Sunday, January 6, 2013

Website များကို Andriod Apk ဖိုင်များ အဖြစ် ပြောင်းလဲ


WebSite များကို Apk ဖိုင် အဖြစ် ပြောင်းလဲကာ Andriod OS သုံး Smart Phone များတွင် ဖတ်ရှု့ နိုင်

ယနေ့  ခေတ်တွင်  Mobile ဖုန်းများ နှင့် အင်တာနက် ချိတ်ဆက်မှုများ ပေါများလာသောကြောင့် Update ဖြစ်သော နောက်ဆုံးပေါ် သတင်းအချက်အလက်များအား အလျင်အမြန် လက်ခံရရှိရန် လိုအပ်လာလေပြီ ဖြစ်သည်။

ထို့ သို့ သတင်းအချက်အလက်များကို မိမိတို့ ကိုယ်ပိုင် Smart Phone များဖြင့် WebSite များကို ဖတ်ရှုရာတွင် Broswer App တို့ ကို အမျိုးမျိုး သုံးစွဲရာ Internet Connection နှေးကွေးခြင်း၊ အချို့ သော Web Page များမှာ မိမိ ဖုန်း Screen ထက်ကြီးနေသောကြောင့် ဖတ်ရှု့ ရာတွင် ဖုန်းများ ဟမ်းသွားခြင်း စသည့် ဖြင့် အဆင်မပြေမှုများ တွေ့ ရှိရကြောင်း သိရသည်။ ထို့ ကြောင့် Web page များကို ဖတ်ရှုရာတွင် အချိန်ကုန်မှုများ… အင်တာနက် နှေးကွေးမှုကြောင့် ကြန့် ကြာခြင်းများ မဖြစ်ရလေအောင် မိမိတို့ ကြိုက်နှစ်သက်သော Web Page များအား Android Apk ဖိုင် အဖြစ် ပြောင်းလဲကာ Android OS သုံး Smart phone များတွင် ထည့် သွားကာ အသုံးပြုနိုင်ကြောင်းလည်း သိရသည်။ 
Web Page များကို Android Apk ဖိုင်အဖြစ် ပြောင်းလဲပေးသော WebSite များစွာရှိပြီး လက်တွေ့ အသုံးပြုနိုင်သော WebSite တစ်ခုမှာ
http://www.appyet.com ဖြစ်ကာ ယင်းဆိုဒ်တွင် Register ပြုလုပ်၍
မိမိ ကြိုက်နှစ်သက်သော Web Site ၏ Rss Feed Link (or) Atom Feed Link အား ထည့် သွင်းကာ ပြီးပြည့် စုံသော Apk ဖိုင် တစ်ခု အဖြစ်သို့  ပြောင်းလဲနိုင်သည်။ ရရှိလာသော Apk ဖိုင်အား မိမိတို့  ဖုန်းထဲတွင် ထည့် သွင်း အသုံးပြု၍ သတင်းအချက်အလက်တို့ ကို လျင်မြန်စွာ Update လုပ်၍ ဖတ်ရှုနိုင်ပြီ ဖြစ်ကြောင်းကို IT နယ်ပယ်တွင် လေ့ လာလျက်ရှိသော လူငယ်တစ်ချို့ ထံမှ သိရှိရသည်။

အိုင်ဒီယို လော်ဂျီ
...............................................................

No comments:

Post a Comment