Wednesday, October 6, 2010

နယ်ကြမ်းမှာ ပွဲကြမ်းခြင်း

ဆယ်တန်းအောင်ပြီးခါစပေါ့ဂျာ။ရန်ကုန်မှာနေရတာက အလုပ်မရှိအကိုင်မရှိနဲ့  သိပ်မပျော်ဘူးဂျာ။

ပျင်းစရာကြီး။သူများတွေလို လျှောက်မလည်တတ်တော့ လည်း..ခက်တယ်။

မေမြို့ မှာတုန်းကဆို နေ့ တိုင်း အလုပ်ရှိတယ်။မိုးလင်းတာနဲ့  ခြံထဲသွားတာပဲ။အလုပ်သမားတွေ အလုပ်လုပ်တာ

လိုက်စစ်။အဲဒါတွေနဲ့ ပဲ တစ်နေကုန်ရော။ ညနေကျရင် ပိုက်ဆံရှင်းပေးပြီးတော့ ..အိမ်ပြန်ရေမိုးချိုး။

ဆိုင်ကယ်ယူ သူငယ်ချင်းတွေနဲ့ …လက်ဖက်ရည်ဆိုင်သွား။ ရှစ်နာရီလောက်ပြန်။

ရည်းစားရှိတုန်းကတော့ ပြန်ဝူး ဟီး :D ။ မရှိတော့ ပြန်တာပေါ့ဂျာ။ ပြီးရင် အိပ်။ ဒါပါပဲ။

ဒီလိုနဲ့ ပဲ နေ့ တွေ..နှစ်တွေ..ပြောင်းလာတာ။

အခုလိုကြီး ချက်ခြင်း အလုပ်မရှိအကိုင်မရှိဖြစ်တော့ …မနေတတ်တော့ ဝူးဗျို့ အဟုတ်။

ဒါပေ့ မယ်…အခုတော့ …ဘာမှမလုပ်ချင်တော့ ပါဘူး ဟီး :D ။ လူ့ သဘောပြောပါတယ်။

မိဘအိမ်မှာ အဆီတစ်ထပ် အသားတစ်ထပ်နဲ့ ဇိမ်ကျသွားတော့ …ငပျင်းကို ဖြစ်ရော :P ။

ထားပါတော့ …ဇာတ်လမ်းလေး ဆက်ပြောမယ်။

အဲဒီဆယ်တန်းအောင်ပြီးခါစတုန်းက အနော်ပျင်းနေတာနဲ့ …အမေ့ ကို မေမြို့ ခဏပြန်မယ်လို့ ဆိုပြီး…

ပြန်သွားတာ။ဟိုရောက်တော့ … ကျွန်တော်သူငယ်ချင်းတွေက…ငါတို့ စီးပွားရေးလေးတစ်ခုလုပ်ရအောင်တဲ့ ။

ဘာစီးပွားရေးလဲဆိုတော့ …ရာသီပေါ် အသီးအနှံ စိုက်ချင်လို့ တဲ့ ။ ဘယ်မှာစိုက်မှာလဲဆိုတော့ …ရွာတစ်ရွာကို ပြောတယ်ခင်ဗျ။

တော်တော်လေးဝေးတယ်။တစ်ချို့ သိကောင်းသိမယ်ဂျာ။

ရွှေညောင်-ရပ်စောက် ကားလမ်းအတိုင်းသွားရင် လူရိုးတောင် ဆိုတာရှိတယ်ဂျ။အဲဒီတောင် ဟိုးဘက်ကို

နှစ်တောင်ကျော်ရသေးတယ်။ဆိုင်ကယ်လမ်းပဲရှိတယ်။ ကားလမ်းမရှိတော့ ဘူး။

လူရိုးတောင် ဆိုတာ တောင်ကြီးသားတွေနဲ့  ရွှေညောင်-အင်းလေးသားတွေသိကြပါတယ်။

ပေါရိသာရမင်း လူသားစားပြီးတော့ …အရိုးတွေပေါ်လာရကနေပြီး တောင်ကြီးဖြစ်လာတယ်လို့ အဆိုရှိသဗျှ။

ဟုတ်မဟုတ်တော့ မသိဘူး :D ။

ကျွန်တော်လည်း ပျင်းနေတာနဲ့ အတော်ပဲ အလုပ်ရပြီဆိုပြီး အဲဒီသွားတာပေါ့ဂျာ။သူငယ်ချင်းနှစ်ယောက်ပါ။


သူငယ်ချင်းကောင်မလေးတစ်ယောက်တော့ ...(အလင်းလေ) ရှယ်ယာထည့် တယ်။သူမလိုက်နိုင်တော့ …ကျွန်တော်တို့ ပဲသွားလုပ်ရတယ်။ကျွန်တော်သူငယ်ချင်းနာမည်က “စိုင်းအောင်ခမ်း” ပါ။ သူက လူကိုကြည့် ရင် ပေစောင်းစောင်းနဲ့ မို့ … “ဇောင်းကြီး” လို့ နာမည်ပေးထားတာ။

ဒီလိုနဲ့ ကျွန်တော်တို့ သွားပြီးတော့  လယ်ယာလုပ်ကြတယ်ဆိုပါတော့ ဂျာ။ရွှေညောင်မှာက အမျိုးတွေရှိတော့ ။

သူတို့ ဆီဝင်ပြီးတော့ …နယ်မြေအခြေအနေလေး စုံစမ်းရတယ်။အနော် အဒေါ်က ကျွန်တော်တို့ အဲဒီကို သွားမယ်ဆိုတော့ 

