Tuesday, January 15, 2013

မျက်မမြင်များအတွက် မြင်နိုင်သော မျက်မှန်


လျှာကိုအသုံးပြုကာ မြင်နိုင် အောင် ပြုလုပ်ထားသည့် မျက်မမြင် များအတွက် ကိရိယာကို ပထမဆုံး အဖြစ် စမ်းသပ်မှုများပြုလုပ်နေရာ နာမည်ကြီး တရားခံ ရာအူးမုတ်အား ဖမ်းဆီးရာတွင် ပစ်ခတ်ခံရပြီး မျက်စိ များ ကွယ်သွားခဲ့သော ရဲအရာရှိ ဒေး ဗစ်ရပ်ဘန့် (၄၃ နှစ်)သည် ကိရိယာ စမ်းသပ်ရာ၌ ပါဝင်လာကြောင်း သိရ သည်။ ယင်းကိရိယာကို အမေရိကန် ပြည်ထောင်စုမှ BrainPort ကုမ္ပဏီ က တီထွင်ခဲ့ပြီး လျှာကိုအသုံးပြုခြင်း ဖြင့် အရာဝတ္ထုများကို ပုံဖော်ကြည့်နိုင် ကြောင်း သိရသည်။ မျက်မှန်တွင် တပ်ထားသော ဗီဒီယိုကင်မရာမှနေ၍ ပုံရိပ်များကိုပေးပို့ပြီး လျှာက အီလက်ထရုဒ် ရာပေါင်းများစွာ ပါဝင်သော ကိရိယာကို အာရုံခံ ကြည့်နိုင်ခြင်းဖြစ်သည်။ လျှာမှနေ၍ အာရုံခံသတင်းပို့ချက်များကို ဦးနှောက်သို့ပို့ကာ ယင်းခံစားမှုကို ဦးနှောက်၌ ပုံရိပ်များဖြင့် ပုံဖော်ကြည့်နိုင်ကြောင်း သိရသည်။

မှတ်ချက်။ ။ သုတ စွယ်စုံမှ ကူးယူ ဖော်ပြသည်။
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

Monday, January 14, 2013

BarCamp 2013 မကြာမှီ လာမည်






လေးကြိမ်မြောက် Barcamp Yangon  ပွဲတော်အား ဇန်န၀ါရီလ 19 ရက်နေ့ မှ 20 ရက်နေ့ အထိ လှိုင်မြို့ နယ်၊ MICT Park ထဲတွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော ထိုပွဲတော်တွင် ရန်ကုန် နည်းပညာနယ်ပယ်မှ လူငယ်များက မိမိတို့ ရှာဖွေတွေ့ ရှိထားသော နည်းပညာများကို ပြန်လည် မျှဝေလျက်ရှိကြသည်။ Network နှင့် ပတ်သတ်သော နည်းပညာများ၊ Web နှင့် ဆိုင်သော နည်းပညာများ၊ System ပိုင်းဆိုင်ရာ နည်းပညာများ နှင့် Mobile ဖုန်းဆိုင်ရာ နည်းပညာများ အပြင် အခြားသော IT နယ်ပယ်တွင် အသုံးပြုလျက်ရှိသော Software များ အကြောင်း စသည်ဖြင့် အမျိုးအစား စုံလင်စွာ ဟောပြောမည် ဖြစ်၍ လက်လွတ်မခံသင့်သော ပွဲတော် တစ်ခုလည်း ဖြစ်သည်။ Barcamp ပွဲတော်၏ ရည်ရွယ်ချက်မှာ နည်းပညာလိုက်စားနေကြသော လူငယ်၊ လူရွယ်များ အချင်းချင်း ရင်းနှီးစေ၍ မသိသေးသော နည်းပညာ အသစ်တို့ ကို သိရှိစေရန် ဖြစ်ပြီး ရရှိလာသော ဗဟုသုတများကို အသုံးချ၍ ယခုလက်ရှိ အသုံးပြုနေသော နည်းပညာတို့ ကို ပိုမို တိုးတတ်လာစေရန် ဖြစ်ကြောင်းလည်း သိရှိရသည်။

Sunday, January 6, 2013

Screen Guard မပါဘဲ Smart ဖုန်းများ အသုံးပြုနိုင်ပြီ။


Smart Phone များတွင် Screen Guard မပါဘဲ အသုံးပြုနိုင်သော ဆေးရည် တစ်မျိုး ပြည်တွင်းသို့ ဝင်ရောက်

