Wednesday, October 13, 2010

ရေပန်းရုပ်ရှင်

၂၀၁၀ နှစ်ဆန်းပိုင်းမှစတင်၍ ပြည်သူ့ဥယျာဉ်တွင်
တည်ဆောက်နေသော မြန်မာ့ပထမဆုံး ရေပန်းရုပ်ရှင်ရုံမှာ ပြီးစီးလုနီးပါး
ဖြစ်နေပြီဟု သိရသည်။ အဆိုပါ မြန်မာ့ ပထမဆုံး ရေပန်းရုပ်ရှင်သည်
စင်ကာပူနိုင်ငံ စန်တိုဆာကျွန်းရှိ ရေပန်းရုပ်ရှင်ကဲ့သို့ ပုံစံမျိုး
ဖြစ်ပြီး ရေပန်းကို နောက်ခံထားကာ ပရိုဂျက်တာဖြင့် ရုပ်ရှင်ပြကွက်၊ အလှအပ
ပုံများကို လူတစ်ထောင်ခန့်စာ ထိုင်ခုံနေရာများဖြင့် ရှုစားနိုင်မည်ဟု
သိရသည်။

အဆိုပါ ရေပန်းရုပ်ရှင်ကို မြို့တော်စည်ပင် သာယာရေး ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် သဘာဝကမ္ဘာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေပြီး ဒီဇိုင်းပိုင်းကို တရုတ်ပညာရှင်များမှ ရေးဆွဲသည်ဟု ကြားသိရသည်။
ရေပန်းခေါင်း ၃၀၀ ခန့်နှင့် မှန်မီးအိမ် ၃၂၀ တို့ဖြင့် လှပစွာ
တည်ဆောက်ထားကြောင်း သတင်းရရှိသည်။

ယခုအခါ ပြည်သူ့ဥယျာဉ်ကို အဆင့်မြှင့် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်နေရာတွင် ၀င်ပေါက်မှ စတင်၍
အသစ်တည်ဆောက်ခြင်း၊ ပေ ၅၀ ကျော် ရိုလာကိုစတာ၊ ရေလွှာမိကျောင်း၊
ရေမြှုပ်ဘောလုံးကစားကွင်း၊ တိုက်ကားကစားကွင်း၊ လွှဲပုခက် ကစားကွင်း၊
မြင်းရထားကစားကွင်း နှင့် ထူးခြားမှု တစ်ခု အနေဖြင့် ကလေးငယ်များ
ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားလည်စေရန် ပျော်ရွှင်ဖွယ် Traffic City တို့ ပါရှိကြောင်း သိရသည်။


အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကလေးများအတွက် Traffic City ကစားကွင်း တစ်ခု

ထိုသို့ စုံလင်၍ ပျော်ရွှင်ဖွယ် ပြည်သူ့ဥယျာဉ်ကို တည်ဆောက်ပြီးစီးသောအခါ အခြေခံ
လူတန်းစားများပါမကျန် လူတန်းစားအားလုံး လာရောက် အပန်းဖြေနိုင်စေရန်
ချိုသာသော ၀င်ကြေးသာ ကောက်ခံသွားမည်ဟု သိရသည်။

6 comments:

  1. အခုလိုသတင်းလေးတွေ တင်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. ပထမဆုံးဟုတ်ရဲ့လားဗျ နေပြည်တော်က ဟာနဲ့ဘာကွာလည်းဟင်.. :?

    ReplyDelete
  3. အေးလကွယ်။။နေပြည်တော်က နဲ့ တော့ ယှဉ်လို့ မရနိုင်ပါဘူးလေ။ သူက ပြည်သူ့ ငွေတွေကို စိတ်ကြိုက်သုံးပြီး မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့ အပန်းခြေဥယျဉ်ကြိး ကို တည်ဆောက်ထား တာတွေ့နိုင်ပါတယ်။ ဒါပေမယ့်ပေါ့လေ........???????

    ReplyDelete
  4. ဟေ့ဟေ့ မမြင်ဘူးတာ မြင်ရတော့မယ်။ ပြီးသွားမှ ရပ်ကွက်ထဲက ခလေးတွေကို ခေါ်ပြီး လိုက်ပြအုံးမှ။

    ReplyDelete
  5. ကောင်းပါတယ်။ဒါပေမယ့်Entrance Fees က1500 တဲ့။ဒါတစ်ခုကမမိုက်ပါဘူး။
    :(

    ReplyDelete
  6. သယ်ရင်းရေ ကြည့်လုပ်ဦးဟ ပါသွားဦးမယ်

    ReplyDelete