“ဟဲ့ …ဇူး…နင်နဲ့ ဖြစ်ပါ့မလား..အဲဒီက နယ်မြေကြမ်းတယ်နော်” ဆိုပြီး တားနေသေးတာ။

ကျွန်တော်က.. “အာ…လုပ်ကြည့် တာပေါ့” ဆိုပြီးထွက်သွားတာ။

ဟိုရောက်တော့ … အဲဒီခြံက အဆင့်သင့်ရှိတယ်။ခက်တာက အလုပ်သမားတွေ မရဘူးဂျ။

တိုင်တော်တော်ပတ်သွားတယ်။ခြံကြီးက အကျယ်ကြီးဂျာ။အဲဒါကို အလုပ်သမားမရတော့ ဘယ်လိုလုပ် ကိုယ်တိုင်သွားလုပ်မတုန်း။ သေသွားမှာပေါ့နော့် …လေဒယ်။ အဟုတ်။

အဲဒီရွာသားတွေကလည်း ပအိုဝ့် တွေများတယ်။ပြီးတော့ သိပ်မရောဘူး…တစ်စိမ်းတွေကို။ကျွန်တော်တို့ ကလည်း..လူသစ်တွေ။ပြီးတော့ …နယ်မြေကလည်း…အစိမ်းဖြစ်နေတော့ ..လန့် တော့ လန့် တယ်ဂျ။အဲဒီမှာက ဥပဒေက သိပ်ရှိတာမဟုတ်ဘူးရယ်။

ကျွန်တော်တို့ ခြံက အားလုံးထဲမှာ နောက်ဆုံးခင်ဗျ။ရွာနဲ့ ..လေးမိုင်လောက်ဝေးသေးတယ်။စစခြင်းဂျာ။ ရွာရောက်တယ်။အဲဒီရွာမှာလည်း..ကုန်စုံဆိုင်တွေပေါတယ်။စိုက်ပျိုးရေး အဓိကထားတာဆိုတော့ …စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ ပစ္စည်းများတယ်ခင်ဗျ။အဲဒီရွာကနေထွက်သွားရင်…လမ်းတစ်လျှောက် ရွာမရှိတော့ ဘူး။ခြံတွေပဲရှိတယ်။

ခြံကလည်း..တစ်ခြံနဲ့ တစ်ခြံတော်တော်လေးဝေးတယ်။လယ်မြေကလည်း..ကြီးကြတယ်လေ။အဲဒီလို တစ်ခြံပြီးတစ်ခြံ

ဖြတ်လာရင်း..နဲ့ ..နောက်ဆုံးခြံက အနော်တို့ ခြံပဲ။ တောင်ကုန်းလေးပေါ်မှာပါ။အဲဓီတောင်ကုန်းကို ဆိုင်ကယ်နဲ့ ပတ်တတ်ရတယ်။အဲဒီတော့ မှ ခြံထဲရောက်တာ။

ကျွန်တော်တို့ စစသွားခြင်းတုန်းက သတိထားမိတာတစ်ခုရှိတယ်ခင်ဗျ။ရွာသားတွေက ကျွန်တော်တို့ ကို ကြည့် တဲ့ မျက်လုံးတွေ။တစ်စိမ်းဆို အလိုမရှိတဲ့ ပုံစံတွေ။ပြီးတော့ ….အနော်တို့ ခြံသွားတဲ့ နေရာလေးမှာ...ညောင်ပင်ကြီး အကြီးကြီး

ရှိသဗျ။အရိပ်အာဝါသတော်တော်လေးကောင်းတယ်။ပြီးတော့ ..အဲဒီမှာ နတ်စင်လေးလည်းရှိတယ်။နတ်ရုပ်တစ်ခုလည်းတင်ထားတယ်ဂျာ။ဘယ်သူမှ အဲဒီနတ်စင်ကို အဖတ်လုပ်ပြီး သန့် စင်ပေးတာမရှိဘူး။အဲဒါကို ကျွန်တော်လည်း..သိပ်အာရုံ မစိုက်အားပါဘူး။

အထိကက လူရဖို့ မလား။အဲဒါ ရွာထဲဆင်းပြီး အပေါင်းအသင်းအရင် ရှာရတယ်။ဟုတ်တယ်လေ။

နယ်မြေသစ်ရောက်ရင်တော့  နယ်ခံတစ်ယောက်တော့ ပိုင်အောင်ပေါင်းရတာပဲ။အဲဒီတော့ မှာလည်း အဆင်ပြေတယ်။

ကျွန်တော့် ပုံစံကလည်း…ဆိုင်ကယ်တစ်စီးနဲ့ ..မြက်ဦးထုပ်က ဆောင်းထားသေးတယ်။ခါးမှာက ဓါးမြောင်။ကျောမှာက

ရှမ်းဓါးလွယ်ထားတယ်…ဟီး။ ပြီးရော။ သိုင်းသမားပုံကို ပေါက်နေရော :D ခွိ။

အဲဒါအနော်အကျင့်ဂျ။ သိပ်ခေါင်တဲ့ ရွာတွေကို သွားရင် အဲဒီလိုပဲသွားတယ်။ဖုန်တွေနဲ့ လေ။သန့် သန့် ပြန့် ပြန့် ဝတ်ထားရင်လည်။ဖုံတတ်လို့ ဒီပုံပဲ ပြန်ရောက်မှာ။မထူးဘူးဆိုပြီး။ အဲဒီပုံအရင် ဖမ်းလိုက်တာ ဟီး :D ။

တတ်ချမ်း..ဖုံတွေ။

ဓါးကို ဆောင်ထားတာကတော့ …ကိုယ်ကိုယ်ကိုယ် ကာကွယ်တာပါ။အနော်တို့ မပြောနဲ့ …ပအိုဝ့်မတွေတောင်။

သူတို့ …တောင်းထဲမှာ ဓါးမ ပါတယ်။ တောထဲမှာဟေ့ …ပအိုဝ်မတစ်ယောက်တည်း..ဟဲဟဲ..တွေဘာတွေသွားမလုပ်နဲ့။

