Tuesday, January 15, 2013

မျက်မမြင်များအတွက် မြင်နိုင်သော မျက်မှန်


လျှာကိုအသုံးပြုကာ မြင်နိုင် အောင် ပြုလုပ်ထားသည့် မျက်မမြင် များအတွက် ကိရိယာကို ပထမဆုံး အဖြစ် စမ်းသပ်မှုများပြုလုပ်နေရာ နာမည်ကြီး တရားခံ ရာအူးမုတ်အား ဖမ်းဆီးရာတွင် ပစ်ခတ်ခံရပြီး မျက်စိ များ ကွယ်သွားခဲ့သော ရဲအရာရှိ ဒေး ဗစ်ရပ်ဘန့် (၄၃ နှစ်)သည် ကိရိယာ စမ်းသပ်ရာ၌ ပါဝင်လာကြောင်း သိရ သည်။ ယင်းကိရိယာကို အမေရိကန် ပြည်ထောင်စုမှ BrainPort ကုမ္ပဏီ က တီထွင်ခဲ့ပြီး လျှာကိုအသုံးပြုခြင်း ဖြင့် အရာဝတ္ထုများကို ပုံဖော်ကြည့်နိုင် ကြောင်း သိရသည်။ မျက်မှန်တွင် တပ်ထားသော ဗီဒီယိုကင်မရာမှနေ၍ ပုံရိပ်များကိုပေးပို့ပြီး လျှာက အီလက်ထရုဒ် ရာပေါင်းများစွာ ပါဝင်သော ကိရိယာကို အာရုံခံ ကြည့်နိုင်ခြင်းဖြစ်သည်။ လျှာမှနေ၍ အာရုံခံသတင်းပို့ချက်များကို ဦးနှောက်သို့ပို့ကာ ယင်းခံစားမှုကို ဦးနှောက်၌ ပုံရိပ်များဖြင့် ပုံဖော်ကြည့်နိုင်ကြောင်း သိရသည်။

မှတ်ချက်။ ။ သုတ စွယ်စုံမှ ကူးယူ ဖော်ပြသည်။
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

No comments:

Post a Comment