Wednesday, October 13, 2010

မထိုးဖြစ်လိုက်သော… Tattoo

ဆေးမင်ကြောင်ထိုးတဲ့ သူတွေကို သင်တို့ ဘယ်လိုမြင်လဲ?
ဆေးမင်ကြောင်ထိုးတဲ့ လူတိုင်းဟာ… လူဆိုးတွေလား :D ။
တော်တော်များများကတော့  လူကြီးပိုင်းတွေပေါ့နော်။ လုံးဝ မကြိုက်ကြဘူးခင်ဗျ။
တစ်ခါတစ်လေ လူကြီးဖြစ်ရတာ မကောင်းဘူး လို့ ကျွန်တော် ထင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ 
သူတို့ ဟာ သူတို့ ငယ်စဉ်ဘ၀က ဖြတ်သန်းလာခဲ့ ၇တဲ့ အရာတွေနဲ့ သိပ်ပြီး နှိုင်းယှဉ်လွန်းတယ်။
ကျွန်တော်တို့ ခင်ဗျားတို့ တစ်ချိန်လူကြီး ဖြစ်ခဲ့ ရင်လည်း ကိုယ်ရဲ့ သားသမီးတွေ လက်အောက်ငယ်သား
တွေကို ဒီလိုပဲ ပြောမှာ။ ကိုယ်ဘ၀နဲ့ ယှဉ်ပြီးတော့ လေ။
လူတိုင်းရဲ့ ဘ၀တွေဟာ တူမနေဘူးဆိုတာတော့…သူတို့ မသိပါဘူး။ သူတို့ သိတာ။ သူတို့ ငယ်ငယ်တုန်းက
ဒါတွေလုပ်လို့ ဒီလို ဖြစ်သွားတယ်။ အဲဒီတော့ မလုပ်နဲ့ ။ ဒီလိုမျိုးတွေပါ။

သောကြာနေ့ ကပါ။ ညနေပိုင်း သူငယ်ချင်းကောင်မလေးတစ်ယောက် လှမ်းခေါ်လို့ အပြင်ထွက်သွားမိတယ်။
အိမ်ပေါ်က ဆင်းဆင်းခြင်းပဲ။ လမ်းမှာ သူငယ်ချင်းတစ်ယောက် အကြောင်းကြားရတယ်။ ဆေးမင်ကြောင်ထိုးထားတာပါ။ 3D နဲ့ တဲ့ လေ။
ကိုယ်ကလည်း သိတယ်မလား။ ဆေးမင်ကြောင် မြင်ရင်မနေနိုင်ဘူး။ အရမ်း ကြည့် ချင်တာ။ လက်ရာ ကောင်းလားမကောင်းလား။ ပုံစံလေးက ဘယ်လိုရှိလဲ။ ဘာဆေးကို သုံးထားတာလဲ။ US လား။ ဂျာမနီဆေးလား။ ရှိတ်ထည့် ထားတာတွေ။ ဘယ်လိုရှိလဲ။ ဒီလိုတွေပေါ့နော်။

အဲဒါသွားရမဲ့ နေရာ မသွားသေးပဲ။ သူ့ ကို ဖုန်းဆက်လိုက်တော့ အိမ်မှာတဲ့ ။ သူ့ မိဘက ပွားနေလို့  ညစ်နေတယ်ဆိုပဲ :D။ သူ အောက်ဆင်းလာပါတယ်။ အနော် အတင်းခေါ်နေတာလို့ လေ။ အဲဒါသူ အရုပ်ကို သေသေချာချာလေးကြည့် တာပေါ့ဂျာ။ လန်းတယ်ဗျ။ အထာက။
ဘယ်လိုမျိုးလဲဆိုတော့  အဝေးက ကြည့် ရင် ယေရှုခရစ် လက်ဝါးကပ်တိုင်မှာ အကပ်ခံထားရတဲ့ ပုံ။
အနီးက ကြည့် လိုက်ရင် ယေရှုခရစ်ရဲ့ မျက်နှာဖြစ်သွားတယ်။ အဟုတ် ရေလည်လန်းတယ်။ ဆေးကလည်းကောင်းတယ်။ ဘယ်လို ကြိုက်မှန်းမသိဘူး။ သူရဲ့ အရုပ်ကို လေ။
သူက မေးတယ်။ နင်ရော မထိုးသေးဘူးလားတဲ့ ။ သူမေးတဲ့ မေးခွန်းက မေးထိုက်တယ်ဗျ။
ကျွန်တော်လို လူအတွတ်လေ။ ဘာလို့ လဲဆိုတော့  ကျွန်တော် ဆေးမင်ကြောင် တွေ့ ရင် မနေနိုင်ဘူး။
ဆေးမင်ကြောင်ထိုးထားတာ မြင်လို့ ကတော့  သူဘာသာသူ လူမိုက်ကြီး ဖြစ်နေပလိမ့် စေ။
ဟာ..အကို မိုက်တယ်နော်။ ခဏကြည့် လို့ ရမလား။ ဆိုပြီးတော့ ကို ကြည့် တာ :P ။
တော်တော်များများ နဲ့ လည်း အဲဒီဟာကြောင့်ခင်သွားတာ။ ကြည့် နေရင်းနဲ့ လည်း ဝေဖန်နေသေးတာနော်။
အကို အရောင်လေး သွားတင်လိုက်ပါလာ။ ဒီမှာ ဒီလိုလေးဖြည့် ကြည့် ။ ဆရာလုပ်တာ ဟီး။
တစ်ချို့ ကတော့  အနော် ပြောတဲ့ အတိုင်းလိုက်လုပ်ကြည့် တယ်။ လန်းသွားတယ်။ ကျေးဇူးတင်ကြတယ်။
တစ်ချို့ ကတော့ …ဘုရှိုးရှိုးပြီး မလုပ်ဘူး။ ကိုယ်က သူနဲ့ လိုက်မဲ့ ပုံစံလေး ပြောပြတာပါ။ လုပ်တာမလုပ်တာ သူအပိုင်းလေနော့ ။ သူတို့ က နောက်တော့ …အနော်ကို ၀ိုင်းမေးကြရော။ မင်းငါတို့ အရုပ်တွေပဲ လိုက်ကြည့် နေတယ်။ မင်းကျတော့ မထိုးဘူးလား ဆိုပြီးလေ။