ဟုတ်က ခုတ်လွှတ်လိုက်လို့ …ပြတ်သွားမယ်။ :D လည်ပင်းပြောပါတယ်။ :P

ရွာထဲရောက်တာနဲ့ ..လူတွေက ကိုယ်ကို ကြည့် ပြီး စပ်စုကြတယ်။အနော်ကတော့ …အပေါင်းအဖော်ရှာမလို့ လိုက်ကြည့် တာပဲ။တစ်ယောက်မှတွေ့ ဘူးဂျ။အားလုံးက မျက်နှာက ခပ်ထန်ထန်တွေဆိုတော့ …အနော်လည်း..သိပ်အရောမ၀င်ချင်တော့ ဘူး။ ဟုတ်တယ်လေ။သူတို့ မှ မခင်ချင်တာ။အနော်ကဘာလို့ သွားရောရမတုန်း။

နောက်ဆုံး…ကုန်စုံဆိုင်လေးဘာလေးမှာ…ပစ္စည်းဝယ်ရင်းနဲ့ …စုံစမ်းမယ်ဆိုပြီး…ဆိုင်တွေလိုက်ရှာတာ။

အဲဒီရွာမှာ အကြီးဆုံးဆိုင်တစ်ဆိုင်သွားတွေ့ တယ်။ ပစ္စည်းစုံတယ်ခင်ဗျ။ သူများဆိုင်တွေက ခလေးလေးတွေ

လွှတ်ပြီးရောင်းလိုရောင်း။ကိုယ်က ဆိုင်ရှေ့ ရောက်နေပြီ….ဆိုင်ရှင်က ခဏဆိုပြီး ထွက်မလာလို မလာနဲ့ ။

တော်တော်စိတ်ညစ်သွားတယ်။

အယ်! နောက်ဆုံးတွေ့ တဲ့ ဆိုင်ကျတော့ ….အဲဒိလို မဟုတ်ဘူးဂျ။ နှစ်ထပ်တိုက်လေးနဲ့ ..အောက်မှာ သေသေချာချာကို

ကိုရောင်းတာ။အဲဒါနဲ့ ဝင်သွားတယ်ဆိုပါတော့ ဂျာ။

ဆိုင်ရှင်ကျတော့ …ပအိုဝ်မလေးဂျ။ ချောတယ်။ မျက်နှာလေးက ကြည်ပြီး သန့် နေတာပဲ :D ။ အဟဲ။

သူချောပေ့ မယ်..လူက သိပ်စိတ်မ၀င်စားသေးပါဘူး။ကိုယ်ဘယ်ပစ္စည်းတွေလိုတာလဲဆိုတာ ခေါင်းထဲက စဉ်းစားနေတာ။

သူတို့ က အနော်ဝင်သွားတာနဲ့ သိသဗျှ။လူသစ်မှန်း။ ရွာကလည်း..ကျဉ်းတော့ …လူသစ်လာရင် သိတာသိပ်တော့ မဆန်းဘူးပေါ့ဂျာ။

အဲဒီကောင်မလေးကပဲ…စပြီး အကို ဘာလိုလဲ…ဘာယူမလို့ လဲပေါ့ဂျာ။သူပြောတာက မြန်မာလို ပြောတာမဟုတ်ဘူးနော်။

ပအိုဝ်လို ရောသွားတာ။ အနော်တောင်..ဟမ်.. ဆိုပြီးဖြစ်သွားတယ်။နောက်တော့ သူက ကျွန်တော် ပအိုဝ် စကားနားမလည်မှန်း သိတော့ မှ မြန်မာလို ပြောတာ။အဲဒါနဲ့ သူဆိုင်မှာဈေးတွေဘာတွေဝယ်ရင်း…။

အကိုတို့ …လူသစ်မလားတဲ့ ။အနော်က ဟုတ်ကဲ့ ပါလို့ ပြောတော့ ။

နောက်လိုတာရှိ…သူတို့ ဆိုင် လာဝယ်ဘာညာပေါ့ဂျာ။

အနော်က

“ပစ္စည်းကတော့ …စုံပါတယ်လို့ …အခုလိုနေတာက လူလိုနေတာခင်ဗျ။ခြံထဲမှာဂျာ ဆင်းမဲ့ အလုပ်သမားမရှိလို့ ..၇ွာထဲခဏ ဆင်းလာတာ” ဆိုပြီးပြောလိုက်တယ်။

အဲဒီစကားကို ဒီအတိုင်းပြောလိုက်တာပါ။ အကူအညီတောင်းလိုတဲ့ သဘောလည်း မဟုတ်ဘူး။ မိတ်ဖြစ်ဆွေဖြစ်လောက်…

ညည်းပြလိုက်တာ။

“ဟာ..ဟုတ်လား..အကို ဒါဆို ခဏလေး။ နန်းတို့ ကူညီနိုင်ပါတယ်” ဆိုပြီးတော့ … သူ့ အဖေကို ခေါ်ပေးတယ်။

သူအဖေကလည်း…မျက်နှာတည်တည်ကြီးနဲ့ ဂျာ။ နှုတ်ခမ်းမွှေး သသနဲ့ …ဆင်းလာပြီး။ ဒီစကားစပြောတယ်။

“လူလိုတယ်ဟုတ်…နင်ဘယ်လောက်ပေးနိုင်တုန်း..တစ်ယောက်ကို” ခပ်ပြတ်ပြတ်ပဲနော်။

အနော်က …. “ဦးလေးတို့ ဆီ ဘယ်ဈေးပေါက်တုန်း” ဆိုပြီး သူလေသံအတိုင်း..ပြန်လိုက်ပေးလိုက်တယ်။ဟီး။

သူပြတ်ကိုယ်ပြတ်ပေါ့ဂျာ။

“၁၅၀၀…ပေါက်တယ်။နေ့ စား။ အစောင့်ကတော့ ….သုံးထောင်ပေါက်တယ်”

