-birthday.html
မှ ဖော်ပြခဲ့ ပါသည်။[/stextbox]
3 comments:
  1. တင်အုံးလေ.. ကမ္ဘာ့အရပ်အမြင့်ဆုံး သူ ဆိုပြီးတော့ :P
    ReplyDelete
  2. ဇူးဇူးရေ နောက်ကိုလည်း ဒီလိုထူးဆန်းတာလေးတွေ တင်ပေးဦးနော့
    ReplyDelete
  3. အဲဒီဘဲ က ဂျိုင်းထောက်တောင် ကူနေရတယ်ထင်တယ် :D အဲဒါတော်တော်များများ မှာ တင်ထားတယ်လေ။
    ReplyDelete