ကျွန်တော်လည်း ထိုးချင်တာပေါ့ဂျာ။ ဆေးမင်ကြောင် အကြောင်းပြောရင် ကျော အရမ်းယားတယ်။ တင်လိုက်ချင်တာ။ ဒါပေ့ မယ့် လည်း ကြောက်တယ်ဗျ။ A ကိုက်သွားမှာတို့ ဘာတို့ မဟုတ်ဘူးနော်။
ဆေးမင်ကြောင်ထိုးလို့ A ကိုက်သေတဲ့ မသာတွေကို အနော်တော်တော်လေး ရီချင်တယ်။ သေပေါ့။
အပ်တွေ မျှသုံးတာကိုး။ အခုဆိုရင် တစ်ခါသုံးအပ်တွေနဲ့ ချည်း တီးတာ။ လမ်းဘေးက ထိုးတဲ့ နေရာတောင်။
တစ်ခါသုံးအပ်ပဲ။ ဆိုင်ကြီးတွေဆို ရင် ပိုပြီးတော့ အဲဒီကိစ္စကို ဂရုစိုက်တယ်။ လူတစ်ခါလာရင်ထိုးရင် ဆေးပါ..
အသစ်သုံးတာ။ အဲဒီလို။

ကျွန်တော်ကြောက်တာက လက်ရာကြီး စုတ်သွားမှာကိုပဲ ကြောက်တာ။ အဟုတ်။ ပြောတာ ထိုးပြီးရင် ပြင်လို့ မရတော့ ဘူး။ ပြီးတော့  ဆေးမင်ကြောင်သွားထိုးတယ်ဆို သူငယ်ချင်းတွေက အဲဒီဆိုင်မှာရှိတဲ့ ပုံတွေကို ထိုးကြတယ်။ အနော်က အဲဒီလို မဟုတ်ဘူး။ ကိုယ်ပိုင် အိုင်ဒီယာနဲ့ ထိုးတာ။ အဟုတ်။ ကျွန်တော်ခံယူချက်က
တစ်မျိုး။ ဟုတ်တယ်။ ကိုယ့် ဘ၀တစ်သက်လုံးပါသွားမဲ့ ဟာဗျာ။ အမြဲလန်းနေရမယ်။ အဓိပ္ပါယ်ရှိနေရမယ်။
အဲဒီလိုမျိုးလေ။ ပြီးတော့ ကျွန်တော်က ရှုခင်းတွေကို နှစ်သက်တဲ့ သူမို့ လားမသိဘူး။ ကျွန်တော် ထိုးချင်တာက
ရှုခင်းပုံတွေကြီးပဲဗျာ။ သူငယ်ချင်းတွေက မင်းကလည်းကွာ..ဘာရှုခင်းပုံလဲ ဆိုပြီး ခဏခဏပြောတယ်။
ကျွန်တော်ကတော့ အဲဒါပဲ ထိုးချင်တာပဲ။

တစ်ခါက ဆွဲထားဖူးတယ်။ ထိုးမလို့ ပါ။ အဲဒါကို။ ပုံလေးက ဒီလိုလေးပါ။
အခန်းလေးတစ်ခုရှိတယ်ဗျာ။ အိပ်ခန်းလေးပေါ့။ ခလေးလေးတစ်ယောက်ရဲ့ အိပ်ခန်း ။ စာအုပ်စင်တွေကလည်းရှိနေတယ်ပေါ့နော်။ အလယ်မှာ ပြတင်းပေါက်တစ်ခုရှိတယ်။ ခလေးလေးက ကောင်မလေးပါ။ အဲဒီပြတင်းပေါက်ကနေ ….ကောင်းကင်ကို ငေးနေတဲ့ ပုံ။ ကောင်းကင်ဆို လို့ မည်းမည်းနဲ့ 
ကြယ်တွေနဲ့ မထင်လိုက်နဲ့ ။ နေနဲ့ သူကို ပတ်နေတဲ့  ဂြိုလ်ကိုးလုံး၊ တစ်ခြားဂြိုလ်တွေပါ တစ်ခါတည်းမြင်နေရအောင်ဆွဲထားတာ။ ပြတင်းပေါက်က ဖွင့်လိုက်ရင် အာကာသပေါ့ဗျာ။ ဒီလိုလေး။

