Thursday, November 11, 2010

ဟစ်တလာရှေ့ မှာ မြန်မာ့ အစွမ်းကို ပြ

ဟစ်တလာရှေ့ မှာ မြန်မာ့ အစွမ်းကို ပြခဲ့ တာ ဘယ်သူလဲ?

အရင်တုန်းကပေါ့ဂျာ။ မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းထားတုန်းကပေါ့ဗျာ။ အင်္ဂလိပ်တွေက မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံထဲ သွတ်သွင်းထားတဲ့  အချိန်ကာလဆိုတော့ …
အိန္ဒိယနိုင်ငံ လို့ ဆိုလိုက်ရင် …မြန်မာနိုင်ငံက ပြည်နယ်တစ်ခု အဖြစ် အချောင်ပါသွားရော။

အဲဒီအချိန်ကာလတုန်းက မြန်မာနိုင်ငံက  ဦးရှိန်ခေါင်းဆောင်တဲ့  ဇော်ဝိတ်ကြီးတို့ အဖွဲ့  ဂျာမနီအိုလံပစ်သို့  သွားရောက်ယှဉ်ပြိုင်ရသတဲ့ ဗျ။ အိန္ဒိယအားကစားအဖွဲ့ မှာ အဖွဲ့ ဝင် (၂၁) ဦးပါဝင်တယ်။ မဟာရာဂျာပါတီမှ ယာလာဆိုသူ ခေါင်းဆောင်သည်။ အိန္ဒိယအားကစားအဖွဲ့ ဝင်အဖြစ် လိုက်ပါသွားရသော ဇော်ဝိတ်သည်  ၁၉၃၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ တွင် ကွန်တီဗာရီ သင်္ဘောဖြင့် အီတလီပြည်နယ်၊ ဗင်းနစ်။

ထိုမှတစ်ဆင့် မီးရထားဖြင့် ဂျာမနီနိုင်ငံ မြူးနစ်သို့ သွားရသည်။ မြူးနစ်မှတစ်ဆင့် အိုလံဗစ်ပွဲတော် ကျင်းပရာ
ဘာလင်မြို့ သို့  ခရီးဆက်ခဲ့ သည်။ အိုလံဗစ်ဖွင့်ပွဲနေ့ တွင် ပါဝင်ယှဉ်ပြိုင်သူ နိုင်ငံအသီးသီးမှ အားကစားသမားများသည် မိမိနိုင်ငံအမျိုးသားဝတ်စုံဖြင့် ချီတတ်ရသည်။ ဦးရှိန်နှင့် ဇော်ဝိတ်တို့ သည် အိန္ဒိယ ကိုယ်စားပြု အသင်းဝင်များအဖြစ် လိုက်ပါရသောကြောင့်

စိတ်မပါသော်လည်း ပန်ခါပီခေါင်းပေါင်း ပေါင်းရသည်။ ဝေ့ စ်ကုတ်များ ၀တ်ဆင်ခဲ့ ရသည်း။ ပန်ချာပီခေါင်းပေါင်း ပါသော

အိန္ဒိယ၀တ်စုံကို မ၀တ်လျှင် ပြိုင်ပွဲဝင်ခွင့်မပြု ဟူသော ဥပဒေကြောင့် အားမတန် မာန်လျှော့ ခဲ့ ရသည်။

သြဂတ်လ ၁၂ရက်နေ့  နူချင်လင်းဟော အားကစားရုံကြီးထဲတွင် နိုင်ငံပေါင်း ၁၁နိုင်ငံမှ အလေးမသမား ၁၄ ဦးဖြင့် မစ်ဒယ်ဝိတ်တန်း

အလေးမပြိုင်ပွဲကျင်းပသည်။ ဇော်ဝိတ် ၀င်ရောက် ယှဉ်ပြိုင်သည်။ ထိုနေ့ တွင် ဂျာမနီအာဏာရှင် ဟစ်တလာ ကိုယ်တိုင်လည်း လာရောက်ကြည့် ရှု့ အားပေးသည်။ နည်းပြဆရာအဖြစ်လိုက်ပါသွားသူ ကာယဗလဖခင်ကြီး ဦးရှိန်က စာတစ်စောင်တွင်….

“ဟစ်တလာသည် ဇော်ဝိတ်မသော နေ့ တစ်နေ့ တည်း လာကြည့် သည်။ မြန်မာလူမျိုးတစ်ယောက် ဟစ်တလာရှေ့ မှာ မတုန်းတွေးကြည့် ပေတော့ ။….အဲသည့် အခါ ကျွန်န်ုပ် ဟစ်တလာကို မှန်ပြောင်းဖြင့်ကြည့် နေသည်။ ၀မ်းသာလွန်းလို့ 
လက်ခုပ်တီးသည်မှာ ကျွန်ပ်တို့ ဒုက္ခကို ကျေနပ်တော့ ၏…” ဟု ရေးခဲ ပေသည်။

မှတ်ချက်။ ။ အထက်ပါအကြောင်းအရာများကို ကျွန်တော်လေ့ လာ ဖတ်ရှု့ နေသော စာအုပ်များမှ တစ်ဆင့်ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။ နောင်လည်း တင်ရန်ရှိပါသည်ခင်ဗျား။

လေးစားစွာဖြင့်

ငဇူး

1 comment:

  1. I think that this post is from the book of"မြန်မာ.လူစွမ်းကောင်းများ"
    :D

    ReplyDelete