Smart Phone များတွင် Screen Guard ဖုံးအုပ်စရာမလိုဘဲ Screen ကို သုတ်လိမ်းယုံဖြင့် ပွန်းရာ၊ ပဲ့ များ မဖြစ်ပေါ်နိုင်သော liquid (အရည်)တစ်မျိုး ပြည်တွင်းသို့ ဝင်ရောက် လာကြောင်း သိရသည်။

Kristall ဟု ခေါ်သော ထို liquid အား Nano နည်းပညာဖြင့် ပြုလုပ်ထားပြီး  ဖုန်း၏ Screen ပေါ်တွင် အကြိမ်ကြိမ် သုတ်လိမ်းပေးခြင်းဖြင့် အသုံးပြုနိုင်ကြောင်း သိရသည်။ ဈေးနှုန်းမှာ ၆၀၀၀ ကျပ်ဖြစ်၍ အာမခံ တစ်နှစ် ပါသည်။

Website များကို Andriod Apk ဖိုင်များ အဖြစ် ပြောင်းလဲ


WebSite များကို Apk ဖိုင် အဖြစ် ပြောင်းလဲကာ Andriod OS သုံး Smart Phone များတွင် ဖတ်ရှု့ နိုင်

ယနေ့  ခေတ်တွင်  Mobile ဖုန်းများ နှင့် အင်တာနက် ချိတ်ဆက်မှုများ ပေါများလာသောကြောင့် Update ဖြစ်သော နောက်ဆုံးပေါ် သတင်းအချက်အလက်များအား အလျင်အမြန် လက်ခံရရှိရန် လိုအပ်လာလေပြီ ဖြစ်သည်။

ထို့ သို့ သတင်းအချက်အလက်များကို မိမိတို့ ကိုယ်ပိုင် Smart Phone များဖြင့် WebSite များကို ဖတ်ရှုရာတွင် Broswer App တို့ ကို အမျိုးမျိုး သုံးစွဲရာ Internet Connection နှေးကွေးခြင်း၊ အချို့ သော Web Page များမှာ မိမိ ဖုန်း Screen ထက်ကြီးနေသောကြောင့် ဖတ်ရှု့ ရာတွင် ဖုန်းများ ဟမ်းသွားခြင်း စသည့် ဖြင့် အဆင်မပြေမှုများ တွေ့ ရှိရကြောင်း သိရသည်။ ထို့ ကြောင့် Web page များကို ဖတ်ရှုရာတွင် အချိန်ကုန်မှုများ… အင်တာနက် နှေးကွေးမှုကြောင့် ကြန့် ကြာခြင်းများ မဖြစ်ရလေအောင် မိမိတို့ ကြိုက်နှစ်သက်သော Web Page များအား Android Apk ဖိုင် အဖြစ် ပြောင်းလဲကာ Android OS သုံး Smart phone များတွင် ထည့် သွားကာ အသုံးပြုနိုင်ကြောင်းလည်း သိရသည်။ 

Saturday, January 5, 2013

နယ်ကြမ်းမှာ ပွဲကြမ်းခြင်း

ဆယ်တန်းအောင်ပြီးခါစပေါ့ဂျာ။ရန်ကုန်မှာနေရတာက အလုပ်မရှိအကိုင်မရှိနဲ့  သိပ်မပျော်ဘူးဂျာ။
ပျင်းစရာကြီး။သူများတွေလို လျှောက်မလည်တတ်တော့ လည်း..ခက်တယ်။
မေမြို့ မှာတုန်းကဆို နေ့ တိုင်း အလုပ်ရှိတယ်။မိုးလင်းတာနဲ့  ခြံထဲသွားတာပဲ။အလုပ်သမားတွေ အလုပ်လုပ်တာ
လိုက်စစ်။အဲဒါတွေနဲ့ ပဲ တစ်နေကုန်ရော။ ညနေကျရင် ပိုက်ဆံရှင်းပေးပြီးတော့ ..အိမ်ပြန်ရေမိုးချိုး။
ဆိုင်ကယ်ယူ သူငယ်ချင်းတွေနဲ့ …လက်ဖက်ရည်ဆိုင်သွား။ ရှစ်နာရီလောက်ပြန်။
ရည်းစားရှိတုန်းကတော့ ပြန်ဝူး ဟီး :D ။ မရှိတော့ ပြန်တာပေါ့ဂျာ။ ပြီးရင် အိပ်။ ဒါပါပဲ။
ဒီလိုနဲ့ ပဲ နေ့ တွေ..နှစ်တွေ..ပြောင်းလာတာ။<!--more-->အခုလိုကြီး ချက်ခြင်း အလုပ်မရှိအကိုင်မရှိဖြစ်တော့ …မနေတတ်တော့ ဝူးဗျို့ အဟုတ်။
ဒါပေ့ မယ်…အခုတော့ …ဘာမှမလုပ်ချင်တော့ ပါဘူး ဟီး :D ။ လူ့ သဘောပြောပါတယ်။
မိဘအိမ်မှာ အဆီတစ်ထပ် အသားတစ်ထပ်နဲ့ ဇိမ်ကျသွားတော့ …ငပျင်းကို ဖြစ်ရော :P ။