အဲဒီဈေးက ကျွန်တော် အထင်သိပ်မများဘူးခင်ဗျ။ဟုတ်တယ်လေ။ သူတို့ မှာ တစ်နေခြံထဲဆင်းပြီးတော့ ….၁၅၀၀ လောက်ကို အသေ..ရှာရတာ။အဲဒီတော့ …ကျွန်တော်က…ပေးနိုင်တယ်လို့ ပြောလိုက်တယ်။

လူက နှစ်ဆယ်လောက်လိုတာခင်ဗျ။

ဒီလိုနဲ့ …ဒီလူကြီး လုပ်ပေးရင်းနဲ့ …လူကိစ္စအဆင်ပြေသွားတယ်ဆိုပါတော့ ဂျာ။သာမန်ပြေတာမဟုတ်ပါဘူးဂျာ။

အလုပ်သမားတွေက အင်တင်တင်နဲ့ ..လုပ်နေလို့ ..ကျွန်တော် (၂၀၀၀) တိုးပေးလိုက်မှ လိုက်မယ်တွေဘာတွေဖြစ်သွားတာ။အနော်နဲ့ ဇောင်းကြီးတောင်…စကားများတယ်။နင်ပေးတာများတယ် ဆိုပြီး။

ဒါပေ့ မယ်..လိုအပ်နေလို့ လုပ်လိုက်ရတဲ့ ကိစ္စဆိုတော့ …သူလည်းမပြောသာတော့ …ပါးစပ်ပိတ်သွားတယ်။

နောက်ပိုင်း ကျွန်တော်ရွာထဲသွားရင်…အဲဒီကောင်မလေး ဆိုင်မှာနေနေတာများတယ်။ဝယ်စရာရှိတာလည်းဝယ်ပေါ့ဂျာ။

ငမ်းတာလည်းပါတာပေါ့နော်။ :D ။ အမှန်ကတော့ …တီးခေါက်ကြည့် နေတာပါ။ ရွာအကြောင်း..နယ်မြေအကြောင်းပေါ့။

မသိထားလို့ တော့မရဘူးဂျ။တစ်စိမ်းနယ်ဆိုတော့ …ကိုယ်ဘက် စမှားရင်မကောင်းတာတွေရှိတယ်။အဲဒီလိုနဲ့ ကောင်မလေးနဲ့ တော်တော်လေးခင်သွားတယ်။ ကောင်မလေးက ရှမ်းပအိုစ်ဂျ။

သူအဖေနဲ့ လည်း..စကားတော်တော်လေးပြောဖြစ်တယ်ဆိုပါတော့ ။သူအဖေကတော့ …

“နင်တို့ ဟာ…ငယ်ငယ်လေးနဲ့ ..အလုပ်အရမ်းလုပ်တယ်ရော” ဆိုပြီး ခဏခဏပြောတယ်။

ဟုတ်လည်း…ဟုတ်တယ်ဂျ။ အနော်နားနေတာသိပ်မရှိဘူး။တစ်ခုမဟုတ်တစ်ခုတော့ လုပ်နေတာပဲ။

ခြံထဲမှာ…အိမ်ဆောက်တာတို့ ။ အလုပ်သမားတွေ လိုက်စစ်တာတို့ ဘာတို့ ။ ကျွန်တော်ပဲ။

ဇောင်းကြီးကတော့ …သာသာယာယာပဲ။ ကြိုးကုတင်လေးတစ်လုံး လုပ်ထားပြီး နိပ်နေတာ။ :D

တစ်ခါတစ်လေဆို..အနော်အရမ်းဆဲတယ်..ဒီကောင်ကို။အဲဒီတော့ မှ…ဟိုလုပ်ဒီလုပ်..ပြီးရင် ပြန်နိပ်နေတာ။

သူငယ်ချင်းဆိုတော့ လည်း…ပြောမနေတော့ ပါဘူး။ဒီအတိုင်းလွှတ်ထားရတယ်။

တစ်နေ့ …အဲဒီကောင်မလေးက ကျွန်တော်ကို မေးလာတယ်ခင်ဗျ။

“အကိုဇူး…အဲဒီခြံထဲမှာနေတာ…သရဲတွေဘာတွေ မတွေ့ ဘူးလား” တဲ့ ။ကျွန်တော်တောင်ကြောင်သွားတယ်။

ဟ…လာပြန်ပီ..ဒီသရဲ ဆိုပြီးလေ။

“မတွေ့ မိပါဘူးလို့ ” ဆိုတော့ 

သူက “အော်” ဆိုပြီး ပြီးသွားတယ်။ကျွန်တော်က စပ်စုချင်နေတာနဲ့ ။

ဘာဖြစ်လို့ မေးတာလည်းဆိုပြီးတော့ …သူကို မေးတာဂျ။သူက အစက ငြင်းနေတာ။မဖြေချင်ဘူး။သူမဖြေချင်လေ အနော်ကအတင်းမေးလေနဲ့ ….နောက်ဆုံးမှ ပြောတာ။

“အဲဒီခြံ တအားကြမ်းတယ်ရော..ကိုဇူး။အရင် ပိုင်ရှင်တွေလက်ထက်ကဆို..ဒီအတိုင်းကို ပစ်ထားရတာ။သွားအိပ်တဲ့ သူ။
မနက်သေတာပဲ။သေရင်လည်း…မျက်လုံးပြူး မျက်ဆံပြူးနဲ …တစ်ခုခုကို အရမ်းကြောက်တဲ့ ပုံစံမျိုးနဲ့ သေတာ။တစ်ချို့ ကျတော့ လည်း..ညတွင်းခြင်း..ပြန်ပြေးလာတယ်။အရမ်းခြောက်တယ်ဆိုပြီးလေ။အဲဒါကြောင့်ပါ။အခု ကိုဇူးတို့ …နေနေတာဆိုတော့ …စိုးရိမ်းလို့ မေးမိတာပါ။ဘာမှမဖြစ်ဖူးဆိုလည်းကောင်းပါတယ်” ဆိုပြီးတော့  ပြောသွားတယ်။