အဲဒီပုံကို သူငယ်ချင်းတစ်ယောက်က အရမ်းကြိုက်သွားတာ။ ကျွန်တော်က ငါထိုးမလို့ လေ ဆိုပြီး ပြမိတယ်လေ။ အဲဒါနဲ့ သူ နားပူ နာဆာလုပ်တာနဲ့ ။ အဲဒီပုံ ပေးလိုက်ရတယ်။ ဒီကောင် အစပိုင်းက
မထိုးသေးဘူး။ ကျွန်တော်လိုပဲ ဟိုလူထိုးလိုက်ကြည့် ဒီလူထိုးလိုက်ကြည့် နဲ့ …နောက်ဆုံး တာချီလိတ်ဘက်ထွက်သွားတယ်။ နှစ်လလောက်ကြာတယ်။ ပြန်ရောက်လာတော့  ဒီကောင် ကျွန်တော်ဆီအရင်ဆုံး လာတာပဲ။ ပြီးတာနဲ့ …သူ့ ကျောကုန်းကို လှန်ပြတယ်ဗျ။ လှချက်ဗျာ။
သောက်ရမ်းလှတာ။ ကျွန်တော်ခဏ မျောသွားတယ်။ ကျွန်တော်ဆွဲထားတဲ့ ပုံဗျ။ အဟုတ်။
ဆေးပိတ်တီးထားတာနော်။ ဆေးပိတ်ဆိုတာ ကျောကုန်းတစ်ခုလုံး ဆေးခြယ်လိုက်တာ။ ပုံမှာ အဖြူဆို
အဲဒီမှာလည်း ဆေးဖြူ သုံးထားတာ။ တော်တော်လေး ဂွတ်တယ်။ အဖြူရောင် ဆိုပြီး အထင်မသေးနဲ့ နော်။
ပေါ်တယ်။ အဟုတ်ပေါ်တာ။ ထင်းနေတာပဲ။ သူက လုပ်ထားသေးတယ်။ အနူမြူထည့် ထားတယ်။
ပြတင်းပေါက်ရဲ့ ဘောင်တွေ။ ပြီးတော့ … အခန်းမျက်နှာကျက်တွေ နဲ့ နံရံအစပ်လိုင်းတွေကိုလေ။
အဲဒီတော့ …ကလပ်ထဲမှာ ဒီကောင် စွပ်ကျယ်နဲ့ လျှောက်သွားတယ်ဗျာ။ ပေါ်ပီပေါ့ဗျာ။ ပုံက လင်းနေတာပဲ။
အနူမြူက ကလပ်က မီးရောင်တွေနဲ့ မှ လင်းလာတာလေ။ ဒီကောင်တော်တော်လေး နာမည်ကြီးသွားတယ်။

အဲဒါနဲ့ ..ထိုးချင်တဲ့ သူတွေကလည်း အိုင်ဒီယာပေးပါ ဘာညာနဲ့ …ဖြစ်လာရော။ အနော်လည်း ငြင်းလွှတ်လိုက်တယ်။ ဟုတ်တယ်ဗျာ။ သူများတွေလိုက်ပေးရင် ကျွန်တော်အဖို့  ဘယ်ရှိတော့ မှာတုန်းလို့   :( ။

အခုလည်း အဲဒီ ယေရှုခရစ်ပုံကို 3D ပုံစံထိုးတဲ့ သူငယ်ချင်းရဲ့  ပုံကို သေသေချာချာလေး ဝေဖန်ပြီးတဲ့ နောက်။
ချိန်းထားတဲ့ ကောင်မလေးဆီထွက်လာလိုက်တယ်။ ကျောကုန်းကတော့ ရှယ် ယား နေတာပဲဗျာ။ အဟုတ်။
အခုချိန်းထားတဲ့ ကောင်မလေးကလည်း ငယ်ငယ်ကတည်းက သူငယ်ချင်းပါ။ အနော်သူငယ်ချင်းတွေနဲ့ 
ဆေးမင်ကြောင်ထိုးတဲ့ နေရာတွေ ဘာတွေသွားမိလို့ ကတော့ ..တွေ့ တဲ့ နေရာကနေ အော်တော့ တာပဲ။
အိမ်ပြန်ဘာညာနဲ့ ။ သူအော်လို့ မသွားရင် ဇွတ်အတင်းလာဆွဲခေါ်တာ။ အဲဒါကြောင့် သူဆိုင်ကယ် မြင်ရင်
ပုန်းနေရတယ်။ ဟီး :P ။ အခုရန်ကုန်ရောက်တော့ လည်း သူတို့ တွေ ပြောင်းလာတော့ ..အရင်ကလို မလွှတ်မလပ်တော့ ဖြစ်တယ်ဗျ။ အဲဒါ သူတွေ့ တာနဲ့  ပတ်ပြေးနေရတာ။ :D

ချိန်းတာကလည်း ဂျန်းရှင်းမော်တင် :D ။ ဟိုေ၇ာက်တော့  သူက စိတ်ညစ်တယ်။ ဘာညာနဲ့ ရင်ဖွင့်နေတယ်။
အိမ်နဲ့ လည်း ပွားနေတယ် ဆိုပဲ။ အနော်လည်း စိတ်ညစ်နေတာပါ။ စာတွေက ပိ။ အိမ်က ပြော။ စာမေးပွဲကလည်း တစ်ခုနဲ့ တစ်ခုထပ်။ သေချင်တယ်။ အဟုတ်။

