Friday, November 12, 2010

လူမျောက် မောင်ရွှေမောင်

လူမျောက် မောင်ရွှေမောင်
ရတနာပူရ နန်းတည် ဘကြီးတော်လက်ထက် မြန်မာ သက္ကရာဇ် (၁၁၈၃) လူမျောက်မောင်ရွှေမောင် ရောက်ရှိလာသည်။ ဟံသာဝတီမြို့ ဝန်က လာရောက်ဆက်သခြင်းဖြစ်သည်။ နန်းစဉ်ပုရပိုက်ဖြူအဆိုအရ လာရောက်ဆက်သစဉ် လူမျောက်မောင်ရွှေမောင်သည် အသက်အလွန်ငယ်သေးသည်။ မျက်နှာတစ်ခုလုံးတွင် အမွှေးအမျှင်များဖုံးအုပ်နေသည်။ အမွှေးအမျှင်များသည် အညိုရောင်အဆင်းရှိသည်။
ပိုးသားကဲ့ သို့  နူးညံ့ သည်။ မျက်နှာပေါ်တွင်
အရှည်တစ်မိုက်ခန့် ထိ ရှိသည်။

ထိုမင်း လက်ထက် ၁၁၈၈ခုနှစ်၊ သီတင်းကျွတ်လဆန်း(၉)ရက်နေ့ တွင် ဂျွန်ကရောဖို့ ဦးဆောင်သော အင်္ဂလိပ်
သံအဖွဲ့ သည် အမရပူရမြို့ တော်သို့ ရောက်ရှိခဲ့ သည်။ ကပ္ပတိန်ယူးလ်၏ အစီအရင်ခံစာတွင် လူမျောက် မောင်ရွှေမောင်နှင့်
တွေ့ ခဲ့ ရပုံကို စိတ်ဝင်စားဖွယ် ဖော်ပြထားသည်။

လူမျောက်မောင်ရွှေမောင်သည် ရှေ့ သွားအနည်းငယ်သာပါရှိသည်။အံ သွားလုံးဝ မပါရှိချေ။ သို့ သော် အလွန်မာကျောသော အရာဝတ္ထုများကို စားနိုင်သည်။ ၀ါးနိုင်သည်။ အသားလုံးဝမစားပေ။ ပဲနှင့် သစ်သီးသစ်ဖုများသာ
စားသည်။ ထူးခြားချက်မှာ လူမျောက်မောင်ရွှေမောင်၏ မိဘများသည် သာမန်လူသားများပင်ဖြစ်သည်။ မောင်ရွှေမောင်
တစ်ဦးတည်းသာ အမွှေးအမျှင်များဖြင့် ဖုံးအုပ်နေခြင်းဖြစ်သည်။ မောင်ရွှေမောင်သည် အမျိုးသမီးငယ်တစ်ဦးနှင့်လက်ထပ်ခဲ့ သည်။ သမီးတစ်ဦး ရရှိခဲ့ သည်။ ဖခင်ကဲ့ သို့  တစ်ကိုယ်လုံး အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းထားသည်။
မယ်ဖုံး ဟုခေါ်တွင်သည်။ မယ်ဖုံးသည်လည်း သာမန်လူသားတစ်ဦးနှင့် လက်ထက်ခဲ့ သည်။ မောင်ဘိုးဆင်ခေါ် သားတစ်ယောက် ရရှိခဲ့ ပြန်သည်။ ၁၄ နှစ်သားအရွှယ် မောင်ဘိုးဆင်သည်လည်း အဖိုးဖြစ်သူ မောင်ရွှေမောင်နှင့် မိခင်ဖြစ်သူ မယ်ဖုံး ကဲ့ သို့ ပင် တစ်ကိုယ်လုံး အမွှေးအမျှင်များ ဖုံးလွှမ်းနေသည်ဟု မှတ်တမ်းများအရ သိရသည်။

3 comments:

  1. U Shwe Maung is so surpisable Myanmar Man.
    :)
    Like as မင်းလောင်းမောင်သန်.၊ဦးအောင်ဇေယျ။

    ReplyDelete
  2. လူတိုင်းအဲ့ဒီအလှပိုင်ဆိုင်နိုင်ရင်ကောင်းမှာပဲ။

    ReplyDelete
  3. အဲဒီအကြောင်းက ကိုညီလင်းဆက် ဘလော့မှာ ပြည့်ပြည့်စုံစုံရေးထားတယ် ... http://blog.nyilynnseck.com/2010/04/blog-post_1409.html မှာဖတ်လို့ရပါတယ် ... :)

    ReplyDelete