အဲဒီတော့ မှ ကျွန်တော်လည်း သဘောပေါက်တယ်။ ဟုတ်တယ်ဂျ။ ခြံက..ကျွန်တော်ေ၇ာက်တုန်းက…ဖုန်းဆိုးတောကြီးကြနေတာပဲ။အပင်ကြီးတွေကလည်း..အုံအုံ ဆိုင်းဆိုင်းလေ။

အဲဒါတွေကို အကုန်ရှင်းပြီးတော့ မှ…. စပြီးတော့ …ဖရဲခင်း စိုက်တာ။အလုပ်သမားတွေက…အဲဒါကြောင့်လန့် တာထင်ပါတယ်။အဲဒီခြံကို စစ၀င်ကတည်းက စိတ်ထဲမှာတော့ မသန့် ဘူး။ဒါပေ့ မယ်…ဆက်လုပ်နေရတယ်။

ဝယ်တာက၀ယ်ပြီးနေပြီလေ။ကိုယ်ကလည်း…အချောင်ဈေးဟ..ဆိုပြီး “မ” လိုက်မိတာ။ကိုယ်လက်ထဲရောက်မှ..အပုပ်ကြီးမှန်းသိတော့ …၇င်တော့ တော်တော်လေးခံသွားတယ်။ :D

ဒါပေ့ မယ်…၀ယ်ပြီးသားဆိုတော့ ..ဆက်တော့ လုပ်ရမှာပဲဂျနော်။ဘယ်သူက ပိုက်ဆံအဆုံးခံနိုင်မလဲ။အားလုံးက စပြီးနေပီ။ကျွန်တော်နေနေတဲ့ အချိန်ကနေ အခုထိတော့ …ဘာမှခြောက်တယ်…လန့် တယ်…အသံမကြားရသေးဘူး။

ဇောင်းကြီးဆိုတဲ့ ကောင်ကလည်း…အလုပ်သာမလုပ်ချင်တာနော်..ဘုရားတော့ မှန်မှန်ရှီခိုးတယ်။အမျှဝေတယ်။သာဓုခေါ်တယ်။ပြီးမှ အိပ်တာ။ အနော်ကိုတော့ …သူက ဒိဌိ လို့ ခေါ်သဗျှ။

ဟုတ်တယ်။ အနော်က မရှိခိုးဘူး။မရှိခိုးနိုင်တော့ ဘူးဂျာ။လူကလည်း..တော်တော်လေးပင်ပန်းထားတာ တစ်နေကုန်။

အဲဒီတော့ အိပ်ချိန်ဆို…ထိုးအိပ်ပလိုက်တာပဲ။

ဒီကြားထဲမှာ…ကျွန်တော်လုပ်လိုက်တာလေးတစ်ခုရှိသေးတယ်ဂျ။အဲဒါဘာလဲဆိုတော့ …ကျွန်တော်တို့ ခြံအတတ်နားက

ညောင်ပင်ကြီးအောက်မှာ…ကွပ်ပျစ်တစ်ခုထိုးထားလိုက်တာ။တစ်ချို့ က…တောထဲဝင်ပြီး ထင်းခွေတာတို့ သစ်မြစ်သစ်ဖုရှာတာတို့ ဆို…နားစ၇ာနေရာမရှိဘူးဂျ။အဲဒါနဲ့ …အဲဒီအရိပ်ကောင်းတဲ့ ..ညောင်ပင်ကြီးအောက်နားမှာ လုပ်ပေးလိုက်တာ။ ညောင်ပင်ကို ပတ်ပြီးတော့လေ။နတ်စင် ယိုင်နဲ့ နဲ့ လေးကိုလည်း..ပိုနေတဲ့ သစ်သားတွေနဲ့ သေသေချာချာလေး လုပ်ပေးလိုက်တယ်။ နတ်ရုပ်ကိုတော့ …ပြင်မနေတော့ ပါဘူး။ :D ။ ပြင်လည်း ဖုံတတ်မဲ့ တူတူ..

နေဟာ..ဒီအတိုင်း ဆိုပြီး တင်ပေးထားတာ။ပြီးတော့ ကျွန်တော်လုပ်တာတစ်ခုရှိတယ်ဂျ။အနော်က ကွမ်းအရမ်းစားတယ်။

တောင်ပေါ်ရောက်ရင်…တစ်ချိန်လုံးမပြတ်ဘူး ကွမ်းနဲ့ ပါးစပ်နဲ့ က။ အဲဒီတော့ … ကိုယ်..ရွာထဲသွားတာပဲဖြစ်ဖြစ်။ခြံထဲပြန်လာတာပဲ ဖြစ်ဖြစ်။ အဲဒီနတ်စင်ကို ၀င်ပြီး…

“ဝေ့ …နတ် တင်စရာတော့ …ဒါပဲ ပါတယ်။ ဒါပဲ စားဟာ…မကြိုက်လည်းစား…ကြိုက်လည်းစား” ဆိုပြီး ကွမ်းယာတော့ သွားသွား..ကပ်ပေးတယ်။ဘာရယ်တော့ မဟုတ်ဘူးဂျာ။ ဒါပေ့ မယ်..နတ်စင်နဲ့ နတ်ရုပ်ရှိပြီး…ဆွမ်းတော်ကပ်တာတို့ ဘာတို့ မရှိတာကျတော့ …မပြည့် စုံဖူးထင်လို့ ။ ပြီးတော့ …လမ်းကလည်း ကြုံနေလို့ သွားသွားတင်လိုက်တာ။