အဲဒီလို နှစ်ယောက်သား..ထိုင်ပြီး စိတ်ညစ်နေတုန်း။ ဆော်တစ်ပွေ ဖြတ်လျှောက်လာတာ။  အဲဒီ မမ အသေလန်းတယ်ဗျာ။ အဟုတ်။ ကိုယ်လုံးကိုယ်ပေါက်ရော။ မျက်နှာရော ပြောစရာမရှိဘူး။ ကျွန်တော် အထင်
တရုတ်မ ဖြစ်မယ်။ အသားကဖွေးချက်။ သူကို ပိုပြီး စိတ်ဝင်စားတာက။ အကျီကို ချိုင်းပြတ် ခါးတိုတို တီရှပ်။ အောက်က စကပ်အတိုနဲ့ ။ ပြီးတော့  ကန်းထရီးဒေါက်ကြီးနဲ့ ။ :D ၀ါး လူက တော်တော်လေး
လေးစားသွားတယ်။ Rocker မမ အထာနော်။ အဲဒီထက် ပိုပြီး စိတ်ဝင်စားသွားတာက။ သူလှမ်းလျှောက်လိုက်ရင် အကျီလေးက အပေါ်ကို တတ်တတ်သွားတယ်။ အဲဒီမှာ ဘာလေးပေါ်လာလဲသိလား။ လိပ်ပြာလေးတွေဗျ။ ကျွန်တော်တို့ သေသေချာချာကြည့် နေတာ။
အဲဒါလေးကိုလေ။ လိပ်ပြာတွေမှာဗျာ။ ရောင်စုံပါ။ ဘယ်လိုလှနေမှန်း မသိဘူး။
သူကလည်း ကျွန်တော်တို့ ကို ပြန်ကြည့် သွားတယ်။ ကျွန်တော်ကတော့  သူမျက်နှာမကြည့် အားဘူး။
ခါးပဲ သေသေချာချာလိုက်ကြည့် နေတာ။ နောက်တော့ မှ သိတယ်ဗျာ။
အဲဒါ ဆေးမင်ကြောင်ဗျ။ ဆေးမင်ကြောင်။ အဟုတ်…တကယ်လှတာဗျာ။ လိပ်ပြာလေးတွေ ပြေးနေတဲ့ အတိုင်းပဲ။ သူက ကျွန်တော်တို့ လည်း ကျော်သွားရော။ အနော်သူငယ်ချင်းဆီက အသံထွက်လာတယ်။
“အရမ်းလှတာပဲဟာ” တဲ့ လေ။ ကျွန်တော်က သူကို
“ငါလိုက်မေးချင်တယ်ဟာ…သူ ဘယ်မှာ ထိုးခဲ့ တာလဲဆိုတာလေ။ ပြီးတော့ သေသေချာချာလေး ကြည့် ချင်တယ်” ဆိုပြီး ခွင့်တောင်းရတယ်။ သူပါပါမှ ရမှာလေ။ မဟုတ်ရင် ပါးရိုက်လိုက်မှာ ဟိုက ခါးလှန်ကြည့် ရမှာ ဟီး :P ။ သူက ဖြစ်ပါ့မလားတွေ ဘာတွေ လုပ်နေတာ။ အနော်က မရတော့ ဘူး ကြည့် ချင်နေပြီဆိုတော့ 
ရပါတယ်ဟာ….ဖြစ်တယ်…လာ ဆိုပြီး အတင်းဆွဲခေါ်သွားလိုက်တယ်။ အဲဒါနဲ့ ဟို အမကြီးနောက်လိုက်တယ် ဆိုပါတော့ ။ သူက အပေါ်ဆုံးထပ်မှာ ဂိမ်းဆော့ တဲ့ ဝင်ပေါက်နားမှာလေ။ ရေခဲ မုန့် ဆိုင်ရှိတယ်။ အဲဒီမှာ ရေခဲမုန့်  ၀ယ်ပြီးထိုင်နေတာဗျ။

ကျွန်တော်တို့ လည်း ရေခဲမုန့် ဝယ်ပြီးတော့ …အစက ဘာလုပ်ရမှန်း မသိပါဘူး။ ၀င်လည်းမရောရဲတော့ ။
သူနဲ့ တည့် တည့် မှာရှိနေတဲ့  ခုံတစ်ခုမှ ၀င်ထိုင်တယ်။ သူကလည်း ကျွန်တော်တို့ ကိုကြည့် နေတယ်။ ကျွန်တော်တို့ ကလည်း သူကိုကြည့် နေတာပေါ့။ သတိတော့ ထားမိပုံရပါတယ်။ ဒီမမက။
နောက်တော့ သူက ကျွန်တော်ကို ရီပြတယ်ဗျ။ အဲဒါနဲ့  “ဟ ဂွင်ပဲ” ဆိုပြီးတော့  သွားရောတော့ တာ။
သူငယ်ချင်းကောင်မလေးတောင် လှမ်းဆွဲချိန်မရလိုက်ဘူး။ :D
သူကို ဘယ်မှာနေတာလဲ ဘာညာနဲ့ စတာမဟုတ်ဘူးနော်။ မေးတာကြီးက တစ်မျိုးကြီးရယ်။ ဟီး :D
“မမက Rocker လား” ဆိုပြီးလေ။ ဟိုက အပြုံးနဲ့ လှမ်းပြောတယ်။ “အင်း” တဲ့ ။
အဲဒါဆို “ခါးက ဆေးမင်ကြောင်လားဟင်” ဆိုပြီးထပ်မေးတယ်။ စကားက အစပ်အဟပ် မတည့် ပုံများ ပြောပါတယ်။ အဲဒီလိုလည်း မေးလိုက်ရော။
သူက မျက်လုံးလေး ပြူးသွားပါလေရော။
“ဟ ဒီကောင် နှာဘူးလား မသိဘူး။ နာ့ ခါးပဲကြည့် နေတယ်” ဆိုတဲ့ မျက်လုံးနဲ့ အနော်ကို ပြန်ကြည့် တာ။