နယ်ကြမ်းမှာ ပွဲကြမ်းခြင်း ၂

“ကျွန်တော်ဗျာ…ဘာဖြစ်သွားမှန်းမသိတော့ ဘူး…ခေါ်သံကြားလို့  ထွက်အကြည့် ဗျာ။
    တဲ ၀မှာလေ…မည်းမည်းကြီး” တဲ့ ခင်ဗျ။

ဖြစ်ပုံက…သူအသံကြားလို့ သွားအကြည့် မှာ…အဲဒီမည်းမည်းကြီးကို တဲဝမှာတွေ့ ပြီးကတည်းက ဘာမှမသိတော့ တာတဲ့ ။

နောက်တစ်ခုက သရဲပူးနေတုန်း…အနော်ကန်လိုက်တဲ့ …သုံးချက်လောက်က ဘာမှမဖြစ်ပေ့ မယ်။နောက်ဆုံးတစ်ချက်အကန်မှာ သရဲ မရှိတော့ ဘူးဂျ။အဲဒီတော့ …အနော် အားရပါးရ ကျုံးကန်ထည့် လိုက်တာ …သရဲ မဟုတ်ဘူး။လူဖြစ်နေတယ်လေ။ အဲဒီတော့ ဘယ်ခံနိုင်မတုန်း။ရောင်နေရော။

မနက်ကျတော့ …သူအဲဒီတစ်ခြမ်းရောင်ရောင်ကြီးနဲ့ …အလုပ်ဆင်းနေတယ်လေ။အဲဒါကျွန်တော်ခြံထဲအဆင်းတွေ့ တာ။

ပြီးတော့ …ကျွန်တော်ခေါင်းကလည်း ဖုနေတယ်။ဒီအတိုင်းအိပ်လိုက်တာကိုး။ အဲဒါနဲ့ …အဲဒီခြံစောင့်ကိုလည်း…

Thursday, January 3, 2013

လူမျောက် မောင်ရွှေမောင်

လူမျောက် မောင်ရွှေမောင်

ရတနာပူရ နန်းတည် ဘကြီးတော်လက်ထက် မြန်မာ သက္ကရာဇ် (၁၁၈၃) လူမျောက်မောင်ရွှေမောင် ရောက်ရှိလာသည်။ ဟံသာဝတီမြို့ ဝန်က လာရောက်ဆက်သခြင်းဖြစ်သည်။ နန်းစဉ်ပုရပိုက်ဖြူအဆိုအရ လာရောက်ဆက်သစဉ် လူမျောက်မောင်ရွှေမောင်သည် အသက်အလွန်ငယ်သေးသည်။ မျက်နှာတစ်ခုလုံးတွင် အမွှေးအမျှင်များဖုံးအုပ်နေသည်။ အမွှေးအမျှင်များသည် အညိုရောင်အဆင်းရှိသည်။
ပိုးသားကဲ့ သို့  နူးညံ့ သည်။ မျက်နှာပေါ်တွင် အရှည်တစ်မိုက်ခန့် ထိ ရှိသည်။

ထိုမင်း လက်ထက် ၁၁၈၈ခုနှစ်၊ သီတင်းကျွတ်လဆန်း(၉)ရက်နေ့ တွင် ဂျွန်ကရောဖို့ ဦးဆောင်သော အင်္ဂလိပ်သံအဖွဲ့ သည် အမရပူရမြို့ တော်သို့ ရောက်ရှိခဲ့ သည်။ ကပ္ပတိန်ယူးလ်၏ အစီအရင်ခံစာတွင် လူမျောက် မောင်ရွှေမောင်နှင့် တွေ့ ခဲ့ ရပုံကို စိတ်ဝင်စားဖွယ် ဖော်ပြထားသည်။