လူတွေကလည်း..ရီတော့ ရီရတယ်ဂျ။ အဲဒီညောင်ပင်ကြီးနားမှာ ကျွန်တော်တို့ ….ကွပ်ပျစ်တွေရိုက်နေတုန်းကျတော့ …

ဖြတ်သွားပြီး ကွက်ကြည့် ကွက်ကြည့် နဲ့ ။ ကွပ်ပျစ်လည်း…ပြီးသွားရော။ အစကတော့ …၀င်မထိုင်ရဲ ကြဘူး။တော်တော်များများက ဟိုအပင်ပုပုအောက်..ဒီအပင်ကျဲကျဲ အောက်သွားသွားထိုင်ပြီး နားကြတယ်။

ကျွန်တော်ကလည်း…အမြင်ကပ်လာတာနဲ့ ….ရေအိုးတစ်လုံး ထားပေးထားလိုက်တယ်။ရေထည့် ရတာတော့ လွယ်ပါတယ်။ ရေပုံးကို ဆိုင်ကယ်ပေါ်တင်လာပြီး။ ရေစစ်နဲ့ ဖြည့် ပေးလိုက်တယ်။ပြီးရင် ပြန်သယ်သွားတာ။

အဲဒီရေအိုးစင်လေးရောက်လာတော့ …ဘာလုပ်တယ်ထင်တုန်း။ရေလာသောက်တယ်။ပြီးတော့ …အပင်ပုပုတွေအောက်သွားပြန်ထိုင်တယ်။

တကယ်ဂျာ။ ဘယ်လို လူတွေမှန်းကို မသိဘူး။ သောက်မြင်ကတော်တော်ကို ကပ်တယ်။

သူတို့ က မထိုင်နေတော့ …ကျွန်တော်က အမောဖြေချင်လည်း..အဲဒီကွပ်ပျစ်မှာ သွားမထိုင်ရဲဘူး။

ဟုတ်တယ်လေဂျာ။လူကြီးသူမတွေက…နေပူထဲမှာ…ကျွန်တော်က အခန့် သား..အပင်ရိပ်ကြီးနဲ့ ..ကွပ်ပျစ်နဲ့ ။

လူကြားလို့ မှမကောင်း L ။သူတို့ တွေက ကျွန်တော်အဲဒီနားသွားရင် ကြည့် တယ်ခင်ဗျ အနော်ကို..။

သူတို့ အကြည့် လေးတွေက တစ်မျိုးပဲ။သိပ်တော့ အဓိပ္ပါယ်မဖေါ်တတ်ဘူး။

နောက်ဆုံး အကြံရပြီးတော့  ကျွန်တော်…ဆိုင်းဘုတ်တစ်ခုကို ရေးတယ်။ပြီးတော့ …အဲဒီနားမှာ…သွား ထောင်လိုက်တော့ မှ ကွပ်ပျစ်မှာ လူတွေလာထိုင်ပြီး နားကြတယ်ခင်ဗျ။ဆိုင်းဘုတ်မှာ…ဘာရေးထားတယ်ထင်တုန်း။

“ခွင့်မတောင်းပဲ ထိုင်နိုင်သည်” တဲ့ ခင်ဗျ။ အဲဒီတော့ မှ လူတွေဝင်လာတယ်။လေဒယ်။အဟုတ်။

ဒီလိုနဲ့ …နေလိုက်လာတာဂျာ။ သုံးပတ်ပြည့် တဲ့ နေ့ ပဲ။မှတ်မှတ်ရရလေ။ အဲဒီ သုံးပတ်ပြည့် တဲ့ ညမှာ။

ကျွန်တော်တို့ အရင်လိုပဲ အိပ်ကြတယ်ပေါ့ဂျာ။အဲဒီမှာ ခြံထဲက အော်သံတွေထွက်လာတာခင်ဗျ။

အစကတော့ …သေးသေးပဲအသံက..သိပ်မကြားရဘူး။နောက်တော့ အကျယ်ကြီးဖြစ်လာတယ်။ကျွန်တော်တို့ လည်း..လန့် နိုးလာတယ်။အဲဒါနဲ့ ဓါတ်မီးယူ၊ဓါးရှည်လွယ်ပြီး အပြင်ဘက်ထွက်ကြည့် ကြတာ။ အသံကြားရာဘက်ကိုပေါ့နော်။

သစ်ပင်တွေကလည်း အုံဆိုင်းနေတော့ …အမှောင်ကြီးပဲ။ လမိုက်ညဖြစ်တော့ ပိုဆိုးတယ်။ အသံကြားနေရတာက…

ခြံစောင့်တဲ ဘက်ကဗျ။ အဲဒါနဲ့ ခပ်သုတ်သုတ်ထွက်လာရင်း…အစောင့်တဲ ရောက်လေ အသံက ပိုကျယ်လေ။

နီးလေးကျယ်လေပဲ။ အသံက ခြံစောင့်အသံ။တော်တော်လေးကို လန့် ပြီးအော်နေတာ။ကျွန်တော်လည်း..ဘာများဖြစ်နေလဲဆိုပြီးတော့ ….အတင်းပြေးသွားတာပဲ။

ဟိုရောက်တော့ …တဲထဲဝင်ပြီး ဓါတ်မီးနဲ့ ထိုးချလိုက်တာ။ ခြံစောင့်ဂျာ။ မြေကြီးမှာ လူးလိမ့် နေတယ်။

ဘာဖြစ်နေမှန်းကို မသိတာ။အဲဒါနဲ့  ကျွန်တော်က..၀င်ပြီး ပခုံးကို ကိုင်လိုက်တာ။ကျွန်တော်ကို ပိတ်တွန်းထဲ့ လိုက်တာများ။