ကျွန်တော်သူငယ်ချင်းကောင်မလေးက အဲဒီအခါကျတော့ အားကိုးရတယ်ခင်ဗျ။ သိလား။ သူက ကျွန်တော်
ဆေးမင်ကြောင် စိတ်မွှန်နေတယ်ဆိုတာ သိတော့ ။ အမ ဆေးမင်ကြောင်မြင်ပြီး သူ အရမ်းစိတ်ဝင်စားသွားလို့ ပါ။ အရမ်းလှတယ်နော် ဘာညာနဲ့  ၀င်ဖေါရတာ။ အဆင်ပြေသွားတယ်။ အဲဒီတော့ မှ ကျွန်တော်ကို အားနာတဲ့ မျက်လုံးနဲ့ ပြန်ကြည့် တာ။ အစကတော့ နှာဘူးလိုလို ဘာလိုလိုနဲ့  :D ။

သူဆေးမင်ကြောင်က ထိုင်ဝမ်မှာ ထိုးလာတာတဲ့ ။ ကျွန်တော်က ပြကြည့် လို့ ရမလားဟင်။ တစ်မျိုးတော့ မထင်ပါနဲ့ ။ ဆိုတော့ …ဒီမှာတော့ ပြလို့ အဆင်မပြေဘူးတဲ့ ။ ဟုတ်လည်းဟုတ်တယ်ဗျ။ လူမြင်ကွင်းကြီးလေ။
အတင်းကြီး ဇွတ်ဖြဲကြည့် နေတော့ အဆင်မပြေဘူးရယ်။ ဒါတောင် သူလည်း ဆေးမင်ကြောင်ဝါသနာပါတဲ့ သူမို့ နော်။နို့ မို့ ဆို ပါးရိုက်လွှတ်လိုက်တယ်။ အဟုတ်။ ကျွန်တော်ကို အားနာတာလည်းပါမယ်ခင်ဗျ။ သူကမန်းလေးသူတဲ့  :D ။ မန်းလေးသူတွေ သိတယ်မလား အားနာပြီးတော့ လေ။ ပုံပြင်တောင်ရှိသေး ဟီး :D ပြီးတော့ သူ့ ဆေးမင်ကြောင်ကို ဇွတ်အတင်းကြီး လှတယ်ပြောနေလို့ ။ မိန်းမတော်တော်များများက
ဘာရယ် မှုတ်ဝူး။ သူတို့ ကိုင်ထားတဲ့ ဆလင်းဘတ် အိတ်လေးတောင် လှလိုက်တာလို့ ပြောရင် သဘောကျသေးတာပဲ။ ဟုတ်တယ်မလား။ :D

ဒီလိုနဲ့ သူနဲ့ ဆေးမင်ကြောင်အကြောင်းတွေ တော်တော်များများ ပြောဖြစ်တယ်။ သူလည်း ဆရာကျတယ်နော်။
သူက ၀ါသနာအရ ပန်းချီဆွဲတာ။ ဒါလေးကိုလည်း သူ့ ဒီဇိုင်းကို သူဘာသာ သူထုတ်ပြီးတော့  ထိုးထားတာ။
ကျွန်တော်ကလည်း အိမ်ထဲက အထွက်တုန်းကလည်း ဆေးမင်ကြောင်မြင် ဒီရောက်တော့ လည်း မြင်ဆိုတော့ ။
မထူးဘူးကွာ…ထိုးတော့ မယ်ဆိုပြီးတော့ ။ အဲဒီအမကို ကျွန်တော် အိုင်ဒီယာ ကို တစ်ချက်ဆွဲပေးနိုင်မလားလို့ မေးမိတယ်။ ဟုတ်တယ်လေ။ သူက ပန်းချီဆွဲတယ်ဆိုတော့ ။ သူကလည်း ပြောကြည့် လေတဲ့ ။ သူ့ အသံတော့  ၀ဲတယ်ဗျ။ သိလား။ ရှမ်းတရုတ်မတော့ မဟုတ်ဘူးနော်။ တရုတ်မ စစ်စစ်။ ဗမာလိုတော့ မွှတ်နေတာပဲ။

