Saturday, November 3, 2012

အမှတ်တရ... မို့ 


ဟိုနေ့ က ဘုရားကျောင်းနားမှာ...
ခေါင်းလောင်းသံတွေ ကြားတယ်။
အဖြူရောင် ခိုငှက် တစ်အုပ် ရုတ်တရပ် ထပျံ ...
ထို့ နောက်မှာတော့ ... သူမဟာလည်း...
ခြေလှမ်းတွေကို ဖွဖွလေး လှမ်းလို့ ...
အပြုံးတစ်ချို့ နဲ့ လာတယ်...
ဒါတွေဟာ ရင်ခုန်သံ အတုတွေ မဟုတ်ဘူး။


လေပြေတွေလည်း တစ်ဖြည်းဖြည်းတိုးတယ်...
လွင်ပြင်ထဲက မြက်ခင်းတွေလည်း တစ်ဖြည်းဖြည်းလှုပ်၇ှား
တောထဲက ဂီတသံတွေ ကြားတယ်....
အတီး၊ အမှုတ်၊ အက၊ အခုန်တွေ နောက်မှာ
ရယ်သံ သဲ့ သဲ့ လေးတွေ ကြားတယ်..
ကြည်းနူး ရိပ် နုနုလေးတွေ တွေ့ တယ်..
မျက်လုံးတစ်ချို့ ဟာလည်း...
တစ်ခါတစ်လေ... "လက်" ခနဲ၊ "လက်" ခနဲ ...
တောက်ပလိုက်တာ...
အဲဒီညက ကိုယ်... ကြောင့်ကြတဲ့ စိတ် ...
တစက်ကလေးမှ မရှိဘဲ စီးဝင်ခဲ့ တယ်....
သေချာတာက ဗင်းဆင့်ရဲ့ ဂီတကို
သူမ သေသေချာချာ နားမလည် သွားဘူး။

အဝေးကို ကြည့် တယ်..
မျက်ဝန်းများမှာ တွေးတောရိပ်နဲ့ 
အနာဂတ်ကို မသိချင်ဖူး..
အတိတ်ကိုလည်း ပြန်မသွားချင်ဘူး..
ယခု လက်ရှိ အချိန်လေးတွေပဲ တန်ဖိုးတယ်...
တစ်သက်မှာလည်း တစ်ရက်ပဲ ရနိုင်တာမို့ ...
ပျော်ရွှင်မှုရယ်....
၇င်ခွင်တစ်စုံကိုသာ
ခပ်ကြမ်းကြမ်းလေး
တိုးခွေ့ လိုက်ပါတော့ .....။ ။
ငဇူး

No comments:

Post a Comment