တဲထောင့်က တိုင်နဲ့ … ခေါင်းနဲ့ ပစ်ဆောင့်သွားတယ်။ ဇောင်းကြီးကတော့ …တဲ ၀မှာရပ်နေရင်းလန့် နေတယ်။ချက်ခြင်းပဲ။

တစ်ခြား ခြံစောင့်တွေလည်းေ၇ာက်လာကြတယ်။ဒီလိုဂျ။အနော်တို့  ခြံက..လေးဘက်လေးလံမှာ..ခြံစောင့်ထားတယ်။

ကျွန်တော်တို့ နေတာက ခြံအလယ်မှာနေတာ။ အဲဒီတော့ ….အော်ခေါ်လိုက်ရင် ကြားနေရတယ်လေ။

တစ်ခုခုဆို..တန်းသိကြတာများတယ်။ကျွန်တော်ခြံထဲမှာပဲ လူခြောက်ယောက်ရှိတယ်ဆိုပါတော့ …အဲဒီတော့ ကျန်တဲ့ ခြံစောင့်တွေလည်း…အသံကြားတော့ ရောက်လာကြတယ်။

ဇောင်းကြီးရယ်..အခြားခြံစောင့်တွေရယ်က…အဲဒီ အရူးလို ဖြစ်နေတဲ့ …ခြံစောင့်ကို ၀ိုင်းချုပ်ကြတယ်။ဆောင့်ဆောင့်ပြီးတွန်းပစ်တာပဲ။အားကတော်တော်ကို ပြင်းတာ။

ဇောင်းကြီးကို ဆို ကိုက်လွှတ်လိုက်တာ။ ပခုံးမှာ..သေရာပါအမာရွှတ်ပါဖြစ်သွားတယ်။

ကျွန်တော်က..ကျွန်တော်ခေါင်းကို ကိုင်ကြည့် တော့ ..ပေါက်ပြီးတော့  သွေးထွက်နေပြီလေ။လူက သွေးမြင်ရင်မရဘူးဂျ။

ဒေါသထွက်တယ်။အသားနာသွားတာကိုး။ အဲဒါနဲ့ …အဲဒီခြံစောင့်ရဲ့ မေးရိုးကို ပြေးကန်တော့ တာပဲ။ :D

တစ်ချက်ကန်တယ်။ခေါင်းလည်သွားတယ်။ ဆတ်ခနဲ ပြန်ကြည့် တယ်ဂျ အနော်ကိုလေ။ မျက်လုံးတွေက နီရဲတွတ်နေတာပဲ။ကျွန်တော်လည်း…စိတ်တိုတိုနဲ့ … “ ဘာကြည့် တာလဲ.” ဆိုပြီး လှိမ့် ပိတ်ကန်ပစ်လိုက်တာ။

လေးချက်မြောက်လောက်လည်းကျေ၇ာ…ခွေကျသွားတယ်။

အဲဒီတော့ မှ …. “အင်း..အင်း” ဆိုပြီး ညဉ်းသံနဲ့ …. “ကျွန်တော် ဘာဖြစ်သွားတာလဲ ဟင်” တဲ့ ။

ကျွန်တော်က ထကန်ဖို့ ပြင်နေပြီ။ အဲဒီအချိန်မှာလေ။

သူမေးတာလည်းကြားလိုက်ရော။ လူက တော်တော်လေး ဘာဖြစ်သွားမှန်းတောင်မသိဘူး။

ခုနပဲ …ဟိုလူကိုက် ဒီလူဆောင့်တွန်းနဲ့ ….အခုကျတော့ …ဘာဖြစ်သွားတာလဲ..ဆိုတော့ …ကျွန်တော်ဘာဖြေရမတုန်း။ဟင့်လေဒယ်။

အယ်..ဒါပေ့ မယ်..သူမေးတဲ့ အချိန်မှာ မျက်လုံးတွေက မရဲနေတာ့ ဘူး သိလား။သာမန်လိုမျိုးဖြစ်သွားနေပီ..အဲဒီအချိန်မှာ။

ကျွန်တော်နားထဲတော့ …ကြားယောင်လိုက်တယ်။

ဟို နန်းဆိုတဲ့ ကောင်မလေးပြောသံလေ။

“အကိုတို့ ခြံက တစ်အားကြမ်းတယ်ရော” ဆိုပြီးလေ။သရဲပူးမှန်းလည်း..အဲဒီတော့ မှ သိလိုက်တာ။

အဲဒါနဲ့ …ဇောင်းကြီးကို ...ဘုရားစင်ပေါ်ကရေယူခဲ့ ဆိုပြီးတော့ …. ယူခိုင်းပြီးတော့ …တိုက်လိုက်ရတယ်။

ပြီးတော့ …ခြံစောင့်အားလုံးကိုလည်း…ဒီနေ့ အလည်..တဲ ကိုလာအိပ်ဆိုပြီးပြောလိုက်တယ်။

ဘာလို့ လဲဆိုတော့ …အနော်လည်း ကြောက်တယ်ဂျ။ ဟီး အဟုတ်။ ခုန အဲဒီသွေးပူနေတုန်းမို့ ..အသေအလဲကစ်ထည့် လိုက်တာ။ အခုလိုမျိုးကြီး သွေးအေးနေတဲ့ အချိန်တော့ ကြောက်တယ်။ :D

ဇောင်းကြီးနဲ့ ခြံစောင့်တွေ ရှေ့ မှာတော့ …လူက ခပ်တည်တည်ပေါ့ဂျာ။ ကိုယ်ကြောက်နေရင် သူတို့ ကနေစရာတောင်ရှိမှာမဟုတ်တော့ ဘူးလေ။ :D

သရဲပူးခံရတဲ့ ..ခြံစောင့်က “ကျွန်တော်ဗျာ…ဘာဖြစ်သွားမှန်းမသိတော့ ဘူး…ခေါ်သံကြားလို့  ထွက်အကြည့် ဗျာ။

