Sunday, October 17, 2010

သူမ သာရှိခဲ့ လျှင်

သူမ သာရှိခဲ့ လျှင်
ကြယ်တွေကြွေတိုင်း
ရရှိခဲ့ တဲ့ ဒဏ်ရာတွေဟာ
ပြောပျောက်သွားမှာ…
သူမ သာရှိခဲ့ လျှင်

အိပ်စက်ချိန်တိုင်း
ခေါင်းအုံးသဖွယ်
ဖြည့် ဆည်းပေးနေမှာ..


သူမ သာရှိခဲ့ လျှင်
အားငယ်ချိန်တိုင်း
ခေါင်းတိုးဝင်နိုင်တဲ့ 
ရင်ခွင်တစ်ခုဟာ
နွေးထွေးစွာ စောင့်ကြိုနေမှာ…


သူမ သာရှိခဲ့ လျှင်
ဖျားနာချိန်တိုင်း
အနီးအနားမှာ
စောင့်ရှောက်နေမှာပေါ့။


သူမ သာရှိခဲ့ လျှင်
ဂတိစကားတွေလည်း
ခဏခဏ ခိုင်မြဲနေမှာ။


သူမ သာရှိခဲ့ လျှင်
အပြစ်တွေ မဆို
မရေရာလည်း
ငို နေအုံးမှာပါ။


သူမ သာရှိခဲ့ လျှင်…
သူမ သာရှိခဲ့ လျှင်..
သူမ သာရှိခဲ့ လျှင်….


အရင်လို အခန်းထဲမှာ
အဏုမြူ ကြယ်တွေဟာ
လင်းလက်နေအုံးမှာပါ။


ငဇူး

5 comments:

  1. သူမ သာရှိခဲ့ လျှင်….

    အရင်လို အခန်းထဲမှာ
    အဏုမြူ ကြယ်တွေဟာ
    လင်းလက်နေအုံးမှာပါ။

    i like this part.... :)

    ReplyDelete
  2. သြော်......
    အခုသူမမရှိတော့ဘူးပေါ့နော်။သနားစရာလေး.......။

    ReplyDelete
  3. ခု အဲ့သူမက ??

    ReplyDelete
  4. နင်အသည်းကွဲနေတာလား။ သူမ ကဘယ်ရောက်သွားလို့လဲ

    ဖြူဦး

    ReplyDelete
  5. သူမသာရှိခဲ့ရင် သူမအနားနေချင်သလားလို့
    မေးမိခဲ့ရင် ကိုဇူး ဒီကဗျာကို
    စပ်ဖြစ်မယ်လို့ ကျနော် မထင်ဘူးဗျ

    ReplyDelete