ကျွန်တော်ပြောတဲ့ ပုံလေးက ရှုခင်းပါ။ ဒီလိုလေးပေါ့။ လမ်းတစ်ဖက်ကို လှမ်းကြည့် တဲ့ မြင်ကွင်းလိုလေ။
ပုံရဲ့ ထောင့်စွန်း အောက်ဖက်မှာ ခုံတန်းလေး တစ်ခုရှိတယ်။ (ပန်းခြံထဲက ထိုင်ခုံတွေမျိုးလေ)။ အဲဒီ ထိုင်ခုံလေးရဲ့  တစ်ဖက်လက်ရမ်းမှာ ကောင်လေးတစ်ယောက်က ထိုင်နေတယ်။ သူက အောက်ကိုကြည့် နေတာ။ သူလက်ထဲမှာ  ရုပ်သေးရုပ်ကို ထိမ်းတဲ့  အတံလေးကိုင်ထားတယ်။ ရုပ်သေးရုပ်လေးက ပလက်ဖေါင်းပေါ်မှာ ကနေတဲ့ ပုံလေး။ ကောင်လေးရဲ့ ဆံပင်ကို လေတွေတိုးနေတယ်။ ပလက်ဖေါင်းပေါ်မှာ
အမှိုက်တွေလွှင့်နေတယ်။ ထိုင်ခုံရဲ့  ရှေ့ မျက်နှာစာ (ကျွန်တော်တို့ မြင်နေရတဲ့ မြင်ကွင်းက ထိုင်ခုံနောက် ကနော်) မှာရှိနေတဲ့ ….ရှုခင်းက။ တောင်ကုန်းလေးတွေပါ။ အဲဒီတောင်ကုန်းတွေ အကုန်လုံးက ပန်းရောင်စုံ
တွေနဲ့ ပြည့် နေတဲ့ တောင်ကုန်း။ တောင်ကုန်းတွေကို မြင်တွေ့ ပြီးရင် တွေ့ ရမှာက ကောင်းကင်ပြာပြာကြီးပါ။
တိမ်ဖြူဖြူလေးတွေ လွင့်နေတယ်။


ဒီလိုပုံစံလေးကို ပြောလိုက်တာပါ။ အဲဒီမမက ချဆွဲပေးတယ်။ ဘောပင်နဲ့ လေ။ တော်တော်မိုက်တယ်။သူဆွဲတာသပ်ရပ်တယ်။ ပီပြင်တယ်ခင်ဗျ။ ပြီးတော့  သူက မိုက်တယ်နော်တဲ့ ။
ပုံလေးက တစ်မျိုးပဲတဲ့ ။ အဓိပ္ပါယ် တစ်မျိုးမျိုးကို ဆောင်နေတယ်။ ဘာလဲတော့  သေသေချာချာလေးကြည့် မှ သိနိုင်မှာ။ ဒါကို ဘယ်မှာထိုးမှာလဲ ဆိုပြီးမေးလာတယ်။ ကျွန်တော်က ကျွန်တော်ကျောကုန်းမှာထိုးဖို့ ပါဆိုတော့ ။ သူ အံ့ သြပြီး ကျွန်တော်ကို ကြည့် တယ်။
“မင်း အိုင်ဒီယာလေးတွေ ကောင်းတယ်” တဲ့ ။ “ထိုးသင့်တယ်” ဆိုပြီး အကြံပေးတယ်။
အဲဒီအချိန်မှာ ကျွန်တော်သူငယ်ချင်းကောင်မလေး ကလည်း အဲဒီပုံကို ယူပြီးကြည့် တယ်။ ပြီးတော့ သူလည်းကြီုက်သွားတယ်။ သူလည်းထိုးမယ်တဲ့ ။ :D အနော်လည်း အစကတားပါသေးတယ်။ သူက အတင်းကြီးထိုးမယ်။ သူလည်း ကျောမှာထိုးမယ် လုပ်တော့ ။
“အေးဟာ။ ထိုးမယ်” ဆိုပြီး လွတ်ပေးလိုက်ရတယ်။ အဲဒါနဲ့ သူကိုမေးတယ်။ နင်ဘယ်လိုထိုးမှာလဲဆိုတော့ ။
သူက အဲဒီရှုခင်းပဲ တစ်ယောက်တစ်ဝက်ထိုးမယ်တဲ့ ။ တိန် သေရော :D ။
အဲဒါနဲ့ …သူဘက်မှာ ကောင်မလေးက ဒို ဆိုင်ကယ်တစ်စီးပေါ်ထိုင်ပြီးတော့  မေးစေ့ လေး ထောက်ပြီး ကောင်လေးပြနေတဲ့  ရုပ်သေးလေးကို ကြည့် နေတဲ့ ပုံလေး ဆွဲကြည့် လိုက်တယ်။ မိုက်သွားတယ်။
အာလုံးကွက်တိဖြစ်သွားတယ်။ ပုံကလည်း ပြည့် စုံသွားတယ်။

အဲဒီပုံကို သူရယ် ကျွန်တော်ရယ်။ တစ်ယောက်တစ်ဝက်ထိုးမှာ။ နှစ်ယောက်လုံး ပေါင်းမှ တစ်ပုံဖြစ်မှာ။
ဒါပေ့ မယ် တစ်ယောက်တည်း ဆိုရင်လည်း အဓိပ္ပါယ် တစ်မျိုးမျိုးကို ဆောင်နေတယ်။ နှစ်ယောက်လုံးပေါင်းရင်လည်း။ အဓိပ္ပါယ် တစ်မျိုးမျိုးကို ဆောင်နေတယ်။ :D အဲဒီလိုလေးလေ။

