Wednesday, November 10, 2010
Spartacus
Spartacus: Blood and Sand
ဒီအပတ်အတွတ်ပေါ့ဂျာ။ အနော်တော့ ကြည့် ပြီးပြီး...မိုက်တယ်ဗျ..သိလား?။ ရောမခေတ်က သူရဲကောင်းတွေဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ တွေ့ နိုင်တယ်။
ဒီထဲမှာ စပါတာကပ်ဒ် ဖြစ်လာမဲ့ သရေရှန်လူမျိုးတစ်ယောက်က သူဘ၀မှာ တွေ့ ကြုံခဲ့ ရတဲ့ ...လောကဓံတွေကို ဘယ်လိုကြံကြံခိုင် ရင်ဆိုင်ခဲ့ သလဲ ဆိုတာတွေကို
တွေ့ မြင်ရမှာ။
သူ စစ်တိုက်ထွက်မဲ့ အချိန်မှာ သူတို့ ရွာတွေကို ကာကွယ်ဖို့ ဆိုပြီး လိမ်ညာခဲ့ တာတွေ။
ယောင်္ကျားတစ်ယောက် ကြည့် သင့်တဲ့ ကားတစ်ခုပါ။ :D
ဒေါင်းလုပ်လင့်တော့ မပေးတော့ ဘူးဗျို့ ...ကြည့် ချင်ရင် ၀ယ်ကြည့်  :D ။
အယ်! ၀ယ်ရင် သတိတော့ ထားဗျာ။ ဒီလိုလေးရှိလို့ ။
၁. အပိုင်း (၁) ကနေ (၁၂) ထိကို တစ်ခွေတည်း ရောင်းတာရှိသလို။
၂. အပိုင်းတွေ အကုန်လုံးကို (ပထမပိုင်း) နဲ့  (ဒုတိယပိုင်း) ဆိုပီး ခွဲရောင်းတာလည်းရှိတယ်။
ကျွန်တော်ကတော့  ၂ ကို ပဲ ရွေးဝယ်ပီးကြည့် တာ :D ဂွတ်တယ်ဂျာ။ တန်တယ်။
ငွေသား ၆၀၀ ပေးပြီး တန်တာဆိုလို့  ဒီတစ်ကားပဲ ရှိသေးတယ်။
ကဲ!  မိတ်ဆွေ တို့ လည်း စိတ်ဝင်စားမယ်ဆို :D ....
6 comments:
  1. ရ၀ူးဟာ .. ဒေါင်းလုပ်လင့်ခ် တင် :D
    ReplyDelete
  2. ကောင်းတယ်ဗျ..အမှန်အကန်ကောင်းတာ။။ကျွန်တော် ကြည့်ဖူးသမျှထဲက ရောမကားတွေထဲမှာတော့ အကောင်းဆုံး ဇာတ်လမ်းတွဲလို့ ပြောရမယ်။။။ကျွန်တော်ကတော့ DVD တစ်ချပ်တွဲဖြစ်ပြီး အပိုင်းလေးပိုင်း ခွဲထားပါတယ်။။။နောက်ဆုံး ပြီးသွားတဲ့ အခန်းက စပါတာကပ်ဟာ သူ့သခင်နဲ့ အပေါင်းပါးတွေအကန်ုလုံးကို သူရဲ့ သွေးသောက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းပြီး အိမ်တော် တစ်ခုလုံးကို သတ်လိုက်ပြီး ရောမမြို့ကို သွားမယ် ဆိုတဲ့ နေရာလေးမှာ ပြီးသွားပါတယ်။။။။ကျွန်တော်ကတော့ မပြီးသေးဘူးလို့ ထင်တယ်။။။
    ကောင်းတာ မှန်ပေမယ်လည်း မကောင်းတာကတော့ family type ကြည့်မရနိုင်တာပါပဲ။။။ဇာတ်လမ်းတွဲ တစ်ခု လုံးမှာ သွေးဆာနေတဲ့ ဇာတ်ကောင် အများအပြားကို အသုံးပြုထားသလို Sex တွေကလည်း ဘယ်လိုမှ မြင်မကောင်းအောင်ထည့်သွင်းထားပါတယ်။။။ဒါပေမယ့်လို ဒါဟာ အဲဒီအချိန်အခါ့မှာ တကယ် ဖြစ်ပျက်နေတဲ့ ပုံစံကို ၀င်အောင် ထိန်းနိုင်တဲ့ အချက်တစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။။။
    ReplyDelete
  3. အဲဒါတော့ ဟုတ်ပါတယ်။ ကျွန်တော်ထင်တယ်ဗျ။ အာရှာ ကို သတ်ဖို့ လိုက်ရှာတယ်လေ။ အာရှာမသေသေးဘူးဗျာ။ နောက်တစ်ချက်က စပါတာကပ်ရဲ့ ဇာတ်သိမ်း အပြင် ဟိုစစ်ဗိုလ်ရဲ့ ကောင်မလေး ယုတ်မာတာတွေ ဇာတ်သိမ်းဖို့ ကျန်သေးတယ် ထင်တယ်။ ဟီး :D
    ReplyDelete
  4. ဘာပဲလာလာ ကော်ပီလုပ်နေကျ မြန်မာတွေ ဒီကားကို ပြန်ရိုက်ပါလား ဟင် ဘယ်လိုများနေမလဲ သိချင်လို့ ဟဟဟ
    ReplyDelete
  5. လဒ နင် မယုတ်မာနဲ့ ယောက်ျားတိုင်းကြည့်သင့်တဲ့ကား တင်သလို မိန်းမတိုင်း ကြည့်သင့်တယ်ဆိုတဲ့ ကားမျိုးလဲ တင်အူး ဒါဗြဲ
    နင် ဘက်မလိုက်နဲ့အေ နာမယ် မှတ် ..............
    ReplyDelete
  6. တိန်! အဲဒါဆို မြန်မာ ပညာပေးကားတွေ ချိတယ်။ ၀ယ်ချိ :P
    ReplyDelete