တဲ ၀မှာလေ…” အဲဒီထဲ ပြောရသေးတယ်။ ကျွန်တော်က ပိတ်အော်ပလိုက်တယ်။

“နင့်အမေလင့် တဲဝ…ပါလား။သောက်ပါးစပ်ပိတ်။အလယ်တဲ လိုက်ခဲ့ ။မနက်မှပြော ဘာဖြစ်တယ်ဆိုတာ” ဆိုပြီး ဖြတ်ချလိုက်ရတယ်။

တကယ်လည်း..သူပြောလိုက်တာအရေးမကြီးဘူးဂျ။ကျန်တဲ့ သူတွေလန့် ကုန်မှာဆိုးလို့ ။အနော်လည်း ကြောက်တယ်။

မနက်ရောက်တော့ သူပြောတဲ့ ပုံစံက ပိုကြောက်ဖို့ ကောင်းတယ်။ :D

"ကျွန်တော်ဗျာ…ဘာဖြစ်သွားမှန်းမသိတော့ ဘူး…ခေါ်သံကြားလို့  ထွက်အကြည့် ဗျာ။
တဲ ၀မှာလေ…မည်းမည်းကြီး" တဲ့ ခင်ဗျ။ :P


အပိုင်း (၂) အား ဖတ်ရန် ဒီမှာ နှိပ်ပါ။
ငဇူး

...................................................................................................

11 comments:

  1. ကောင်ငယ်လေး..အုံးကျွန်လားဟ..

    အားပေးတယ်ချ.. အုံးကျွန်း ဆိုရင် ဒိုးတာ ဒိုး..

    မင်း လဲ ကော်ပီရိုက် မညှိစေချင်ရင် ကူးခွင့်လေး မပေးနဲ့ အုံးနော်..ဟဟားးးးးးးးးးး

    ReplyDelete
  2. ပြိတ္တာဝင်ပူးတာ နေမယ် :P

    ReplyDelete
  3. ဒုတိယ ပိုင်းမြန်မြန်လုပ်ဗျို့

    ReplyDelete
  4. မင်းကို ငါပြောတယ်။ စာတွေရေးယင် အရှည်ကြီးတွေ မရေးပါနဲ့လို့...အခုလို့ အပိုင်းလေးတွေ ခွဲရေးယင်တော့သေးတာပေါ့. မဟုတ်ယင် ဖတ်ကတဲ့သူ=က တော်တော်လေး ခေါင်းစားသွားတယ်။ မင်း စာတစ်ပုဒ်ကို ပြီးဖို့ အချိန် 30 မိနစ်းလောက်ဆိုယင် အင်တာနက်ဆိုင်မှာ 200 လောက်ပေးရမှာ။ နောက်အရှည်ကြိး ရေးယင် မင်းအင်တာနက်ဖိုး ပေးရမယ်။ ဒါပဲ။

    ReplyDelete
  5. စိတ်ဝင်စားဖို့ကောင်းတယ် .. နောက်အပိုင်းဆက်ဖတ်အုံးမယ်ဗျာ..

    ReplyDelete
  6. ဟုတ်ယား... Winword ခေါ်ပြီး save မှတ်လိုက်တော့ ..နင် ဘာဖစ်တွားမို့ တုန်း..ဟွန့်  :D လေဒယ်။နင်လည်း။ ပိန်းချက်..ဟင်းချက်စားလို့ တောင်ရတယ်။
    သူရပိန်းဥ :P

    ReplyDelete
  7. အင်း ၂ ပိုင်းလုံးတင်မှ လာဖတ်တာ ဒုတိယပိုင်း ဆက်ဖတ်အူးမယ်

    ReplyDelete
  8. ကျွှန်တော် တောင်ကြီးသားပါ။ ဒါပေမယ့် အကိုပြောတဲ့ ရွှာကတော့ခုမှဘဲ ကြားဖူးတော့တယ် :D
    ဟဲဟဲ ဖတ်လို့ကောင်းတယ်ဗျ။ ဒုတိယပိုင်း ဆက်ဖတ်လိုက်ဦးမယ် သူကလည်း ကိုရီးယားကားလို အပိုင်းလေးနဲ့ဆိုတော့

    ReplyDelete
  9. ယွန်းလေးOctober 7, 2010 at 10:10 AM

    အကိုဇူးရေ တပိုင်းတစကြီးလုပ်နဲ့လေကွယ်နော် ပီးတော့အကိုဇူးကအလုပ်သမားတွေကိုတော်တော်ဟောက်တာပဲပိတ်ဟောက်မယ်ဆိုတာကြီးပဲဟွန်း ပီးတော့အလုပ်ကလဲတော်tawကျိုးစားတယ်နော် ဟီးဟီး ဟုတ်မဟုတ်တော့သိဘူး
    သိတ်လဲမကျိုးစားပါနဲ့သေရင်ကို့နောက်ပါတာမဟုတ်ဖူး ဟီးဟီး ဒုတိယပိုင်းမျှော်နေမယ်
    ကိုဇူးထာဝရပရိတ်သတ် ယွန်း

    ReplyDelete
  10. အဲဒါပိုကောင်းတယ် ဟီး :D

    ReplyDelete
  11. တေချမ်း။ ငဇူး။။ winworld aခါ် မှတ်တာတော့ နင်ပြောမှလား၊ ငါမှာ ဘာမှ ထည့်စရာ မပါဘူး။ နင်ငှားထားလေ။ ဒါဆိုယင် နင်ရေးသမျှကို winword မဟုတ်ဘူး။ website တစ်ခုလုံးကို ဒေါင်းပြိး အိမ်ကျမှ ဖတ်မယ်။ မှတ်ကရော...:)

    ReplyDelete