ပြီးတော့ ကျွန်တော်တို့ ဘယ်သွားတယ်ထင်တုန်း။ ဗိုလ်ချုပ်ဈေး လစ်တော့ တာပဲ။ ဟိုမမကလည်း လိုက်လာတယ်။ သူက ဘာရယ် မှုတ်ဝူးဂျာ။ ဒီလိုပဲ ထွက်လာတာ။ ပျင်းလို့ လာထိုင်တဲ့ သဘော။
အဲဒါနဲ့ ခေါ်လာလိုက်တာ။ ဆေးမင်ကြောင်ထိုးတယ်ဆိုတာ လွယ်တာမဟုတ်ဘူးနော်။ အဲဒီပုံကို တစ်လခွဲ နှစ်လလောက်အချိန်ယူပြီးထိုးရတာ။ တစ်ရက်ထိုး တစ်ပတ်နား။ ဒီလိုလေးသွားရတယ်။ ပုံကောင်းကောင်းထွက်ဖို့ ဆိုရင်တော့  ဒီလိုလုပ်ရတာပဲ။ ပြီးတော့ …ထိုးနေတဲ့ အချိန်မှာ ဆရာမပြောင်းတာ ကောင်းတယ်။ ပြောင်းလိုက်ရင် လက်ရာနည်းနည်းညံ့ သွားတတ်တယ်။ တစ်ချို့ ဆရာတွေကျတော့ လည်း
သူတို့ ဘာသာ ပြင်ထိုးလိုက်တာ။ တစ်အားလန်းသွားတယ်။ ဒါပေ့ မယ်…ကိုယ်ထိုးချင်တဲ့ ပုံမှ မဟုတ်တာဗျာ။
လန်းလို့ ဘာလုပ်ရမှာလဲ ဟုတ်တယ်မလား။ ပြီးတော့ ထိုးတဲ့ သူကလည်း အဲဒီပုံအပေါ်မှာ အာရုံစိုက်နေမှာ။
ဈာန်ဝင်နေမှ ပုံတစ်ခုဟာ ကောင်းကောင်းလေး။ထွက်လာတတ်တယ်။ ပြီးတော့  အသားပေါ်မှာထိုးတာနဲ့ ။
စာရွက်ပေါ်မှာ ချရေးတာနဲ့ မတူဘူးခင်ဗျ။ လက်ရာကတော့ နည်းနည်းလေးကွဲတတ်တယ်။

ထိုးမဲ့ သူဆီရောက်တော့ ….ဟိုလူက ပုံကိုကြည့် တယ်။ ဟိုမမက ကျွန်တော်တို့ ထိုးရင် ကာလာကို ဘယ်လိုသုံးမယ်ဆိုတာ ပြောပြပေးမယ်တဲ့ လေ။ အဲဒီတော့ အဆင်ပြေတယ်။ သူလည်းမပြန်သေးဘူးတဲ့ ။
ထိုးမဲ့ သူက ကျွန်တော်တို့ ကို ဈေးဘယ်လောက်ဖြတ်လဲ သိလား?။ ကျွန်တော်ကျောတစ်ခုလုံးကို နှစ်လ ထိုးမယ်။ ခြောက်သိန်းခွဲ။
ကျွန်တော်သူငယ်ချင်းကောင်မလေးကို ကျတော့  ရှစ်သိန်းခွဲ။ တောင်းတယ်။ :D
ဈေးက လန်ထွက်နေတာပဲနော်။ အဲဒီလောက် ပိုက်ဆံ ပေးနိုင်ပါတယ်။ ဒါပေ့ မယ်…အဲဒီလက်ရာ အတိအကျ ထွက်မလား။ မထွက်ဖူးလား။ ဆိုတာတော့ …မေးရတယ်လေ။ ဟုတ်တယ်မလား။
ကျွန်တော်..မေးတာနည်းနည်းလေး ရင့်သွားတယ်။ထင်တယ်။ ဘဲက မျက်နှာတည်သွားတယ်။
“အဲဒီပုံအတိုင်း မထွက်ရင် ခင်ဗျား။ ဘာလျော်ပေးမလဲ” ဆိုပြီးလေ။ သူ တင်းသွားတာတော့ မဟုတ်ပါဘူး။
ပုံကို ပြန်ကြည့် တယ်။ ပြီးတော့ ကျွန်တော်တို့ မျက်နှာကို ပြန်ကြည့် တယ်။ ဒီလို သုံးလေးခါလောက် လုပ်နေတော့ ။ ဟိုမမက စိတ်မရှည်တော့ ဘူး။ အကြမ်းဆွဲထားတဲ့ ပုံကို ယူပြီးတော့ အားလုံးထွက်လာလိုက်တယ်။

ပြီးတော့ ကောင်မလေး ကားထဲ ၀င်ပြီးတော့ ဆွေးနွေးလာတာ။ လူတွေကလည်း ညစ်သွားတယ်။ လက်ရာမကောင်းမှာ ကြောက်တယ်လေ။ Rocker မမ က ပြောပါတယ်။ ထိုင်ဝမ် ပြန်ရင်လိုက်မလားတဲ့ ။
ဟိုမှာထိုးမလား ဆိုပြီးမေးလာတယ်။ ပြီးတော့ …သူလည်း အဲဒီဟာကို ထိုးမယ်တဲ့ ကျွန်တော်တို့ နှစ်ယောက်လုံး အပါအ၀င်လေ။ အမှတ်တရ ဆိုပြီးတော့ ။
သူက ကျွန်တော်တို့ ကို တော်တော်လေး ခင်သွားတယ် ထင်တယ်။ ကျွန်တော်ကတော့ အဲဒီလောက်မခင်တတ်ဘူး။ စစတွေ့ တဲ့ လူကိုလေ။
“အခုတော့  မအားသေးဘူးမမရာ။ စာမေးပွဲတွေ ပိနေတယ်။ ၁၁ လပိုင်းကုန်လောက်မှ စဉ်းစားရမှာ။
လိုက်ဖြစ်၊ မလိုက်ဖြစ်။ ဆိုတာ” ဆိုပြီး တော့  ငြင်းလိုက်ရတယ်။ တကယ်တမ်းဆို လိုက်သွားပြီးထိုးလိုက်ချင်တာ။ အဟုတ်။ လူက လုပ်မယ်ဆိုရင် ချက်ခြင်းကောက်လုပ်လိုက်ရမှလေ။

