Monday, January 14, 2013

BarCamp 2013 မကြာမှီ လာမည်






လေးကြိမ်မြောက် Barcamp Yangon  ပွဲတော်အား ဇန်န၀ါရီလ 19 ရက်နေ့ မှ 20 ရက်နေ့ အထိ လှိုင်မြို့ နယ်၊ MICT Park ထဲတွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော ထိုပွဲတော်တွင် ရန်ကုန် နည်းပညာနယ်ပယ်မှ လူငယ်များက မိမိတို့ ရှာဖွေတွေ့ ရှိထားသော နည်းပညာများကို ပြန်လည် မျှဝေလျက်ရှိကြသည်။ Network နှင့် ပတ်သတ်သော နည်းပညာများ၊ Web နှင့် ဆိုင်သော နည်းပညာများ၊ System ပိုင်းဆိုင်ရာ နည်းပညာများ နှင့် Mobile ဖုန်းဆိုင်ရာ နည်းပညာများ အပြင် အခြားသော IT နယ်ပယ်တွင် အသုံးပြုလျက်ရှိသော Software များ အကြောင်း စသည်ဖြင့် အမျိုးအစား စုံလင်စွာ ဟောပြောမည် ဖြစ်၍ လက်လွတ်မခံသင့်သော ပွဲတော် တစ်ခုလည်း ဖြစ်သည်။ Barcamp ပွဲတော်၏ ရည်ရွယ်ချက်မှာ နည်းပညာလိုက်စားနေကြသော လူငယ်၊ လူရွယ်များ အချင်းချင်း ရင်းနှီးစေ၍ မသိသေးသော နည်းပညာ အသစ်တို့ ကို သိရှိစေရန် ဖြစ်ပြီး ရရှိလာသော ဗဟုသုတများကို အသုံးချ၍ ယခုလက်ရှိ အသုံးပြုနေသော နည်းပညာတို့ ကို ပိုမို တိုးတတ်လာစေရန် ဖြစ်ကြောင်းလည်း သိရှိရသည်။

Barcamp Yangon 2013 ကို  ဇန်န၀ါရီလ 19 ရက်နေ့ မနက် ၈:oo တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး တတ်ရောက်လိုသောသူများသည် http://www.barcampyangon.org/2013/  Website တွင် Register ပြုလုပ်နိုင်ကြောင်း သိရှိရသည်။ Register ပြုလုပ်ပြီးနောက် မိမိ၏ မေလ်းထဲသို့ Ticket ကို ပြန်လည် ပေးပို့ ပေးမှာ ဖြစ်ပြီး ထို Ticket အား Print ထုတ်ကာ Barcamp ပွဲတော်သို့ ယူဆောင်သွားရမည် ဖြစ်ကြောင်းလည်း သတင်းရ၇ှိသည်။

ထို့ အပြင် တတိယအကြိမ်မြောက် Barcamp Mandalay ကိုလည်း ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက် မှ ၂၇ ရက်နေ့ အထိ ရွှေဖြူပလာဇာ(ဒုတိယထပ်)၊ ၃၂x၃၃ကြား၊ ၇၇x၇၈ကြား၊ မန္တလေးမြို့ တွင် ခမ်းနားသိုက်မြောက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ Barcamp Mandalay 2013 တွင် ယခင်နှစ်များနှင့် မတူသော Event များ ပါဝင်မည် ဖြစ်ကြောင်းကိုလည်း ယင်းတို့ ၏ Website ဖြစ်သော
http://www.barcampmandalay.org/ မှ သိရှိရသည်။ 


မြန်မာနိုင်ငံတွင် ပထမဦးဆုံး Team တစ်ခုဖြစ်သည့် Myanmar Cracking Team မှ ကိုသန်းဓနမှ BarCamp Yangon 2013တွင် ကမ္ဘာ့အကောင်းဆုံး Protector တစ်ခုဖြစ်တဲ့ Armadillo ဖြင့် Protected ပြုလုပ်ထားသော Games & Softwaresများကို Projector ဖြင့် လက်တွေ့ Crack လုပ်ပြ၍ Armadillo အကြောင်းကို အသေးစိတ် ဆွေးနွေးတင်ပြသွားမည်ဖြစ်ပြီး Barcamp Mandalay တွင်လည်း Armadillo အကြောင်းကို အသေးစိတ် ဆွေးနွေးတင်ပြ၍ Shockwave Games များရဲ့ Trial Reset Program အကြောင်း အသေးစိတ် ရှင်းလင်းပြသမည် ဖြစ်ပြီး အချိန်ရရှိပါက ကမ္ဘာတစ်ဝန်း အများဆုံးအသုံးပြုလျက်ရှိသော Downloader တစ်ခုဖြစ်တဲ့ Internet Download Manager ကို Projector ဖြင့် လက်တွေ့ Crack လုပ်ပြ၍ IDM အတွက် Patch file ဖန်တီးပုံကိုပါ ဆွေးနွေးတင်ပြသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

အိုင်ဒီယိုလိုဂျီ
.............................................................................

No comments:

Post a Comment