ပြီးတော့ အဲဒီမမကို အိမ်ပြန်ပို့ ပေးလိုက်တယ်။ နောက်နေ့ တွေ မယ်နော်။ ဘာညာနဲ့  ဖုန်းနံပါတ်တွေ ဘာတွေတော့ ယူထားလိုက်တာပေါ့ဗျာ။ ပြီးတော့ ..ကန်တော်ကြီးစောင်းထဲ ကားထိုးပြီး အိပ်နေလိုက်တာ။
စိတ်ညစ်ပြီးလေ။ နှစ်ယောက်သား သိုး နေတာပဲ :D။ အိမ်တွေက ဖုန်းဆက်မှ နိုးတာ။

နောက်နေ့ တွေ ကျတော့ … ကျွန်တော်သူငယ်ချင်းကောင်မလေးရယ်။ Rocker မမရယ်။ လျှောက်လည်နေကြသဗျ။
အနော်ကျတော့ …စာပဲ ပြန်ကျက်နေရတာပေါ့ဂျာ။
စိတ်ထဲမှာတော့  တစ်မျိုးကြီးဖြစ်သွားတယ်ဗျ။ စိတ်မကောင်းတာ။ ၀မ်းနည်းတာ။ ငါကွာ။
မထိုးလိုက်ရလေခြင်း ဆိုပြီး။ ငိုလည်း ငိုချင်တယ်။ အဟုတ်ဗျာ။ စာတောင်မကျက်နိုင်ဘူး။ လိမ့် အိပ်နေတာ။

ရေးချင်တာလေးကတော့ ဒါပါပဲဗျာ။
စိတ်ထဲမှာလည်းတော်တော် မကောင်းတာနဲ့ ရေးချလိုက်ရင်များ ပေါ့သွားမလား ဆိုပြီး တော့ 
ဒီခေါင်းစဉ်လေးကို ရေးလိုက်တာပါ။
မထိုးဖြစ်လိုက်သော… Tattoo လေးပါ :(

ပျော်ရွှင်ပါစေ။
ငဇူး


မှတ်ချက်။ ။ ပုံတင်ထားတာ နည်းနည်းရိုင်းသလို ဖြစ်နေတယ်ဆို ခွင့်လွှတ်ပါခင်ဗျာ။ အနုပညာမျက်စိလေးနဲ့ ကြည့် ပေးပါနော်။

9 comments:

  1. uncle zu's photos ko, thay char kyi ya tal,
    par lo pone kyi lal pop, tin htar tat, pone tway ka
    nout mha..ti tal.........aheee :P

    ReplyDelete
  2. အယ် ဘာလို့ သေသေချာချာကြည့် တာတုန်း :D

    ReplyDelete
  3. အဲဒီ မမရဲ့ တက်တူးကျ ဓာတ်ပုံမရိုက်ဘူး နင့်သူငယ်ချင်း 3D ရဲ့တက်တူးလဲ ရိုက်ပြီးတင်ပါ့လား အေ

    ReplyDelete
  4. တိန် အရိုက်မခံလို့ ပေါ့ဟ။ ခဏခဏကြည့် ရအောင်ကလည်း မကောင်းလို့  သုံးခါလောက်ပဲ ကြည့် ဖြစ်လိုက်တယ်။
    မျက်စိထဲက ကို ထွက်ဝူး ဟီး :D ထပ်ကြည့် ချင်တေးတာ။

    ReplyDelete
  5. ငါကတော့ အာဠာဝကပုံကိုကျောပေါ်တင်ချင်တယ်။ မာန်ပါလို့။ တိုက်ကြက်နှစ်ကောင်ခွပ်နေတဲ့ မြင်ကွင်းမျိုး မမြင်ဖူးဘူးဟ။ သေချာ ဆေးချယ်ကြည့်ရင်လှမှာဘဲ။ လည်ဆံမွှေးဖွားဖွားနဲ့ မြုးမြူးကြွကြွလေးလေ။

    ReplyDelete
  6. အဲဒီကောင်တွေ ထင်သလောက် မကောင်းဘူး ဟ :D ဘီလူးနှစ်ကောင်ပုံက တော့ မထိုးပါနဲ့ ။ နောက်မှ ငါရေးပေးမယ်။ ဟီး :D

    ReplyDelete
  7. စိတ်ချ အနုပညာ မျက် စိ သန့် သန့်ကြီးနဲ့ကို ကြည့်ပစ်တာ...လန်းလွန်းလို့....စက်ထဲမှာ ကိုဇူးဆိုတဲ့ ဖိုဒါနဲ့တောင် သိမ်းထားလိုက်သေးတယ်...
    ငှဲငှဲ..နောက်တစ်ခါ ထိုင်ဝမ် မမကြီး တက်တူး ပြ..ဒါဗျဲ

    ReplyDelete
  8. ကျွန်တော်လည်း Tattoo ထိုးချင်တယ်ဗျ....လက်ဖျံမှာ ငါးကြင်းပုံလေ :D
    ထိုးမယ်လို့လည်းစိတ်ကူးထားတယ် ခုတော့ဟုတ်သေးဝူး :D

    ReplyDelete
  9. ထိုးတာတော့ ထိုးကြပေါ့ဂျာ။ လှအောင်တော့ ထိုးပါ။ :D

    ReplyDelete